Tuesday, March 16, 2010

ဒီဘလော့လာ မိတ်သဟာ အမျှအမျှအမျှ ယူတော်မူကြပါ....

ထိပ်စီး ပြောင်းတဲ့ မွေးနေ့က စပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှာ နာဂစ် မုန်တိုင်းဒဏ်ခံ ကလေး (၂၀၈)ယောက် ကျောင်းစာ သင်နိုင်ဖို့ ဆရာ ဆရာမ ၂ယောက် အတွက် လစာ (တယောက်ကို ကျပ် သုံးသောင်းခွဲနဲ့ ၂ယောက်စာ ကျပ် ခုနှစ်သောင်း) ကို လစဉ် လှူခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက် အတွင်းမှာ အဲဒီကျောင်းက ဆရာဆရာမတွေ အားလုံးကို ရန်ကုန်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း တက်နိုင်ဖို့ စီစဉ် လှူဒါန်းခဲ့ပါတယ်။ သင်တန်းဆင်း ဆရာဆရာမတွေဟာ လာမယ့် ၀ါတွင်းကာလ ဥပုသ်နေ့တိုင်းမှာ ဒီကလေး ၂ရာကျော်ကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ပြန်လည်ပို့ချမှာ ဖြစ်ပါတယ်။ အမိမြေ က အနာဂတ်ရဲ့ ရင်သွေးငယ်တွေ ခုဘ၀မှာရော နောင်သံသရာမှာပါ ပညာနဲ့ ကုသိုလ် အထုံပါရမီ ပါစေဖို့ ကိုယ့်လူမျိုးတွေရဲ့ ရင်ထဲမှာ ဘာသာ၊ သာသနာ ထွန်းကားစေဖို့ ရည်ရွယ်ပါတယ်။ ခုလို အမျိုး၊ ဘာသာ၊ သာသနာ အတွက် လှူဒါန်းရတဲ့ ကုသိုလ်ရဲ့ အကျိုးကြောင့်

တပည့်တော်တို့သည် ပညာရှိ သူတော်ကောင်းတို့နှင့်သာ တွေ့ကြုံဆုံစည်း ပေါင်းသင်း ဆက်ဆံ ရပြီး ပညာရှိ သူတော်ကောင်း တို့ ဟောပြောသော စကားမှန် တရားမှန် တို့ကို နာခံမှတ်သားရသဖြင့် ပညာရှိသူတော်ကောင်းတို့ ကျင့်ကြံ နေထိုင် ကြသည့် အတိုင်း ကျင့်ကြံနေထိုင်ရသဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလိုကုန်၏။ နိဗ္ဗာန်ရောက် ကြောင်း ပညာပါရမီ အတွက် အထောက်အပံ့ ဖြစ်ပါစေသတည်း။

ကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘ၊ ဘိုးဘွား၊ ဆရာသမား တို့မှ စပြီး အလှူခံပုဂ္ဂိုလ်များ၊ အလှူဖြစ်မြောက်အောင် ပံ့ပိုး ဆောင်ရွက် ကြကုန်သော ပုဂ္ဂိုလ်များ၊ ဒီအလှူကို ကြားသိရပြီး သာဓု အနုမောဒနာ ခေါ်ဆိုကြသူများနှင့် အလုံးစုံသော သတ္တ၀ါ တို့ကို အမျှ ပေးဝေ ပါကုန်၏ အမျှရပြီး သန္တိသုခံ မြတ်နိဗ္ဗာန် သို့ ရောက်ရာရောက်ကြောင်း ပါရမီတွေ ရကြပါစေ...

အမျှ... အမျှ... အမျှ ယူတော်မူကြပါကုန်လော....

7 comments:

ဝေယံဘုန်း said...

သာဓု သာဓု သာဓုပါ အစ်မရေ

Anonymous said...

သာဓု သာဓု သာဓု ပါ အမ

Ko Peace said...

သာဓု သာဓု သာဓု

Flower said...

အစ်မရေ
ဝမ်းမြောက်ရွှင်လန်းစွာ သာဓုခေါ်သွားပါတယ်..
နောင်ကိုလဲ ဆက်လက်လှူဒါန်းနိုင်ပါစေနော်..

kiki said...

ပြုခဲ့တဲ့ ကုသိုလ် အစုစု တို့ အတွက်
ဝမ်းမြောက်စွာ နဲ့ 
သာဓု သာဓု သာဓု ခေါ်ပါတယ် အစ်မရေ..

ချမ်းမြေ့ ပါစေ..

Anonymous said...

သာဓု သာဓု သာဓု
ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ..

Anonymous said...

သာဓု သာဓု သာဓု