Friday, April 23, 2010

မယုံနိုင်ခြင်းများ

မြန်မာပြည် သမိုင်းမှာ ဗုံးတွေ အများကြီး ပေါက်ဖူးတယ် အနှစ် ၂၀လုံးလုံးပဲ.. ဘယ်တုန်းကမှ သင်္ကြန်တွင်း မဖောက်ဖူးလို့ ဗုံးပေါက် တဲ့ သတင်းကို ချက်ချင်း မယုံနိုင်ခဲ့ဘူး။ ယုံနိုင်စရာလဲမရှိဘူး ပေါက်ကွဲမှုနဲ့ဗုံးက အကွာကြီးပါ။ သင်္ကြန်တွင်း တာဝန်ကျ ရဲတွေကိုမေးတော့ ဗုံးမှန်း မသေချာဘဲ ပေါက်ကွဲမှုလို့ပဲ ပြောနေချိန်မှာ သတင်းက ဗုံးလို့ခပ်တည်တည် တက်ချလာပြီ။ မေးထား တာက လမ်းဘေးဈေးသည်နဲ့ ရေကစားသူ။ အဲဒီလူတွေက ပေါက်ကွဲမှု ကျွမ်းကျင်သူတွေ မဟုတ်။ ခုလဲ နာမည်ကြီး ဘလော့ဂါ တွေ လုပ်ပြီး မြန်မာလို ရှင်းအောင် မေးထားတာကို သေချာ မဖတ်ဘဲ ခုလို လာတိုက်ခိုက် နေတာကိုလဲ မယုံနိုင်စရာပဲ... ပေါက်ကွဲမှုအတွက် သတင်းတင်ပေးလို့ကျေးဇူးတင်တာက သပ်သပ်။ မရှင်းမရှင်းဖြစ်နေတဲ့အချက်ကို ရှင်းအောင် ရှင်းပြဖို့တောင်းဆို တာကို ဘယ်လိုသဘောထားရှိလို့မရှင်းပြဘဲ လိုရာဆွဲ စွပ်စွဲသွားပါလိမ့်လို့အတွေးရှုပ်သွားတာက သပ်သပ်...

မြန်မာစာ ဖတ်တတ်သူတွေ သိမှာပါ... စိတ်ထဲမရှင်းလို့ပါ လို့အရင် ရေးပြီးမှ မသိတဲ့ မရှင်းတဲ့အချက်တွေကို မေးထားပါတယ် စိတ်သဘောထားမှန်နဲ့သေချာ ပြန်ဖတ်ရင် သိပါလိမ့်မယ်... ဘာကြောင့်များ လူတွေဟာ မရှင်းလို့မေးပါတယ် ဆိုတဲ့လူကို လိုရာဆွဲတွေး ထင်မြင်ချက်တွေနဲ့တိုက်ခိုက်ချင်ကြတာပါလိမ့်

ဒီနေရာ မှာ ဒီလို မေးခဲ့တယ်။ ဘာမှန်းမသိခင် လက်ညှိုးကြိုထိုးပြီး ဟိုဘက်ဒီဘက် အပြစ်ရှာဖို့ လောကြီး နေသူတွေရဲ့လက်ညှိုးတွေ ကိုယ့်ဆီ ပြန်ပုံထိုးပြီး စီဘောက်စ်မှာ လူကြီးလူကောင်း မပီသစွာ နောက်ကြောင်းမဖော်ဘဲ လာဆဲသွားကြ ရန်တွေ့သွားကြတယ်။ ကျွန်မ မြန်မာနိုင်ငံမှာ ရှိတုန်းက သင်္ကြန်မလည်တဲ့ နှစ် မရှိသလောက်ပါ မဏ္ဍပ်လဲ ထိုင်ပါတယ်။ သင်္ကြန်ကို အဲလောက်ချစ်သလို မြတ်နိုးတယ် တန်ဖိုးထားတယ် သင်္ကြန်ကို သရုပ်ဖျက် နေတဲ့လူတိုင်းကို မုန်းတယ်။ ကျွန်မ မြန်မာနိုင်ငံက ထွက်ခွာပြီးတဲ့နောက်ပိုင်း အခြေအနေတွေ မသိတဲ့ မရှင်းတဲ့အချက်တွေကို ရှင်းပြပေးသွားတဲ့ ကိုလောရှည်ကို ဒီကနေ ကျေးဇူးတင်လိုက်ပါတယ်။

မေးခဲ့တာ ဒီလိုပါ။

သိပ်မရှင်းတာလေး မေးချင်တာပါ။

မဏ္ဍပ်ဘေးနားက ဈေးသည်တွေနဲ့ ရေကစားသူတွေက ပေါက်ကွဲမှု ကျွမ်းကျင်သူ မဟုတ်ပါဘူး။ သူတို့ကို မေးပြီး ဗုံးကွဲတယ်လို့ ကောက်ချက်ချတာ မြန်မာ့ တပ်မတော်နဲ့ မှုခင်း ဌာနမှာ လက်နက် ကျွမ်းကျင်သူ မရှိလို့များလား။

နောက်ပြီး ပေါက်ကွဲမှု ဖြစ်ချိန်နဲ့ သတင်းတက်ချိန် က ဘာကြောင့် ဖြစ်တယ် ဆိုတဲ့ အကြောင်းရင်း သဲလွန်စကို ရှာချိန် မပါ လောက်အောင် မြန်နေ သလားလို့... ဒီနေရာ ဒီအချိန်မှာ ဗုံးဖောက် မယ်လို့ ကြိုသိထားလို့ ဖြစ်ဖြစ်ချင်း ချက်ချင်း သတင်း ထုတ်နိုင်သလိုမျိုး ဖြစ်နေတယ်နော်။

မဏ္ဍပ်အောက်မှာ မီးစက်တို့ လောင်စာဆီတို့ မထားမိဘူးလား အပူရှိန် တအားများလို့ heat တက်ပြီး ဖြစ်တာ မဖြစ်နိုင် ဘူးလား။ ဗုံးဆိုတာ သေချာလို့လား။ သင်္ကြန်ဆိုတာ အရှိန်အ၀ါ ကြီးလွန်းတော့ ဘယ်သူမှ ဗုံးမဖောက်လောက်ဘူး ထင်တယ် နော်... မဖြစ်စေချင်လို့ပါ။

2 comments:

Anonymous said...

အခုကြားတာ အဲဒီအချိန်မဏ္ဍပ်နားမှာရှိတဲ့ တချို့ကင်မရာကိုင်သူတွေကိုတောင် ဖမ်းထားတယ်ဆိုတော့ အဲဒီ နာမည်ကြီးဘလော့ကာကြီးကော ဘယ်နှယ့်နေတယ်မသိ မခွန်မြလှိုင်ရေ...

Unknown said...

ကင်မရာကိုင်တဲ့လူတိုင်းကိုဖမ်းနိုင်တာမှမဟုတ်တာပဲ။ ဥာဏ်နည်းစွာနဲ.ဝေဖန်တဲ့ ခွန်မြလှိုင်ကို တော့တော်တော် သြဘာပေးမိပါတယ်။