Thursday, July 24, 2008

ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတို့ရဲ့ သန့်ရှင်းရေး စနစ် (Comparison between Management system and policies on Domestic Waste Management)

ကျွန်မရဲ့ စာတမ်းဟောင်းလေးပါ။ ဆားချက်တဲ့ အနေနဲ့ တင်ပေးတာပါ။ ဘယ်မြို့ အတွက်မဆို နမူနာ ယူနိုင်ပါတယ်။ ကိုယ့်မြို့ ကိုယ့်ရွာကို သာယာစေလိုသူများ မည်သူမဆို လွတ်လပ်စွာ အသုံးချ နိုင်ပါတယ်။ မြန်မာ နိုင်ငံသား မြန်မာလူမျိုးတို့ အတွက် ဒီစာတမ်းက တစ်စုံတစ်ရာ လက်တွေ့ အကျိုးပြု နိုင်တယ် ဆိုရင် ဒီစာတမ်းအတွက် သက်ဆိုင်ရာ နိုင်ငံတွေက မြို့တွေအထိ သွားရောက် လေ့လာ စစ်တမ်းယူ ကြိုးစားခဲ့ရတဲ့ ကျွန်မအတွက် အမောပြေ ကြိုးစား ရကျိုး နပ်မှာ ဖြစ်ပါတယ်။ သူလုပ်မှ ငါလုပ်မှ ရယ်လို့ မဟုတ်ပါဘူး။ လူသားတွေ မှီတင်း နေထိုင်တဲ့ သဘာဝ ပတ်ဝန်းကျင်ကြီး သန့်ရှင်းပြီး နေပျော်စရာ ကောင်းလာရင် ကျွန်မ ကျေနပ်ပါပြီ။ ဒီ presentation နဲ့ ပတ်သက်တဲ့ ရှင်းပြချက် တွေကို မြန်မာလို စာရိုက်လို့ ပြီးတာနဲ့ ထပ်တင်ပေး ပါဦးမယ်ရှင်... သြော် ဒါထက် ဘာလို့ မြန်မာနိုင်ငံ ရန်ကုန်မြို့အတွက် စာတမ်းမလုပ်သလဲလို့ မေးလာရင် ကျွန်မက တစ်ခုပဲ ပြန်တောင်းဆို ချင်ပါတယ်... Data လေး ပေးပါ ပေးပါ လို့... ကိုယ့်နိုင်ငံက သတင်းအချက်အလက်တွေ သူများ နိုင်ငံကို ပေါက်ကြားရင် ဘာပုဒ်မနဲ့ ငြိတယ် ဆိုလား... Data ရှားပါး လွန်းလို့ လုပ်ချင်လျက်နဲ့ မလုပ်ခဲ့ရတဲ့ စာတမ်းတွေလဲ များပါပေါ့.. ဒါပေမယ့်လေ.. ဒေတာ ရလိုက်တာနဲ့ တပြိုင်နက် ချက်ချင်း အစားထိုး အသုံးချ လို့ရအောင်ချည့် ရွယ်စူးပြီး လုပ်ထားခဲ့ပါတယ်။ ကျေနပ်ပါတယ်နော်...

Read this document on Scribd: Municipal Solid Waste Management in Perth01

No comments: