Monday, January 18, 2010

ပေါက်ခွဲခြင်း

စောစောကပဲ သြစတြေးလျကို သွားတုန်းက အမှတ်တရ ရခဲ့တဲ့ ဖန်ခွက်လေးကို အိမ်ရှေ့ လမ်းပေါ် အားရပါးရ ပေါက်ခွဲလိုက်တယ်

ဝရံတာပေါ်ကနေ အားကုန် လွှဲပြီး ပေါက်ခွဲလိုက်တာမို့ ခွမ်းကနဲ အသံနဲ့ အတူ တစစီ မွစာကြဲ လွင့်ထွက် သွားတာကို လမ်းမီးရောင်ကြောင့် သေချာ မြင်လိုက်ရရဲ့။

ခရစ်စတယ်နဲ့ လုပ်ထားတဲ့ အီတလီနိုင်ငံလုပ် ဖန်ခွက်လဲ ကိုင်ပေါက်ရင်တော့ ကွဲတာပါပဲ။

တခါတခါ ကိုယ်သိပ်မြတ်နိုးရတဲ့ တယုတယ သိမ်းထားရတဲ့ အရာတွေကို အဲလို အားရပါးရ ပေါက်ခွဲ လိုက်ရ တာ အရသာ တမျိုးတော့ ရှိသား။ စိတ်ထဲမှာ တော်တော့်ကို လွတ်လပ် ပေါ့ထွက် သွားတယ်။

ဘယ်နေ့ နောက်ထပ် တစုံတခုကို ခုလို ထပ်ပြီး ပေါက်ခွဲ မိဦးမလဲ မသိဘူး။

အဲဒီ တစုံတခုဟာ ဘာဖြစ်လာမလဲ ဆိုတာလဲ မသိသေးဘူး။

5 comments:

Anonymous said...

hi,

this is the one way of reducing anger.Then, u may feel a little bit better than before.

sometime we need to do like this.
But, we have to care, after finish of anger, we may feel sad for losing our lovely things.

I think the better way to reduce anger is grasping the paper and destroy the paper ,before destroying the paper, we wrote very hard by using pencil or pen .
it can reduce anger. :D

Be thinking wisely.
U should do whatever u said ur decision.
Don't extending time .it can lose ur peaceful life.

urs,
MN

ချစ်ကြည်အေး said...

ဂုံး ခလွမ်း...အောင်မယ်လေး..ညီမခွန်ခွန် ခုပဲရောက်တာ ဖောက်ခွဲ ဖျက်စီးရေးသမားနဲ့ လာတွေ့နေပါ့လား...စိတ်လျှော့ စိတ်လျှော့...ဟိုမယ် သက်ဝေလဲ ဆူနေလေရဲ့...:)))

သက်ဝေ said...

ညီမလေး...
အဲဒီ ပေါက်ခွဲရတဲ့ အရသာကို အမ သိပါတယ်...
ဒါပေမယ့် နောက်ကို အဲလို မလုပ်နဲ့တော့နော်...
သမီးလေး လန့်သွားအုံးမယ်လေ...း))
စိတ်မတိုနဲ့တော့နော်... လိမ်မာတယ်ဟုတ်...

(လာတုန်းကတော့ ပိုစ့်ဖတ်ပြီး မကျေနပ်တာတွေရှိရင် ချသာချလို့ မြှောက်ပေးမလို့ လာတာ...
ဒါပေမယ့် တွေးရင်းနဲ့ ကိုယ်က လူကြီးပဲလေ... အဲလို မပြောသင့်ဘူး ထင်လို့...)

ခွန်မြလှိုင် said...

အမ မြတ်နိုး အမချစ်ကြည်နဲ့ အမသက်ဝေတို့ရေ

ဟုတ်ကဲ့ မမ :P

ဟုတ်တယ်အမတို့ရေ တခါတလေ အနတ္တကို မေ့ပြီး ငါက ဒီလောက် တန်ဖိုးထား လျက်သားနဲ့ ဖြစ်လေခြင်း ဆိုပြီး ခံစားရတာတွေ များများ သွားလို့ အမတို့ရေ.. ဒါကြောင့် ခံစားရသက်သာအောင် စိတ်ခံစားမှု တန်ဖိုးတွေ လျှော့ချပစ်ဖို့ တချို့ဟာတွေကို တဆင့်ချင်း လျှော့ပစ်နေတာ... ဟိဟိ အမ ချစ်ကြည်အေး ပြောတဲ့ စိတ်လျှော့နည်းနဲ့တော့ မတူဘူး ထင်တယ်နော်။ ညီမရဲ့ စိတ်လျှော့နည်းက တမျိုး။

လင်းလက်ကြယ်စင် said...

နှမြောစရာကြီး မမရယ် .. စိတ်ထဲမှာ တင်းနေတာတွေ လျော့သွားတာတော့ ကောင်းပါတယ် .. ညီမက ပစ္စည်းတွေနဲ့ပတ်သတ် ကပ်စေးနဲလို့လား နှမြောတတ်လို့လားတော့မသိဘူး .. ဘာပစ္စည်းကိုမှ မပေါက်ခွဲဖူးဘူး ဟိး .. တခုခုတအားလုပ်ချင်လာရင် လွှင့်ပစ်ဖို့စုထားတဲ့ သတင်းစာရွက်တွေကိုပဲ ဆွဲစုတ်ပြီး အားရမှ အမှိုက်ပုံးထဲ သွားထည့်လိုက်တယ် :D