Friday, September 5, 2008

လက်ရှိ ကိုယ့်ရဲ့ ဆန္ဒများ

မခင်မင်းဇော်က tag လာပါတယ်။ ကိုယ့်ဆန္ဒတွေကို ပြန်မဆန်းစစ်ဘဲ နေလာတာ ကြာပြီ ဆိုတော့ tag တုန်းလေး ပြန်ဆန်းစစ် ရတာပေါ့လေ.. ဒါနဲ့ ချရေး ကြည့်လိုက်တော့ ဒီလို တွေ့ရပါတယ်။

ကိုယ့်ရဲ့နာမည် - ခွန်မြလှိုင်
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - အင်း .. အကုန်ချရေး ရရင် A4 ၂ရွက်လောက် တော့ ကုန်မှာ.. ဘလော့ဂါ လောက မှာတော့ ရေခဲတောင် မယ်တော်ကြီး ၀ါးဒီးးး ဆိုပဲ…
ကိုယ်ဒီမှာနေတယ် - ကမ္ဘာကြီးဟာ ကိုယ့်အိမ် ဆိုတော့..
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဖုန်းပြသနာတွေကြောင့် ဖုန်းမကိုင်ဘဲ နေကြည့် နေတယ်..

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - သက်တံ့ရောင်လေ ..
အ၀တ်အစားဆိုရင် - ချည်သားစစ်စစ် လုံလုံခြုံခြုံ လွတ်လပ်ပေါ့ပါးတဲ့ ဒီဇိုင်း (အရှေ့တိုင်း၊ အနောက်တိုင်း၊ မြန်မာမှု စတာတွေကတော့ အခြေအနေ အချိန်အခါ အလိုက်ပေါ့နော့)
အစားအစာဆိုရင် - ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဆို အကုန်ကြိုက်
ပစ္စည်းဆိုရင် - အရွယ်သေးသေးနဲ့ အရည်အသွေး ကောင်းကောင်း လေးတွေ
သီချင်းဆိုရင် - Instrumental and classic (ခေတ်မမီဘူး ပြောလဲ မဖြုံ။ ခေတ်ဆိုတာ တကယ်တော့ တပတ်လည်နေတာကြီးပါ)
စာရေးဆရာ - တစ်ယောက်တည်း မကတာ သေချာတယ်
စာအုပ် - ပဉ္စတန္တရ ကျမ်း၊ စွယ်စုံကျော်ထင် ကျမ်းနဲ့ ဥတုဘောဇနသင်္ဂဟ ကျမ်း
Life style – တမျိုးတည်း နေရမှာ ပျင်းစရာကြီး .. ကောင်းသော အပြောင်းအလဲ လေးတွေ လိုချင်ပါတယ်။

ကိုယ့်ရဲ့ဝါသနာ - blog .. blog.. blogging
အလိုချင်ဆုံးလက်ဆောင် - စိတ်ရင်းမှန်နဲ့ ရိုးသား ပွင့်လင်း သော ဆက်ဆံရေး
ကိုယ့်ရဲ့ အချစ်ဆုံးသူက - အားလုံးကို ချစ်တတ်အောင် ကြိုးစားနေတယ်…
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဗုဒ္ဓ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုယ့်ခင်ပွန်း
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ခင်ပွန်း (ဒီလောက်ဆို ကျွန်မရဲ့ ယောက်ျားက စီဘောက်စ်မှာ မေးခံရ သလို ဗိုလ်ချုပ်သား မဟုတ်တာ သိလောက် ရောပေါ့နော့.. ဗိုလ်ချုပ်သား တစ်ယောက် ကတော့ ကြိမ်းဖူးသရှင့်.. သူ့ဘ၀မှာ လိုချင်တာဆို မရ ရအောင် ယူတတ်တယ် ဆိုပဲ .. )
ကိုယ့်ရဲ့ အမုန်းဆုံးသူက - ပုခုံးဖက်ပေါင်းပြီး လည်ပင်းညှစ်တတ်သူများ
ရင်အခုန်ဆုံးအချိန် - Espresso coffee သောက်ပြီးစ ကပေါ့
အကြောက်ဆုံးအချိန် - ပြောပြဘူးး ပြန်ကို မတွေးချင်လို့
အပျော်ဆုံးအချိန် - puzzle game တစ်ခုရဲ့ လျှို့ဝှက် code ကို ဖော်လိုက်နိုင်တုန်းက (အဲဒီအချိန်က ဦးနှောက်ထဲ သွေးခဲ နေလို့ လေဖြတ်နေတာလေ)
အမှတ်တရနေ့ - သိပ်ကောင်းနေတဲ့ မှတ်ဉာဏ်ကို မုန်းချင်လာပီ.. မေ့ချင်တာတွေ မေ့မရလို့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမယ့်ဆု - ဘ၀သံသရာ ချုပ်ငြိမ်း ရပါလိုဧ။်
အချစ်ဆိုတာ - အံ့သြမှုများနဲ့ ဆန်းကြယ်သော အရာ
အမုန်းဆိုတာ - ပြန်ကို သတိမရချင်တော့တာ
အလွမ်းဆိုတာ - မတိုက်ဆိုင်လဲ အလိုလိုနေရင်း သတိရနေခြင်း
သံယောဇဉ်ဆိုတာ - ဒုက္ခရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ် တစ်ခု
ဘ၀ဆိုတာ - ဘကုန်းလို ကုန်းရုန်း ရုန်းကန် လှုပ်ရှားရင်း ၀လုံးလို လုံးလည် ချာလည် လိုက်နေတဲ့ ဖြစ်စဉ် တစ်ခု
သူငယ်ချင်းဆိုတာ- စိတ်ချင်းနီးတဲ့သူ
ချစ်သူဆိုတာ - သူ့ကို အမြဲ ပျော်နေစေချင်တာ

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - ဂွစာမ၊ ကိုယ်မပေးချင်တဲ့ ကို်ယ်ပိုင် အရာ တစ်ခုကို အင်အားသုံး လုယူ ခံရရင် ပြိုင်လုလို့ မနိုင်ရင် အဲ့ဒီအရာကို လုသူ မရစေရဘူး ကိုယ်တိုင် ဖျက်ဆီး ပစ်တတ် တယ်။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - အချိန်မကျသေးခင် မိုးနဂါးဟာ ရေတိမ်မှာ ပုစွန်နဲ့ အတူတူနေ
အပြောချင်ဆုံးစကားတစ်ခွန်း - When preparation meets requirement, it becomes luck and success.


3 comments:

Chaos said...

အစ်မလှိုင် အလိုချင်ဆုံး လက်ဆောင်လာပေးတာ
:)
နေမကောင်းလို့ အခုမှ လာလည်ရတယ်
ဓါတ်ပုံတွေလဲ လိုက်ကြည့်နေတာ

တန်ခူး said...

လှိုင်ရေ… ပခုံးဖက်ပေါင်း လည်ပင်းညှစ်တတ်သူတွေ တို့ လဲ အရမ်းမုန်းတယ်… အလိုချင်ဆုံးလက်ဆောင်လေးကို ဒီဘလော့ဂ်လေးနဲ့  သံယောဇဉ်စဖြစ်ထဲက ပေးထားတယ်နော်…လက်ဆွဲဆောင်ပုဒ်လေးက စိတ်ဝင်စားစရာ… အပြောချင်ဆုံးစကားလေးကို မှတ်သားသွားတယ်….

Anonymous said...

အမလှိုင်ရေ... အမရဲ့ စိတ်တွေကို tag မေးခွန်းအဖြေတွေ ကနေ လာဖတ်ကြည်သွားတယ်၊ ငြိမ်းချမ်းပါစေ။