Friday, January 22, 2010

ခွန်မြလှိုင်ရဲ့ ၂၀၀၉ ကို သုံးသပ်ခြင်း

ဘာရယ် မဟုတ်ဘူး။ ဘ၀ပြောင်းသွားတယ်။ (ကလေးအမေ ဖြစ်သွားတာ)

ဘာရယ် မဟုတ်ဘူး။ အဖိုးတန် ရတနာ တပါး ရလိုက်တယ်။ (သားသမီးဆိုတာ ရတနာ တဲ့)

ဘာရယ် မဟုတ်ဘူး။ လုပ်ချင်နေတဲ့ အလုပ်တခု လုပ်ခွင့် ရလိုက်တယ်။ (ဒီအလုပ်အတွက် အသက်တရှူတိုင်း တိုင်းပြည်နဲ့ လူမျိုး အတွက် အကျိုးရှိတယ်လို့ ခံစားရတယ်)

ဘာရယ် မဟုတ်ဘူး။ အလုပ်ပြောင်းလိုက်တယ်။ (ဘုရင်မ သရဖူက စိန်ထက် ရေနံတွင်းတူးတဲ့ လွန်ထိပ်က စိန် ပိုဖြစ်ချင်တယ်)

ဘာရယ် မဟုတ်ဘူး။ လစဉ် ကလေး အယောက် ၂၀၀ ကျော်ရဲ့ ရှေ့ရေး အတွက် အမြဲ စဉ်းစားနေမိတယ်။ (၀မ်းမနာ သားသမီးလေးတွေ)

ဘာရယ် မဟုတ်ဘူး။ တသက်နဲ့ တကိုယ် မထားဖူးတဲ့ ဥပေက္ခာမျိုးနဲ့ နေတတ် ထိုင်တတ် ဖြစ်လာတယ်။ (ဘုရားသော်မှ မနေရ မင်းက ဘာမို့လဲ တဲ့)

ဘာရယ် မဟုတ်ဘူး။ ခုမှ တကယ် အိမ်ထောင် ကျတော့တယ်။ (ကလေး သံယောဇဉ်နဲ့ အိမ်ကပ်လာပြီ အရင်က ၂ယောက်သား ကျောပိုးအိတ် တလုံးစီနဲ့ ကားပေါ်ချည့်ပဲ)

ဘာရယ် မဟုတ်ဘူး။ အရင်က လုပ်ဖော်ကိုင်ဘက် ခင်ရာဆွေမျိုးတွေရဲ့ မြို့ကလေးကို လွမ်းလိုက်တာ။ (မရောက်တာ တနှစ်ခွဲ ရှိပြီ)

ဘာရယ် မဟုတ်ဘူး။ ဒီလိုပဲ အမှတ်တရ စာရင်း လုပ်ထားလိုက်တာပါ။

ဒါနဲ့... ဘာရယ် မဟုတ်ဘူး။ ဘလော့ စဖွင့်တည်းက တပ်ထားတဲ့ StatCounter မှာ hit တသိန်းကျော်နေပြီ။ စာတမျက်နှာမှာ နာရီဝက်ကြာ နေမှ hit တက်အောင် လုပ်ထားတာပါ။ ကိုယ့်စာတွေ ဘယ်သူ့ နှလုံးသားကိုများ hit ဖြစ်သွားသေးလဲ မသိဘူး။ စေတနာ သန့်သန့်နဲ့တော့ ဖန်တီးပါတယ်လေ။ အယူအဆ ကတော့ စာဖတ်သူရဲ့ ရွေးချယ်မှုပေါ် မူတည်တယ်တဲ့။

နှလုံး စိတ်ဝမ်း ငြိမ်းချမ်း ကြပါစေ။

1 comment:

နွေဆူးလင်္ကာ said...

ဘာရယ်မဟုတ်ဘူး၊ မန့်ခဲ့တယ် :-) သမီးလေး ကြီးရင် ဖတ်ဖို့ ဆိုလို့ ဆရာတာရာမင်းဝေရဲ့ ခေတ်နေအတွက် စာတစ်ရွက် ကို သတိရတယ်။