Thursday, June 5, 2008

Dreams Come True

မနေ့က ကျွန်မရဲ့ အိပ်မက် တစ်ခု မှန်ကန် လာကြောင်း သက်သေ တစ်ခု ရလိုက်လို့ အံ့သြ တကြီး ဖြစ်နေ တုန်း ဒီမနက် ခြောက်နာရီ မထိုးခင် မှာပဲ နောက်ထပ် အိပ်မက် တစ်ခု မှန်ကန် လာကြောင်း သိလိုက် ရပါတယ်။ အိပ်မက်တွေ ဆက်တိုက် မှန်ကန် လာတာမို့ ပျော်ရွှင် နေတဲ့ ကျွန်မ… ပျော်ရွှင်ခြင်း အထိမ်းအမှတ် အနေနဲ့ ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်လေး တစ်ပုဒ်ကို အခန်းဆက် တင်ဆက်ဖို့ စိတ်ကူးလိုက် ပါတယ်။ အဲဒီ ပုံပြင်လေးကို “ရှမ်ဘဲလား သို့ အပြန်လမ်း” လို့ နာမည် ပေးထား ပါတယ်။ စိတ်အေး လက်အေး ပဲ ကလေး ပုံပြင်လို သဘော ထားပြီး ဖတ်ဖတ်၊ အလေး အနက် စိတ်ဝင် တစားပဲ ဖတ်ဖတ်၊ စိတ်ကြိုက် ခံစားမှုနဲ့ ဖတ်နိုင်ပြီး စိတ်ကြိုက် ဝေဖန်မှု ပေးနိုင်ပါတယ်။ ဒါပေမယ့် ဝေဖန်မှု ပေးချင် ရင်တော့ အလေး အနက် စဉ်းစား ပြီးမှ ဝေဖန်ချက် ပေးဖို့ တောင်းဆို ပါရစေရှင်။ စာရေးသူမှ စာဖတ်သူသို့ ပထမဆုံး တောင်းဆိုချက်လို့ သဘောထား ပေးပါနော်… လူသား အားလုံး မှန်ကန် မွန်မြတ်တဲ့ အိပ်မက် များကို အကောင် အထည် ဖော်နိုင် ကြပါစေရှင်…

3 comments:

တန်ခူး said...

ရှမ်ဘဲလား သို့ အပြန်လမ်းကိုစောင့်နေမယ်...

diLo said...

:D how nice would it be..if dreams come true..

thanks for wishes sis

Doughnut IO said...

ရွမ္ဘဲလား ဆုိတာဟာ ဘာအနက္ရပါသလဲ။ အဒြီနာမည်ပါတဲ့ ရုပ်ရှင်တစ်ကား ကြည့်ဖူးလို့ပါ။