Tuesday, July 22, 2008

၆၁နှစ်ပြည့် အာဇာနည်နေ့ကို ဂုဏ်ပြုခြင်း


အလုပ်ရှုပ်နေလို့ နောက်ကျမှ ဂုဏ်ပြုအားတယ်လို့ မှတ်ချက်ချရင်လဲ ခံရမှာပါပဲ။ တကယ့်ကို မလိမ်မညာတမ်း ပြောရရင်တော့ အာဇာနည်နေ့ ဆိုတာကို ကျွန်မ အကြိုက်ဆုံး ကာတွန်းကားထဲက သီချင်းလေးကို နားထောင်ပြီးတည်းက ကျွန်မရင်ထဲ အမြဲ ရှင်သန်ခွင့် ပေးထား ခဲ့တာပါ။ အာဇာနည် ဆိုတာ ဘာပါလဲ။

မြန်မာ ကျောင်းသုံး ဖတ်စာ ထဲမှာ အာဇာနည် ဆိုတာကို ဒီလို အဓိပ္ပာယ် ဖွင့်ဆို ထားပါတယ်။
သင့်မသင့်ကို ခဏချင်း ကောင်းစွာ သိပြီး မှန်ကန်စွာ ဆုံးဖြတ် နိုင်သူ၊ အများကောင်းကျိုး အတွက် မိမိ ကိုယ်ကျိုးနဲ့ အသက်ကိုပင် စွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်သူ ပါတဲ့။

အာဇာနည်တွေ များစွာ ရှိတဲ့ အထဲကမှ အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး လုပ်ကြံ ခံရလို့ ကျဆုံးတဲ့ နေ့ကို ရွေးပြီး အာဇာနည်နေ့လို့ အသိအမှတ် ပြုရတာ ကတော့ သူတို့တွေရဲ့ လုပ်ဆောင်ချက်က တိုင်းပြည်နဲ့ လူမျိုး တစ်ခုလုံး ပြောင်းလဲစေဖို့ အထိရောက်ဆုံး စွမ်းဆောင် ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီလို အာဇာနည် ဖြစ်လာတဲ့ သူတို့ရဲ့ ဘ၀ ဇာတ်ကြောင်းတွေ ထဲက လွတ်လပ်ရေး ရရင် နားအေး ပါးအေး ခြံစိုက် စားရင်း စာရေးဆရာ ဖြစ်ချင်တယ် လို့ ရင်ဖွင့် လာဖူးတဲ့ မြန်မာ့ အမျိုးသား ခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး စာမူ လေးတွေကို အလွမ်းပြေ ပြန်လည် တင်ပြရင်း ဒီနှစ်အတွက် အာဇာနည်နေ့ အမှတ်တရ ပို့စ်ကို အဆုံးသတ် ပါရစေ။ သို့ပေမယ့်

အာဇာနည်မျိုး သေရိုး မရှိ

He lives in you
He lives in me
He watches us over
everything we see
He lives alive in our hearts

Read this document on Scribd: aung


Self-Promotion လုံးဝ မပါဘဲ သူ့ပင်ကိုယ် စရိုက်ကို အမှန်အတိုင်း ရိုးရှင်း ပွင့်လင်း ရိုးသားစွာ တင်ပြ သွားတဲ့ သူ့စာ ထဲမှာ ပကာသန ကင်းစင် နေတဲ့ အရိုးခံ အရိုင်း အောင်ဆန်းကို ခုလို တွေ့မြင်ရပြီးတဲ့ အခါ သူ့ရဲ့ မြန်မာနိုင်ငံ အပေါ် ထားတဲ့ စေတနာကို အောက်ပါ အတိုင်း တွေ့ရပြန်ပါတယ်။ ဒီလို ရေးတာ self-promotion မဟုတ်ဘူးလားလို့ အပြစ်ရှာ အပြစ်တင် ချင်သေးရင်တော့ သူ့အနာဂတ် ရည်မှန်းချက် ဖြစ်တဲ့ ခြံစိုက်စားတဲ့ စာရေးဆရာ ဖြစ်ချင်တယ် ဆိုတဲ့ သူ့စကားလေး နဲ့ပဲ ပြန်တုန့်ပြန် မှာ ဖြစ်ပါတယ်။

Read this document on Scribd: Burma Independence Struggle by General Aung San

He lives in You!!!
He lives in Me!!!
He lives alive in Our Heart !!!

1 comment:

တန်ခူး said...

တန်ဖိုးရှိတဲ့postလေးအတွက် ကျေးဇူးပါ…