Monday, October 13, 2008

အောက်တိုဘာ ၂ရက် : မဟတ္တမ ဂန္ဒီ မွေးနေ့ တဖြစ်လဲ အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့

အိန္ဒိယ နိုင်ငံရဲ့ ဖခင်ကြီး မဟတ္တမ ဂန္ဒီကို ကျွန်မတို့တွေ ကမ္ဘာ့သမိုင်းဖတ်စာမှာ သင်ကြား ခဲ့ကြ ဖူးပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ အကြမ်း မဖက်ရေး အဟိံသ လမ်းစဉ်ကို ဟောကြား ကျင့်သုံး ရင်း လွတ်လပ်ရေးကို ငြိမ်းချမ်းစွာ ရယူဖို့ ကြိုးစား ပေးခဲ့ရုံ သာမက ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု များကိုပါ တွန်း လှန် ပေးခဲ့တဲ့ ပထမဆုံး အမျိုးသားရေး ခေါင်းဆောင် ကြီးလဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဘ၀ ဇာတ်ကြောင်း ကို ရုပ်ရှင် ရိုက်ကူး ပြသ ခဲ့ပြီး အဲဒီ ဇာတ်ကားဟာ အကောင်းဆုံး ဇာတ်ကား၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဆု အပါအ၀င် အကယ်ဒမီ ၈ဆု ဆွတ်ခူး ရရှိ ခဲ့ပါတယ်။



သူ့ရဲ့ မွေးနေ့ကို အပြည်ပြည် ဆိုင်ရာ အကြမ်း မဖက်ရေးနေ့ အဖြစ် သတ်မှတ်ဖို့ အဆိုကို သူ့ဘ၀ ဇာတ်ကြောင်း ရုပ်ရှင် ရိုက်ကူးရာမှာ ပါဝင် ခဲ့ကြတဲ့ ပဲရစ်မြို့က အိန္ဒိယ ကလေးငယ် များက စတင် အဆို တင်သွင်း ခဲ့ကြပြီး အင်တာနက် ကနေ ဒီအဆိုကို တင်သွင်း မဲပေး ကြသူ များဟာလဲ အိန္ဒိယ လူငယ်များ အဓိက ပါဝင် ခဲ့ကြ ပါတယ်။

လူငယ်တို့ရဲ့ စိတ်အား ထက်သန်မှုကြောင့် ဒီအဆိုကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မစ်စ် ရှီရင် အီဘာဒီက ၂၀၀၄ ဇန်န၀ါ၇ီမှာ ဘုံဘေမှာ ကျင်းပတဲ့ World Social Forum မှာ အဆို တင်သွင်းပေးခဲ့ပြီးနောက် ကုလ သမဂ္ဂ က အတည်ပြု ပေးခဲ့ ပါတယ်။ ဒါ့အပြင် နှစ်စဉ် နှစ်တိုင်း ဂန္ဒီရဲ့ မွေးနေ့ တဖြစ်လဲ အပြည်ပြည် ဆိုင်ရာ အကြမ်း မဖက်ရေးနေ့ကို အိန္ဒိယ ကလေးငယ် များက ဂန္ဒီလို အတုခိုး ၀တ်ဆင်ပြီး ကျင်းပ ပြုလုပ် နေဆဲ ဖြစ်ပါတယ်။



ကျွန်မတို့ မြန်မာ နိုင်ငံက ကလေးငယ် များလဲ မိမိတို့ အလိုဆန္ဒများကို ထုတ်ဖော် တောင်းဆိုခွင့် ရကြပြီး တောင်းဆိုမှု များလဲ အိန္ဒိယ ကလေးငယ် များနည်းတူ လူရာသွင်း ခံရလို့ ဂုဏ်ယူ ၀ံ့ကြွား နိုင်ကြ ပါစေလို့ ဆုတောင်း ဆန္ဒပြု လိုက်ရ ပါတယ်ရှင်။


No comments: