Thursday, October 23, 2008

တွေ့ပြီရှင့်… ကိုယ်ရှာဖွေရင်းးး


ဘာတွေရှာလို့ ဘာတွေတွေ့လို့ အလန့်တကြား ထအော်လဲလို့ အမျိုးသားက ကျီးကြည့် ကြောင် ကြည့်… ဟုတ်ပါတယ်။ ကျွန်မ ဒီအချက် တစ်ချက်ကို ရှာနေတာ နှစ်ချီ နေပြီ။ ဘာအချက် များပါလိမ့် နော်… ၂၀၀၇ ဇူလိုင် ၁၆ တုန်းက တင်ထားတဲ့ ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ် ဆိုတဲ့ ပို့စ် မှာ ကျွန်မက စေတီ တစ်ဆူရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အဓိပ္ပာယ် တွေကို ကျွန်မ သိသမျှ လေ့ လာ ထားသမျှ အိတ်သွန် ဖာမှောက် အဲလေ ရှိသမျှ ဗဟုသုတ အသိ အကုန် ခါချပြီး ရေးထား ခဲ့ပါ တယ်။ စာဖတ် သူ တစ်ဦးက စေ့စေ့ စပ်စပ် ဖတ်ပြီး စစ်စစ် ပေါက်ပေါက် ပြန်မေး သွားပါတယ်။ စေတီ တစ်ဆူမှာ ငှက်ပျောဖူးရဲ့ အဓိပ္ပာယ်က ဘာလဲတဲ့။ အဲ.. ကျွန်မ အဲဒီအချိန်က မသိ သေးဘူးရှင့်။ ဒါ ကြောင့် ထည့် မရေးတာပါ။ အဲဒီ အချက်ကို ခုတော့ ကျွန်မ သိပြီ။

ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့ရှင်။ ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကိုတော့ တင်ပြ ပြီးသားပါ။ ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွေးလား မသိပါဘူးနော်။ ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဥာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှု ရပါတယ်ရှင်။ စာရေးသူရဲ့ အမည်ကို ပြန်ရှာပြီး ထပ်ဖြည့် ပေးပါဦးမယ်နော်။

ဘလော့မှာ ကွန်မန့်ချန်ပြီး မေးခဲ့တဲ့ အနောနီးမတ်စ်ရေ .. ခုမှ ရှာတွေ့လို့ ခုမှ ဖြေပေး နိုင်တာကို စိတ်မရှိ ပါနဲ့နော်။ မေးဖြစ်ခဲ့လို့ ပိုဝီရိယစိုက် ရှာဖြစ်ခဲ့တဲ့ အတွက် ကျွန်မ ကို်ယ်တိုင်လဲ သိလိုက် ရပါတယ်။ ခုလို မေးတဲ့ အတွက် ကျေးဇူးပါနော့။


8 comments:

Anonymous said...

တွေ့ပြီရှင့် ဖတ်မိမှဘဲ ငှက်ပျောဖူး ရဲ့ဆိုလိုတဲ့
အဓိပ္ပယ် ကိုသိတော့တယ်။

တန်ခူး said...

လှိုင်ရေ… မေးတဲ့သူရော ကြိုးစားရှာဖွေပေးသူပါ ကျေးဇူးပါနော်… ခုမှပဲ ငှက်ပျောဖူးအဓိပ္ပါယ်ကို သိတော့တယ်လေ…

JulyDream said...

စေတီတော်မှာ ငှက်ပျောဖူးပုံစံ ထားထားတဲ့အကြောင်းကို တကယ်ကို မသိခဲ့တာ။ ရှဲ့ရှဲ့နီ မယ်တော်ကြီး။

သစ်နက်ဆူး said...

ရေခဲပန်းလေး...ရေ
စေတီတစ်ဆူမှာ ဌက်ပျောဖူးထည့်တည်တဲ့  အဓိပ္ပါယ်ကို
သိခွင့်ရလိုက်တဲ့ အတွက်ကျေးဇူးပါဗျာ...
အရင်က မသိခဲ့ ပါဘူး...
နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေထားတာလဲ
လေးစားပါတယ်..။

Unknown said...

ညီမရေ ရှာရှာဖွေဖွေ တင်ပြပြောပြပေးထားတာလေးက အရမ်းကောင်းတာဗျ။

Anonymous said...

We should know the evolution of stupa style , from Hindi dominated period to current. (Stupa and Pagoda are different, Shwedagone etc., are not pagoda, those are stupa)

The basic style of stupa was "brick tomb" (referring Oriental texts).

Making meaning was follow, on the other way, making discourse.

My argument is based on historical and archeological, not in full of faith.

Best
mm thinker

ရွှန်းမီ said...

ရှာရှာဖွေဖွေ ပြန်တင်ပြတဲ့အတွက် ကျေးဇူးပါ မလှိုင်။

Anonymous said...

သာဓု.. သာဓု.. သာဓု