Wednesday, May 6, 2009

ချီးကျူးပါတယ် Wind Blowing Engineering

University of Iowa က Matthew Gerhard Alumni Hall မှာ ခင်းကျင်း ပြသ ထားတဲ့ တီထွင် ဖန်တီးမှု တစ်ရပ်ပါ။ မယုံနိုင်စရာပါပဲ။ ဘောလုံးလေးတွေက ကတော့ပုံ ခွက်လေးတွေကို ဘယ်လိုတီးခေါက်လိုက်တော့ ဘာတွေ ဖြစ်လာတယ် ဆိုတာ တကယ့်ကို အထင်ကြီး စရာပါ။

ဒီစက်ကို The Robert M. Trammell ဂီတ စုဆောင်းသူအသင်းနဲ့ University of Iowa က Sharon Wick School of Engineering တို့ ပူးပေါင်း ထားတဲ့ အဖွဲ့က တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။ ဒီစက်ရဲ့ အစိတ်အပိုင်း ၉၇% ဟာ လယ်ယာသုံး ပစ္စည်း အပိုင်းအစတွေပါ။ ဒီစက် လုပ်ဖို့ နာရီပေါင်း တစ်သောင်းသုံးထောင်ကျော် ကြာအောင် ဒီအဖွဲ့က အချိန်ယူ လုပ်ခဲ့ရတယ်။ Smithsonian ပြတိုက်ကို လှူဒါန်းမယ်လို့ သိရပါတယ်။ နားဆင် ကြည့်ပါဦးနော့။




No comments: