Monday, November 10, 2008

နေဘုန်းလတ်သို့ ပေးစာ

၅၀၅(ခ) အီးမေးလ်ထဲက ဘယ်သူ ပို့မှန်း မသိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုပ်ပြောင် ကာတွန်းကို ဖျက်မချ သောကြောင့် နိုင်ငံတော်အကြီးအကဲ ကို အကြည်အညိုပျက်စေမူ နဲ့ ထောင်ဒဏ် ၂နှစ် ၊၃၂(ခ)/၃၆ သီးလေးသီး အငြိမ့်ခွေ လက်ဝယ် တွေ့ရှိမှု ထောင်ဒဏ် ၃နှစ်ခွဲ၊ အီလက်ထရောနစ် ပုဒ်မ (ဘာအတွက် ဟု တိတိကျကျ မပြောခဲ့) က ၁၅နှစ်။ အားလုံးပေါင်း အနှစ်နှစ်ဆယ် နဲ. ခြောက် လ…

ပြစ်ဒဏ် စီရင်ချက် ချမှတ်သူ
ဒေါ်စိုးဥာဏ်
အနောက်ပိုင်းခရိုင်တရားရုံး
***************************************************************

၆နှစ် လုံးလုံး နင်ငါ့ဆီ ဗေဒင်မေးခဲ့တယ်
တခွန်းတည်းသော မေးခွန်းက
ငါဘယ်တော့ ထောင်ကျမလဲဟ တဲ့…

ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင်
ခုလဲနင် ပေါ့ပေါ့ပါးပါးပဲ မို့လား
“ဖမ်းကို ဖမ်းချင်လွန်းလို့ တောက်လျှောက် အမှုဆင်
စောင့်ပြီး ခွင်ဖန် လာတာပဲဟာ” လို့
နင်လေပြေလေးနဲ့ ရှေ့နေ လိုက်ဦးမလား…
ချုပ်ရိုး အထပ်ထပ်နဲ့ မတ်နေတဲ့ ရင်
ဂံဖလားနဲ့ သင်္ကြန်ကျတဲ့နင်
ထောင်ထဲကနေ လှမ်းနောက် အားသေးတယ်
“အမေရယ် မေးလိုက်ပါ သူ ကလေး မယူသေးဘူးလားလို့” တဲ့…

နှစ် ၂၀နဲ့ ၆လ
ခပ်ဟဟ ရယ်ချပစ်လိုက်တယ်
ဘယ်သူက အဲလောက် အချိန် ခံဦးမှာ မို့လဲ…
ငြိမ်းခါနီး မီးတောက်လို
ဝုန်းကနဲ ဟန်ရေးပြ
မာန်သွေးကြွနေသူကို ပြောချင်ရဲ့….
လုပ်တိုင်းဖြစ်မယ် ဆိုရင်
အင်အားကြီးတိုင်း ရမယ်ဆိုရင်
နေမ၀င် အင်ပါယာ မပြိုလဲ
ဒင်းတို့ကရော ဘာမို့လဲ…
ကဲ!!! သူငယ်ချင်းရေ… ပြန်ဆုံမယ့် အထိမ်းအမှတ်
Cheers တခွက်လောက် မြှောက်လိုက်ကြစို့ရဲ့။

7 comments:

ဟန်လင်းထွန်း said...

ကြေကွဲဝမ်းနည်းသွားတယ် အမရယ်

Anonymous said...

ငြိမ်းခါနီး မီးတောက်လို
ဝုန်းကနဲ ဟန်ရေးပြ
မာန်သွေးကြွနေသူကို ပြောချင်ရဲ့….
လုပ်တိုင်းဖြစ်မယ် ဆိုရင်
အင်အားကြီးတိုင်း ရမယ်ဆိုရင်
နေမ၀င် အင်ပါယာ မပြိုလဲ
ဒင်းတို့ကရော ဘာမို့လဲ…
' ငြိမ်းခါနီး မီးတောက်'တွေပေါ့ဗျာ...

လင်းလက်ကြယ်စင် said...

နှစ် ၂၀နဲ့ ၆လ
ခပ်ဟဟ ရယ်ချပစ်လိုက်တယ်
ဘယ်သူက အဲလောက် အချိန် ခံဦးမှာ မို့လဲ…
ငြိမ်းခါနီး မီးတောက်လို
ဝုန်းကနဲ ဟန်ရေးပြ
မာန်သွေးကြွနေသူကို ပြောချင်ရဲ့….
လုပ်တိုင်းဖြစ်မယ် ဆိုရင်
အင်အားကြီးတိုင်း ရမယ်ဆိုရင်
နေမ၀င် အင်ပါယာ မပြိုလဲ
ဒင်းတို့ကရော ဘာမို့လဲ…
ကဲ!!! သူငယ်ချင်းရေ… ပြန်ဆုံမယ့် အထိမ်းအမှတ်
Cheers တခွက်လောက် မြှောက်လိုက်ကြစို့ရဲ့။

---------

အမ အရမ်းခင်တဲ့ သူငယ်ချင်းအတွက် သိပ်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။ ကြားကြားချင်း တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ်။ အနာဂတ်ဆိုတာအမ ရေးတဲ့ ခံစားချက်ကဗျာလေးအတိုင်းပါပဲ။

Anonymous said...

လုပ်ကြပေါ့ကွာ။

Anonymous said...

နှစ်(20) နဲ့ (6)လ။ ဘာပြောရမှန်းမသိအောင်ကို ၀မ်းနည်းရပါတယ်။ ကိုနေဘုန်းလတ်ကတော့ သူမလုပ်ခဲ့တဲ့ အပြစ်အတွက် (ဒါဟာ ဥပဒေကိုချိုးဖေါက်တဲ့ အပြစ်လား) (သို့) ဘာမှန်းမသိတဲ့ပုဒ်မတွေ အတွက် ရယ်ချင်နေမလား။ တောက်ခတ်နေမလား။ မခွန်မြလှိုင်ရေ သွေးတွေဆူပွတ်အောင်ကို ဒေါသထွက်မိတယ်ဗျာ။ flinders ပြောသလိုပဲ လုပ်ထားကြပေါ့ကွာ။

သစ်နက်ဆူး said...

........
ရင်နာတယ်.
စိတ်နာတယ်..။

Pinkgold said...

ခုတလော ဘာလို့ ၀မ်းတွေ နည်းနည်းနေမှန်း မသိဘူး အမရယ်... ကိုနေဘုန်းလတ်အကြောင်းတွေပဲ ရှာဖတ်နေမိတယ်