Wednesday, August 11, 2010

ခွင့်ပန်ခြင်း

ကျွန်မရဲ့ဘလော့လေးပေါ် ဘာပို့စ်မှ မတင်နိုင်ခဲ့တာ ကြာပါပြီ။ မအားလို့ပါ ဆိုတာအပြင် ဘာမှ ထပ်ပြီး ဆင်ခြေ ပေးဖို့ မရှိပါဘူး။ ဘာပို့စ် အသစ်မှ ထပ်မတင်နိုင်တာ လနဲ့ ချီနေပေမယ့် လာရောက် ဖတ်ရှု ချောင်း မြောင်း သူတွေ ရှိနေတာ တွေ့ရတော့ အားနာမိပါတယ်။ ဒါကြောင့် လောလောဆယ် ဘလော့ပေါ် စာမတင်နိုင်တဲ့ သူငယ်ချင်း စာရေးဆရာတွေရဲ့ ဆောင်းပါးနဲ့စာအသစ် လေးတွေကို တင်ပေးနေပါ့မယ်။ ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ်လို့ ထောပနာ ပြုချင်လဲ ပြုပေါ့နော်။ ခွန်မြလှိုင်က ကိုယ်တိုင်သာ စာရေး သိပ်မကောင်းတာ... စာရေးကောင်းတဲ့ သူငယ်ချင်း တွေတော့ အများကြီး ရှိပါတယ်။ :P


No comments: