Sunday, June 14, 2009

ကြံကြံဖန်ဖန် မြင်မိတယ် (၂)

အသားမည်းမည်း မိဘက အသားဖြူဖြူ ကလေးလေးကို ချီလာရင် ဘဲဥကျီးချီလို့ ခေါ်လေ့ ရှိကြတယ်။ ဒါပေမယ့် ဘဲဥကို ကျီးကန်းက သူ့နှုတ်သီး ချွန်ချွန်နဲ့ ပြုတ်မကျအောင် တကယ် ချီနိုင် မချီနိုင်တော့ မသိ သေးဘူး။ ဒါပေမယ့် ဘဲဥကို ကြွက်ချီ တာတော့ မြင်ဖူးတယ်။ သူတို့ ဘယ်လိုချီလဲ သိလား။

ကြွက်တစ်ကောင်က ဘဲဥကို သူ့ခြေတွေ လက်တွေနဲ့ မြဲအောင် ဖက်ထားပြီး အဲဒီ့ကြွက်ရဲ့ အမြီးကို တခြား ကြွက်တစ်ကောင်က ကိုက်ပြီး ကြွက်တွင်းထဲ တရွတ်တိုက်ဆွဲပြီး ၀င်သွားတာပါ။ ကိုင်းးးး ကြွက်ကို အကြံတုံး ဥာဏ်တုံး ထင်သေးလား ဆိုတဲ့ မျက်နှာပေးနဲ့…. လူလဲ အဲဒီကြွက်ကို လိုက်ကို မဖမ်းနိုင်တော့ပဲ ဆုချတဲ့ အနေနဲ့ ဘဲဥကို ပေးချီလိုက် ပါတော့တယ်။

ကဲ… ကျွန်မတို့ လူတွေရော… မလုပ်နိုင်တာ သေချာပြီလား…


3 comments:

ဖူးဖူး said...

တကယ်လား.....အဲလိုချီတယ်...တော်တော်လည်တာပဲ ကြွက်တွေ

တန်ခူး said...

ဒီအတွေးလေးတွေ ဒီအရေးလေးတွေကို လွမ်းနေတာ…

Anonymous said...

မမ အိပ်မက်မှာ ပိုစ့်တင်အုံးလေ။ မမ အရေးလေးတွေ လွမ်းနေတဲ့ ......maylay