Sunday, March 7, 2010

မုန်တိုင်း လာမလာ ကြည့်ရအောင်

မုန်တိုင်း ဆိုရင် နာဂစ် မုန်တိုင်း ပြီးကတည်းက မြန်မာပြည်သူတွေ နားခါးတဲ့ စကား ဖြစ်ပါလိမ့်မယ်။ မုန်တိုင်းကို ကြောက်လို့ ချည့်လဲ နေလို့ မဖြစ်။ မကြောက် လို့လဲ မဖြစ်မို့ မလာခင် ကြိုတင် ပြင်ဆင် နိုင်ဖို့ မုန်တိုင်း သတင်း သတိပေးချက် တွေကို ဒီဆိုဒ် တွေက ဂြိုလ် တုတွေ ကနေ ပို့တဲ့ ပုံတွေကို တိုက်ရိုက် ကြည့်ပြီး သိနိုင်ပါတယ်။ မုန်တိုင်းချည့် မဟုတ်ဘဲ ရာသီ ဥတု အပူချိန် တွေကို ကြည့်ရှု နိုင်တာမို့ အခြေအနေ အရ ကိုယ်ဘယ်လို နေထိုင် သင့်တယ် ဆိုတာ ကိုပါ ချင့်ချိန် နိုင်ပါတယ်။ ဥပမာ ခုဆိုရင် ရန်ကုန်မြို့ ပေါ်မှာ ခရမ်းလွန် ရောင်ခြည် ကျရောက် နှုံးက အလွန်အမင်း ပြင်းထန် လို့ ပြဆို ထားတဲ့ အတွက် နေရောင်အောက် ထွက်မိရင် နေလောင်တာ၊ မျက်စိနာ မျက်လုံး ထိခိုက်တာ အရေပြား ကင်ဆာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မနက် ၁၀ နာရီ ကနေ ညနေ ၃နာရီကြား မလိုအပ်ဘဲ အပြင် ထွက်တာ၊ ကလေး သူငယ်များ အပြင်ထွက် ဆော့တာ တွေကို ရှောင်ကြဉ်ပြီး လူကြီးသူမ (သက်ကြီး ရွယ်အို) များ ကျန်းမာရေးကို အထူး သတိထား တာတွေ လုပ်သင့် ပါတယ်ရှင်။



သဘာဝဘေးဒဏ် ခါးစည်းမခံဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အတွက်ပါ။ "ကြိုတင် ပြင်ဆင် အောင်ပွဲဝင်" နိုင်ကြပါစေ။

မတူညီတဲ့ ဂြိုလ်တု ၃လုံး ကနေ ဖမ်းယူ လွှင့်ထုတ်တဲ့ ပုံရိပ်ပေါ် အခြေခံ ထားတဲ့ သတင်းတွေ ဖြစ်တာမို့ နှိုင်းယှဉ် ဖတ်ရှုရင်ဖြင့် ခိုင်လုံ တိကျ တယ်လို့  စိတ်ချ နိုင်ပါတယ်။ အောက်က ပုံများကိုနှိပ်ရင် သက်ဆိုင်ရာ website တွေမှာ လတ်တလော မိုးလေ၀သ သတင်း တွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ပါတယ်။
http://www.accuweather.com/world-index-forecast.asp?partner=accuweather&traveler=0&loccode=ASI|MM|BM014|YANGON|




http://www.intellicast.com/Local/Weather.aspx?location=BMXX0004




http://www.weather.com/maps/geography/asia/indiasatellite_large_animated.html



http://www.nea.gov.sg/cms/mss/aseangif/satanimate.html

1 comment:

ကိုခိုင် said...

ဗဟုသုတရစေပါတယ်ဗျာ။
ကျေးဇူးပါ။

ကိုခိုင်
http://kokhine.blogspot.com