Wednesday, October 22, 2008

ဂြိုလ်သားတွေ ကြောက်တဲ့သူ

ဒီနေ့ ကျွန်မရဲ့ ဂျီတော့ခ်မှာ ကျွန်မ တွေ့ထားတဲ့ ပန်းကန်ပြားပျံ ဆိုင်ရာ သတင်းလင့်ခ်လေး တင်ထားပါတယ်။ ဒီအချိန် ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို လာမေးပါတယ်

သူငယ်ချင်း။ ။ နင့် ပန်းကန်ပြားပျံသတင်းက အမှန်လား
ခွန်မြလှိုင်။ ။ သိဘူးလေ။ ဒါပေမယ့် တူရကီ အာကာသ သိပ္ပံ စခန်းက အတည်ပြု ကြေညာ ထားတာပဲ။ ငါကတော့ စစ်ဘက် ထိပ်တန်း လျှို့ဝှက် စစ်လေယာဉ် များလားလို့ သံသယ ဖြစ်နေတာ။ အဲဒီ ဗီဒီယိုကို ငါရိုက်တာ မဟုတ်သလို အဲဒီ ကိစ္စ မှန်မမှန် ငါလိုက် စုံစမ်းနိုင်တာမှ မဟုတ်တာလေ။
သူငယ်ချင်း။ ။ အင်း ဟုတ်တယ်
ခွန်မြလှိုင်။ ။ နောက်ပြီး အမေရိကန်၊ အစ္စရေးနဲ့ ရုရှလို နိုင်ငံတွေက ဒါမျိုး လေယာဉ် တီထွင် နိုင်စွမ်း ရှိနေကြတာပဲဟာ
သူငယ်ချင်း။ ။ ဟုတ်တယ် ငါလဲ ပန်းကန်ပြားပျံတွေကို အယုံအကြည် မရှိချင်ဘူး
ခွန်မြလှိုင်။ ။ နောက်ပြီး အဲဒီ ပန်းကန်ပြားပျံ တွေက အမြဲတမ်း ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ သိပ္ပံ ပညာ တအား ထွန်းကားတဲ့ နိုင်ငံတွေမှာချည့် ပေါ်လာတာ ဘာလို့လဲ။ မထူးဆန်းဘူးလား။ ပန်းကန်ပြားပျံတွေက ဘာလို့ ဖွံဖြိုးမှု အနည်းဆုံး နိုင်ငံတွေ ပေါ်မှာ မပေါ်လာ ရတာလဲ
သူငယ်ချင်း။ ။ စစ်အာဏာရှင် တွေကို ကြောက်လို့ ဖြစ်မှာပေါ့

2 comments:

လင်း said...

ဟိဟိ ကြံကြံဖန်ဖန်နော် သူဘဲပြောတတ်တယ်

တန်ခူး said...

လှိုင်ရေ…ပန်းကန်ပြားပျံမှာလဲ… လူလို ဦးနှောက်ရှိတယ်နော်…