Saturday, January 16, 2010

Good Night သူငယ်ချင်း

သူငယ်ချင်းရေ
ငါ မနေ့ညက ရုပ်သေးပွဲ သွားကြည့်တယ်ဟ။ အဲ့ ရုပ်သေးပွဲမှာ ကဗျာဆရာ ကိုငြိဏ်းဝေက ဇာတ်ကြောင်း ပြောတယ်။
ညဟာ အမှောင် မဟုတ်ဘူး
အမှောင်ဟာ ည မဟုတ်ဘူး
ညဟာ အိပ်စက်ဖို့ မဟုတ်ဘူး
ညဟာ အိပ်မက် ဖို့ ဖြစ်တယ် တဲ့။

ငါ ဒီစာသားကို သိပ်ကြိုက်သွားတယ်။ ဟုတ်တယ်။ ညဆိုတာ ငါတို့ နေ့ခင်းမှာ အလုပ်ကောင်းကောင်း မှန်မှန် ကန်ကန် လုပ် နိုင်ဖို့ ငါတို့ ပြန်အားဖြည့်ရာ အချိန်ဖြစ်တယ်။ ဒါကြောင့် ညဟာ အမှောင် မဟုတ်ဘူး။ ငါတို့ အတွက် နေ့ခင်း တွေချည့် လိုတာ မဟုတ်ဘူးလေ။ ညလဲ လိုအပ်ပါတယ်။ ဒါပေမယ့် ညကို မှန်မှန် ကန်ကန် အသုံးချတတ်ဖို့လဲ လိုအပ်တာပေါ့။

ညဟာ အိပ်မက်ဖို့တဲ့။ ငါတို့ လိုချင်တဲ့ အနာဂတ်တွေကို ငါတို့ စွဲစွဲလမ်းလမ်း အိပ်မက်ကြတယ်။ နေ့ခင်း ကြောင်တောင်မှာ လူသူ အများကြား ငါတို့ အိပ်မက်တွေ မှန်မှန်ကန်ကန်နဲ့ စိတ်ဖြောင့်ဖြောင့် အိပ်မက် နိုင်မှာ မှ မဟုတ်တာလေ။ ညဘက် လူခြေ တိတ်ဆိတ်တုန်းလေး အိပ်မက် မက်ရမှာ မို့လား။ ဒါပေမယ့် အိပ်မက် ဖို့ အတွက် ငါတို့ အိပ်စက်ဖို့ လိုတယ်။ အိပ်စက်ခြင်းဟာ အိပ်မက်ဖို့ရော ငါတို့ နေ့ခင်းမှာ အင်ပြည့် အားပြည့် မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့ အတွက်ရော သိပ် အရေးကြီးတယ်။ ဒီလို အိပ်စက်နိုင်ဖို့ ညတွေကို အသုံးချ ရမယ်။ ဒါကြောင့် ဒီညက စပြီး ငါ ညတွေကို မှန်မှန်ကန်ကန် အသုံးချတော့မယ် သူငယ်ချင်း။

ကောင်းသောညပါ သူငယ်ချင်း
ကောင်းကောင်း အိပ်စက် နိုင်ပါစေ။

မင်းရဲ့ သူငယ်ချင်း
ခွန်မြလှိုင်

2 comments:

Anonymous said...

ကောင်းကောင်းအိပ်စက်နိုင်မှ အားပြည့်မှာ.
ကောင်းကောင်းအိပ်နေသမျှ ဘယ်အိပ်မက်မှမမက်တာတော့အသေအချာပဲ

အိပ်မက်မက်ဖို့ အိပ်တာမဟုတ်ပါ။
အင်အားပြည့်ဖို့အိပ်ရမှာ

နေ့ဟာလိုအပ်သလို ညဟာလဲလိုပါတယ်။
ညဟာ အိပ်စက်ဖို့အတွက်ဖြစ်ပါတယ်
အိပ်စက်တာဟာအားအင်တိုးဖို့ဖြစ်ပါတယ်
အားအင်တိုးမှသာ နေ့အချိန်မှာအလုပ်လုပ်နိုင်ဖို့ဖြစ်ပါတယ်။

မြတ်နိုး

နွေဆူးလင်္ကာ said...

ဟုတ်ပ ညတိုင်း မမှောင်သလို မှောင်တိုင်းလည်း ညမဟုတ်ဘူး။