Thursday, October 16, 2008

သီတင်းကျွတ် မှာ ကန်တော့ ရာဝယ် သတိထားစဖွယ်

သီတင်းကျွတ်မှာ မောင်ငယ်လေး တိုလီက ဘလော့ဂါ အကို အမများကို သီတင်းကျွတ် လက်ဆောင် မုန့်ခြင်းတွေ ကိတ်မုန့်တွေနဲ့ လိုက်ကန်တော့ လာပါတယ်။

ဒါကြောင့် တိုက်တိုက်ဆိုင်ဆိုင် ခုတလော နိုင်ငံတကာ သတင်းများမှာ ရေပန်းစား နေတဲ့ မယ်လမင်းဆိပ် သင့်တဲ့ တရုတ်လုပ် နို့မှုန့် များနဲ့ ပြုလုပ် ထားတဲ့ မယ်လမင်း ဆိပ်သင့်နေတဲ့ နို့သစ်သီး ဖျော်ရည်၊ ဒိန်ချဉ်၊ M&M's ချောကလက်၊ ဘီစကစ်၊ နို့ချိုချဉ်၊ နို့ခဲပြား၊ ရေခဲချောင်း အစရှိတဲ့ အစားအစာများ စာရင်းကို နိုင်ငံတကာက ထုတ်ပြန် ကြေညာတဲ့ သတင်း တခုကို အများ သတိထားမိ စေဖို့ ပြန်လည် ဝေငှရင်း

တိုလီရေ ခုလို ကန်တော့ရတဲံ အကျိုးအတွက် ကုသိုလ်ရော၊ ကျန်းမာရေး အသိပညာပေးခွင့်လေးပါ ကြုံအောင် ဖန်တီးပေးတဲံ အတွက် ကုသိုလ်ပါ တထောကြီး ရလို့ ကောင်းကျိုး လိုရာ ဆန္ဒ ပြည့်ပါစေနော်






မြန်မာနိုင်ငံထဲကို တရုတ်လုပ် နို့မှုန့်နဲ့ နို့ဆီ တွေက ဒလဟော စာရင်းအင်း မရှိ မှောင်ခို လမ်းကြော ကရော သင်္ဘောနဲ့ပါ ၀င်နေတာ မို့လား။ ဒီကုန်ကြမ်းတွေကို သုံးပြီး လုပ်တဲ့ မုန့်ပဲ သရေစာ မျိုးစုံကိုလဲ ဈေးပေါပေါနဲ့ လုပ်နိုင်တာမို့ အသိ၊ သတိလေး ထားရအောင်နော်။ ပစ္စည်းက အလကား ရရင်တောင် ဗိုက်က ကိုယ့်ဗိုက်၊ ကျန်းမာရေးက ကိုယ့်ကျန်းမာရေး မဟုတ်လား။


No comments: