Monday, November 17, 2008

ပိုနီးရာ နေရာကို ရောက်လာတဲ့ နေဘုန်းလတ်

နေဘုန်းလတ်ကို ဒီမနက်ပဲ ဘားအံထောင်ကို ပြောင်းတယ်လို့ သိရပါတယ်။ ကျန်ခဲ့တဲ့ ဆယ်လ လုံးလုံး ကျန်းမာရေး မကောင်းတဲ့ အဖေကို ဆေးရုံတင်လိုက်၊ မတရား ဖမ်းဆီး ခံရတဲ့သားကို ထောင်ဝင်စာတွေ့လိုက် လုပ်နေ ခဲ့ရလို့ ခြေကုန် လက်ပန်း ကျနေတဲ့ သူ့မိဘ များခမျာ အောက်တိုဘာ ၃၁ ရက်နေ့ က အဖေ (နေဘုန်းလတ်ရဲ့ ချစ်လှစွာသော အဖိုး) ဆုံးပါးပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှာ နေဘုန်းလတ်ကို နှစ်၂၀နဲ့ ခြောက်လ ထောင်ဒဏ်ချလို့ အားပေးစကား ပြောလို့မှ မဆုံးသေးခင် ဘားအံထောင်ကို ဒီမနက် ထပ်ရွှေ့တယ် ဆိုတော့ ကျွန်မအတွက် အားပေးစကားတစ်ခွန်းပဲ ပြောဖို့ ကျန်ပါတော့တယ်။

ကျွန်မနဲ့ ပိုနီးတဲ့ နေရာကို ရောက်လာတဲ့ သူငယ်ချင်းကို မေတ္တာ ပို့ပေး ရတာ ဆုတောင်း ပေးရတာ ပိုနီး လာတာပေါ့လေ။

နှစ် ၂၀ ကိစ္စများ စိတ်ထဲတောင်မရှိဘူး ဆိုတဲ့သူငယ်ချင်း
သူ့အတွက် လုံးဝ စိတ်မပူ ပါနဲ့။ အပြင်က လူတွေ အစစ သတိထား ကြပါ။ အပြင်က လူတွေ အတွက်ပဲ စိတ်ပူပါတယ် ဆိုတဲ့ သူငယ်ချင်း
အပြင်က လူတွေ ကျန်းမာရေး အပြင် အစစ ဂရုစိုက် ကြပါဆိုတဲ့ သူငယ်ချင်း

သူငယ်ချင်း ကျန်းမာပါစေ

တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့တနေ့
ငြိမ်းချမ်းရေးရဲ့ ရှေ့မှောက်
ငါတို့ ပြန်တွေ့ကြမယ်...

ဒါပေမယ့် မိုးမည်းတွေက စွေလို့ ကောင်းတုန်း သူငယ်ချင်းရေ...

7 comments:

Moe Cho Thinn said...

အနှစ် နှစ်ဆယ် ကိစ္စများ စိတ်ထဲတောင် မရှိဘူး တဲ့လား။ ပိုလေးစား၊ ပိုတန်ဖိုး ထားသွားပြီ။
ကျန်းမာရေး ဂရုစိုက်ဖို့ မှာလိုက်ချင်ပါတယ်။
အမြန်ဆုံး အချုပ်အနှောင်က လွတ်မြောက်တဲ့ ဘ၀ကို ရပါစေ။

Anonymous said...

ဘာပြောရမှန်းတောင် မသိတော့ပါဘူး
ဘယ်လိုအတွေးအကြံ ဘယ်လို စိတ်ဓာတ်မျိုးတွေနဲ့ လုပ်နေသလဲဆိုတာ ရှာစရာ စကားလုံးတောင် မရှိတော့ဘူး
ဒီလောက် မတရားလူပ်နေတာကို ဒီအတိုင်း ဘာမှမလုပ်ပေးနိုင်ပဲ ထိုင်ကြည့်နေရတာကိုက ကိုယ်ပါ တရားခံဖြစ်နေသလို ခံစားနေရတယ်။
ဓမ္မက အဓမ္မကို တစ်နေ့ အနိုင်ရမှာပါတဲ့ ရှေ့နေလိုက်ရင်း ထောင်ကျသွားရတဲ့ ရှေ့နေကြီးစကားကိုပဲ စိတ်ထဲ မှတ်မှတ်ရရဖြစ်မိတယ်..

Anonymous said...

ဘားအံထောင်ကိုရွှေ့လိုက်ပြီတဲ့လားးးး

Unknown said...

ကိုနေဘုန်းလတ်......
သူ့ကို ကျွန်တော် အပြင်မှာ မမြင်ဘူးပါ ဒါပေမယ့်
ဘလော့ဂ်တို့ရဲ့ ပိုင်အိုးနီးယား လို့ထင်ပါတယ်
သူ့ရဲ့ တင်ပြပုံတွေ ရေးသားပုံတွေက ဆွဲဆောင်မှု အရမ်း
ရှိတာဆိုတာတော့ ၀န်ခံပါရစေ
ခုလိုမျိုး သူခံစားရတော့ တစ်ကယ်ပါ ကျွန်တော်ရင်ထဲ
မကောင်းလိုက်တာဗျာ ......
ထောင်အကြောင်းကို ကျွန်တော် နည်းနည်းပါးပါးတော့
သိခဲ့ဘူးပါတယ် အနှစ် ၂၀ နဲ့ ၆လ ဆိုတော့.......
ပြီးတော့လည်း ခပ်ဝေးဝေး ဘားအံ မှာဆိုတော့......
ကိုနေဘုန်းလတ် ခင်ဗျားလွတ်မဲ့ရက်ကို မျှော်နေမယ်...
သူမကြားနိုင် မမြင်ဘူးဆိုတာသိသိနဲ့ ........
သူအတွက် ကြေကွဲပြီးရေးလိုက်တာပါဗျာ............

Anonymous said...

so sad for Ko NPL, the hero. The world know about that too. Pls check at this CNN website.

http://edition.cnn.com/2008/WORLD/asiapcf/11/11/myanmar.blogger/index.html

Chaos said...

စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမလုပ်ပေးနိုင်ဘူး။
တစ်ခါတစ်ခါ ဘာမှမတတ်နိုင်တဲ့ ဘ၀ကို မုနုးတယ် အစ်မလှိုင်ရေ.

သစ်နက်ဆူး said...

ကိုယ့်ထက် ငယ်၇ွယ်ပေမယ့်..
လေးစားရတဲ့ ညီလေး နေဘုန်းလတ်.....
ညီလေး နာမည်က
သူတို့ နာမည်တွေထက် ....
ငါ့နှလုံးသားမှာ လေးစားမှုနဲ့ ထင်ပေါ်နေပါတယ် ညီရေ...။