Saturday, January 9, 2010

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။


၂၀၀၉ ကုန်လို့ အဖြစ်မျိုး စုံမယ် ၂၀၁၀ ကို ရောက်လာပါပြီ။ ဒီဘလော့ဂ် ကို လာလည်သူများ အားလုံးကို သမီးက မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။ မေမေ အလုပ်များနေလို့ ဘလော့ဂ်လေး အရှိန်နှေးနေတာ ခွင့်လွှတ်နားလည်ပေးကြပါနော်။

စာကြွင်း။ ။ ခုလဲ အပြင် ပြန်မထွက်ခင် နှုတ်ဆက်လိုက်ရတာပါ။ သမီး ၀တ်ထားတာ အန်တီ တန်ခူးရဲ့ လက်ဆောင် ဂါဝန်လေ။ နှစ်သစ်ကူး အကြိုညကမှ လူကြုံ လေးတန်နဲ့ ရောက်လာတာပေါ့။ သမီးဘေးက အိတ်က အန်တီ ခင်မင်းဇော်ရဲ့ နော်ဝေပြန် လက်ဆောင်။ ဘုရားစင်ပေါ်က ကမာကူရ ရုပ်ပွားတော်က အန်တီ မိုမိဂျိ ဂျပန်က လှမ်းပို့ ပေးတာ။ (နောက်နှစ်ကျရင် ဂျပန်ကို အလည်ခေါ်တဲ့ စပွန်ဆာနဲ့ လေယာဉ်လက်မှတ် ပို့ပေးပါစေ :D ) သူများ ပစည်းနဲ့ချည့် ကြီးပွားနေတာပါ။ ကြွားတယ် မထင်နဲ့နော်.. နော် :P

4 comments:

နိုင်းနိုင်းစနေ said...

သမီးလေးက အဲလောက်ထိကြီးသွားပြီလား
သွားတွေတောင် ပေါက်နေပြီ..
အချိန်တွေက မြန်လိုက်တာ
သူများတွေ ကိုယ့်ကိုယ်အန်တီလို့ ခေါ်တာကို
ကျင့်သားမရသေးဘူး.. အီးး(

သမီးလေးက လှိုင်လှိုင်နဲ့ တူတယ်လား..

rose of sharon said...

သမီးလေးက မျက်နှာချိုလိုက်တာ

သက်ဝေ said...

သမီးလေး တော်တော်တောင် ကြီးလာပြီကိုး...
သွားလေး နှစ်ချောင်းတွေ့နေရတာ ချစ်စရာ...
ကလေးတွေက ၆ လ ကနေ ၁၈ လအတွင်းက အပြစ်အကင်းဆုံးနဲ့ ချစ်စရာ အကောင်းဆုံး လို့ ထင်မိတယ်...
သာယာ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါ လှိုင်ရေ...
အရောက်နောက်ကျတာ ဆောရီးပါနော်...

တန်ခူး said...

မီးမီးလေးရေ… အန်တီက မီးမီးလေးနဲ့ တော်ပါ့မလားလို့ စိတ်ပူနေတာ… ခုတော့ နဂိုကတည်းက ချစ်စရာကောင်းတဲ့ မီးမီးလေးက ဂါဝန်လေးနဲ့ လိုက်မှလိုက်နော်… ခုလေးတင် ကိုကိုကြီးကို မီးမီးပုံလေးပြနေတာ… ချစ်တဲ့ဖေဖေ၊မေမေနဲ့ အတူ မီးမီးလေးတို့ မိသားစုအတွက် ကျန်းမာပျော်ရွှင်တဲ့နှစ်သစ်လေးဖြစ်ပါစေလို့ ….