Thursday, September 3, 2009

ထုလေ မာလေ တို့ဗမာတွေ

ဒီမနက်ပဲ ဘလော့တက်ကြည့်မိတော့ စီဘောက်စ်မှာ အကိုနဲ့ အမက နှုတ်ဆက် ထားတာကို နွေးနွေး ထွေးထွေး ဖတ်လိုက်ရတယ် မေးလ်စစ်မိတော့ မျက်ရည်တောက်တောက် ကျရပါတယ်။

အခြေခံ ပညာ အထက်တန်းမှာ သင်ခဲ့ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ ကဗျာလေး "စစ်မှာ တမူ" ထဲမှာ မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား” လို့ သင်ကြားခဲ့ရတယ်။ ကျွန်မတို့ မြန်မာတွေဟာ ခုတော့ အိမ်နီးချင်း နိုင်ငံတွေမှာ အလုပ် လုပ်ရင်း မြန်မာ့ ရင်သွေးငယ်တွေဟာ နိုင်ငံမဲ့ ကလေးတွေ ဖြစ်ကုန် ကြပါရော။

မောင်သောင်းဒီရဲ့ မိဘ ၂ပါးလုံးဟာ ရှမ်းပြည်နယ် ကနေ ထိုင်းနိုင်ငံထဲ လာအလုပ်လုပ်ကြတဲ့ သူတွေပါ။ ဒါပေမယ့် မိဘတွေမှာတောင် ဘာအသိ အမှတ် ပြု လက်မှတ်မှ မရှိ၊ ကျေးလက်တောရွာက မြန်မာ အများစုလို နိုင်ငံသား မှတ်ပုံတင် တောင် မရှိခဲ့ပါဘူး နိုင်ငံမဲ့ မြန်မာ ကလေးငယ်လေးဟာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ အတွက် ဂျပန် နိုင်ငံရဲ့ နိုင်ငံတကာ စက္ကူ လေယာဉ် အရုပ်ခေါက် ပြိုင်ပွဲက ဖိတ်ကြား ခံခဲ့ရပါတယ်။ ကလေး ငယ်တွေ တီထွင်ထားတဲ့ စက္ကူ လေယာဉ်ပျံဟာ လေထဲမှာ အနည်းဆုံး ၁၈ စက္ကန့် ၀ဲပျံ နေနိုင်မှ ဂျပန်နိုင်ငံက ပြိုင်ပွဲကို ၀င်ပြိုင်ဖို့  ရွေးချယ် ခံရတာပါ။ သူဟာ မနှစ်က ထိုင်းနိုင်ငံရဲ့ စက္ကူ လေယာဉ်ပျံ ပြိုင်ပွဲ ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ သူဟာ စနစ်တကျ ပြုစု ပျိုးထောင် ခံရရင် အနာဂတ်ရဲ့ လေယာဉ် ဒီဇိုင်း ပညာရှင် ဖြစ်လာနိုင်မလား…

ဘယ်လို နိုင်ငံသား စိစစ်ရေး လက်မှတ်တောင်မှ မရှိတဲ့ ၁၂နှစ်သားလေးကို ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက ခရီးသွားလက်မှတ် ထုတ်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံကို သွားဖို့ ပတ်စ်ပို့စ် မရှိ၊ ခရီးသွား လက်မှတ် လဲ မရှိပေမယ့် သူ့ရဲ့ ကြိုးစားမှုကြောင့် ထိုင်းရှေ့နေများကောင်စီက ပြည်ထဲ ရေး ၀န်ကြီးဌာနကို တရား စွဲဆို ခဲ့ပြီး အုပ်ချုပ်ရေး တရားရုံးမှာ အနိုင်ရခဲ့တဲ့ အတွက် ခုတော့ မောင်သောင်းဒီဟာ ထိုင်း ပတ်စ်ပို့ရတော့မှာ ဖြစ်ပြီး စက်တင်ဘာ ၁၉နဲ့ ၂၀ မှာ ကျင်းပမယ့် ဂျပန် စက္ကူ လေယာဉ် အရုပ်ခေါက် ပြိုင်ပွဲကို ၀င်ပြိုင် နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံမဲ့ ကလေးတစ်ယောက်ကို ထိုင်းပတ်စ်ပို့စ် ပေးဖို့ ထိုင်း နိုင်ငံမှာ ဥပဒေ၊ နိုင်ငံတွေ ကြားက သဘောတူညီချက်၊ လူ့အခွင့်အရေးနဲ့ အမျိုးသား လုံခြုံရေး ရှုထောင့် တွေကနေ အပြင်းအထန် ငြင်းခုံ ခဲ့ပြီးမှ ရခဲ့တဲ့ ဆုံးဖြတ်ချက်လဲ ဖြစ်ပါတယ်။



ဘာအသိအမှတ်ပြု လက်မှတ်မှ မရှိတဲ့ မြန်မာ ကလေးငယ်လေးဟာ ရလာတဲ့ ပြိုင်ပွဲဝင်ခွင့် အခွင့်အရေးလေးကို ဘယ်လို ရယူ ခဲ့ရသလဲ။ သူများနိုင်ငံမှာ ဘာအသိအမှတ်ပြု လက်မှတ်မှ မရှိတဲ့ မြန်မာကလေးငယ်လေးရဲ့ စွမ်း ပကား ကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အပီဆစ် ဗစ်ဂျာဂျီဗာက ဘယ်လို အသိအမှတ် ပြုခဲ့သလဲ။ သတင်းတွေကို ဖတ် ရင်း ကျွန်မ ကြက်သီထမိပါတယ်။



တချိန်က သမိုင်းပေး အမုန်း ပြင်းထန်ခဲ့တဲ့ ထိုင်းနိုင်ငံသားတွေက ခုတော့ လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ် အောက် ကနေ မြန်မာ ကလေးငယ်အတွက် သက်ညှာ စဉ်းစား ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ကျွန်မတို့ မြန်မာ နိုင်ငံမှာတော့ တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသား အုပ်စုတွေနဲ့ မြန်မာ စစ်တပ်ကတော့ သွေး ချောင်းစီး စစ်ပွဲတွေ ဆင်နွဲဖို့ စစ်ရေးတွေ ပြနေလေရဲ့။ သွေးတစက်ချင်းကနေ ရှက်မိပါတယ်ရှင်။

8 comments:

SUU said...

great boy!

bravo!

hay ,Let me know ,which place he will come to Japan?

I wanna tell to all of my Japan group.

I wanna go and see to him for encourage.

god guy.

Doughnut IO said...

Can I re-publish this story in my blog ? (http://opera.lawshay.com) after censoring some politically sensitive wordings ?

If so, please send a letter of permission to lawshay@lawshay.com. thanks a lot.

rose of sharon said...

ဟုတ်ပ...ရှက်ဖို့ကောင်းပါတယ်... တခါတခါလဲ နိုင်ငံကြီးတွေသွားရရင် အားငယ်မိတယ်... မြန်မာနိုင်ငံသားတွေ... အနာဂတ် ဘယ်တော့များမှ လှပ နိုင်မှာပါလိမ့်

AZY said...

ဟုတ်ပ ဗျာ ... ကျနော်တို့ ဗမာတွေ ဘယ်နေရာရောက်ရောက် ဘယ်လို အခြေ အနေ ရောက်ရောက် မညံ့ကြပါဘူး။ ညံ့သထက် ညံ့အောင် ပညာရေးကို နှိမ့်ချဖိနှိပ်နေတဲ့ အာဏာရှင် စနစ်ဆိုးရဲ့ အောက်မှာ လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိ လွတ်လပ်မှု ဆိုတာ ဘာမှန်းမသိနဲ့ နစ်သထက် နစ်နေပါပြီ။ တကယ်လို့ ဒီလူငယ်လေးသာ ထိုင်းနိုင်ငံက မြေတောင်မြှောက်ပေးသလိုမျိုး မြန်မာပြည်မှာ မှန်ကန်တဲ့ အခွင့်အရေး ရခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လောက် ကောင်းလိုက်မလဲ။

ဒါနဲ့ comment ထဲမှာ ရေးထားတဲ့ ကိုလောရှည်/မလောရှည် ? ရေ ... လွတ်လပ်စွာ ရေးသား ဖော်ပြနိုင်တဲ့ အင်တာနက် ဘလော့မှာ ရေးထားတဲ့ စာကို ဆင်ဆာလုပ် ဖော်ပြပါရစေလို့ ရေးထားတာ ခင်ဗျားက မြန်မာပြည်က ဆင်ဆာအဖွဲ့က အကျင့်လေးတွေ ပါနေလို့နဲ့တူတယ်။ ခင်ဗျားရေးထားတဲ့ ဒီ post ထဲက politically sensitive wordings ဆိုတာဘာကို ဆိုလိုပါသလဲ။ “လူ့အခွင့်အရေး” တို့ “မြန်မာစစ်တပ်” တို့ စတာတွေကို ဆိုလိုတာလား? လူ့အခွင့်အရေးဆိုတာ လူသားတိုင်းရဲ့ မွေးရာပါ ညီမျှတဲ့ရပိုင်ခွင့်ပါ။ မြန်မာစစ်တပ် မကောင်းတာက political မဟုတ်ပါ။ မြန်မာစစ်တပ် မကောင်းတာကို မကောင်းဘူးလို့ ထောက်ပြတာ political မဟုတ်ပါ။ နိုင်ငံသားတယောက် အနေနဲ့ နိုင်ငံရဲ့ စနစ်တခု မကောင်းကြောင်း (လူသားပီသတဲ့ လူတယောက် အတွက်) လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့် ရှိပါတယ်။ ခင်ဗျားက ဒီလို လွတ်လပ်စွာ ဖောပြရေးသားထားတဲ့ post ကို ဆင်ဆာ လုပ်ပါရစေ ဆိုတော့ ရေးသားသူကို စော်ကားရာ မရောက်ဘူးလားဗျာ။ ခင်ဗျား ဒီအကြောင်းအရာကို ရေးချင်ရင် ခင်ဗျားကိုယ်တိုင် အင်တာနက်မှာ သတင်းရှာဖတ်ပြီး ကိုယ်ပိုင် စာသားနဲ့ ရေးပါလားဗျာ။ ဒီလို ခွင့်တောင်းသလိုလိုနဲ့ စော်ကားတဲ့ စာမျိုး ရေးကထဲကိုက ခင်ဗျား ဘယ်လောက် သဘောထား သေးသလဲဆိုတာ သိသာတယ်။ ခင်ဗျားလို အာဏာရှင် စနစ် မကောင်းတာကို မကောင်းဘူးလို့ မပြောရဲ မရေးရဲတဲ့ ခံယူချက်မဲ့ အကြောက်လွန် သူရဲဘောကြောင် သမားတွေ မြန်မာပြည်မှာ များနေသရွေ့ မြန်မာပြည် အာဏာရှင် စနစ်ဆိုးအောက်က လွတ်ပြီး တိုးတက်ခေတ်မှီဖို့ ဆိုတာ ဝေးနေအုံးမှာပါ။

ကလူသစ် said...

အရှက်လေး နည်းနည်းမျှပေးလိုက်ပါလားကွယ်။ သူတို့အနေနဲ့ သေးတစက်စာလောက် ရှက်တတ်ရင်တောင် မြန်မာပြည်ကောင်းစားနေပြီ။

Anonymous said...

ကိုအောင်သာငယ် ညွန်းလို့ လာကြည့်တာ ကော်မန့်က
ငါးခုလား ရှိတယ်။ ဟူး ...

စူး said...

မြို့နေရာကို စုံစမ်းထားတယ်..

အဲဒီမြို့က ဂျပန်တယောက်ဆီလဲ အကြောင်းကြားထားတယ်..

JulyDream said...

Comment ၅ ခုလား ရှိတယ်ဆိုတာ နည်းလို့လား များလို့လား။ ဘာကို ဆိုလိုချင်တာလဲ မသိဘူးနော်။