Wednesday, November 26, 2008

ဘာလုပ်နေလဲ မရေခဲ...

အစားကောင်း အသောက်ကောင်းတွေ ဇိမ်ခံ ချက်စား နေတာတော့ မဟုတ်ပါဘူး။ တန်ဆောင်တိုင် အခါသမယမှာ ဖိတ်ကြား လာသမျှ နှိပ်စား နေပါကြောင်း.. အစားကောင်း အသောက်ကောင်းတွေ စားသောက် ရရင် အချစ်ဆုံး သူတွေကို သတိရတယ် ဆိုတဲ့ စကားအတိုင်း ခုလဲ အချစ်ဆုံး သူများနဲ့ မျှဝေ လိုက်ပါတယ်နော်။









မှတ်ချက်။ ကိုယ်တကယ် စားတာတွေက ဓာတ်ပုံရိုက်ဖို့ သတိရချိန်မှာ စားလို့ ကုန်ပီ (ဆွေမျိုးမေ့အောင် ကောင်းတယ် ဆိုတာမျိုးမို့ တွေ့ပုချိနော်) :P ခု ပုံတွေက အီးမေးလ်နဲ့ သတင်းမေးလာတဲ့ ပုံတွေပါ။ မေးလ်ထဲမှာ တုန်းက animated photo တွေမို့ ပို အသက်ဝင်ပါတယ်။ လှုပ်စိလှုပ်စိနဲ့ကို ဆူပွက်နေတာလေ။ ဘလော့ပေါ် တင်တော့ ဘာလို့ ငြိမ်သွားလဲ မသိဘူး။ ဟင်းက နည်းနည်းအေးတဲ့ ပုံ ဖြစ်နေပီ။

2 comments:

pandora said...

ဝိုး.. ကိုယ်ကြိုက်တတ်တာတွေချည်း
ချားချင်တယ်

တန်ခူး said...

စားချင်စရာ… ဒါပေမယ့် စပ်မယ့်ပုံနော်… ဘလော့ဂ်ပေါ်က စားရတာပဲ ကောင်းပါတယ်.. အစာအိမ်ဆေးသောက် စရာမလိုဘူးလေ…