Monday, June 2, 2008

သတိ!!! အခြောက် ရှိသည်။

အခြောက် ခေါ် မိန်းမစိတ်ပေါက်နေသော ယောက်ျား များကို မြန်မာတို့က ပါဠိ စာပေ အရ နပုန်သက ပဏ္ဍုပ် ဟု ခေါ်သည်။ ယခင် ဘ၀ များက သူတပါးဧ။် သားသမီး သားမယား များကို နှောင့်ယှက် ပြစ်မှားခြင်း ဟူသော ကာမေသု မိစ္ဆာစာရ ကံကို ကျူးလွန် ခဲ့သောကြောင့် ငရဲခံပြီး လူပြန်ဖြစ် သော်လည်း အကုသိုလ် မကုန်သော ကြောင့် ယောက်ျား မဟုတ် မိန်းမ မဟုတ်သော ဘ၀ကို ရောက်သည်ဟု အယူ ရှိကြသည်။ ထိုသူများသည် ယောက်ျား ကဲ့သို့ ကျားကျားလျားလျား သတ္တိ ဗျတ္တိ ရှိသည်မဟုတ်။ အင်္ဂါ ဇာတ်နဲ့ မျိုးဗီဇ ကပင် ပွင့်လင်း မြင့်မြတ် မှု မရှိရာ စိတ်ဓာတ် ပွင့်လင်း မြင့်မြတ်မှု မရှိ သည်သာ များလေသည်။ သို့သော် အခြောက်တိုင်း၊ မိန်းမစိတ် ပေါက်နေသော နွဲ့နေသော ယောက်ျားတိုင်း ကို မဆိုလိုပါ။ ဘ၀ အကျိုးပေး ကြောင့်သာ သည်လို ဖြစ်နေရ သော်လည်း သူငယ်ချင်း အပေါ် အင်မတန် သစာ ရှိကာ စိတ်ကောင်း ရှိသော သူများကိုလည်း ကျွန်မ ဘ၀မှာ ကိုယ်တိုင် တွေ့ကြုံ ဖူးပါသည်။ အခြောက်ကို မြန်မာ ဘာသာ စကားဖြင့် လည်းကောင်း အင်္ဂလိပ် ဘာသာ စကားဖြင့် လည်းကောင်း အဆင့်အတန်း အမျိုးမျိုး ခွဲခြား သတ်မှတ် ထားသေး လေသည်။ ယင်းတို့မှာ

မိန်းမလျာ= girlish (ယောက်ျားကဲ့သို့ ၀တ်စား ဆင်ယင် သော်လည်း နွဲ့နေသော မိန်းမ ဟန်ပန် ရှိသူ)
ဂျီပုန်း= gay (ကျားကျားလျားလျားကြီး နေသော်လည်း ပင်ကိုယ် အခြောက်စိတ် ကို ဖုံးကွယ်ကာ လူကွယ်ရာ ရောက်မှ စိတ်ထွက်ပေါက် ရှာရဲကာ မိန်းမလို နေသူ၊ ခြောက်နေလျက် အခြောက်လို့ ၀န်မခံရဲသူ)
ဂန်ဒူး= shemale (စကော့ဈေးတွင် ရှောက်သီးဆေးပြား ရောင်းသော အခြောက်များလို ပေါ်တင် မိန်းမလို နေသူ) စသည်ဖြင့် အကြမ်းအားဖြင့် သုံးမျိုး ခွဲခြား နိုင်လေသည်။

ကျွန်မသည် ပထမ အကြိမ် khunmyahlaing@gmail.com ကို အသုံးပြုစဉ် ကလည်းကောင်း၊ ယခု လက်ရှိ အသုံးပြုနေသော wardii.orchid@gmail.com ကို အသုံးပြုရာတွင်လည်းကောင်း နည်းပညာ တတ်ကျွမ်းမှုကို အခွင့်ကောင်း ယူပြီး ကျွန်မရဲ့ အီးမေးကို hack ဟာ ကျွန်မ ရဲ့ စာတမ်းများနှင့် စီးပွားရေး အဆက်အသွယ် များကို ခိုးယူ အနှောင့်အယှက် ပေးခံ ခဲ့ရဖူးလေသည်။ ထိုအကြောင်းကို http://khunmyahlaing.blogspot.com/2008/04/blog-post_03.html ဖြင့် လည်းကောင်း၊ http://khunmyahlaing.blogspot.com/2007/10/blog-post.html ဖြင့် လည်းကောင်း ကျွန်မ ဧ။် ဘလော့ကာ သူငယ်ချင်းများကို သတိပေး ခဲ့ရဖူး ပါသည်။ ယခု တခါ မှာတော့ ထိုသို့ အနှောက် အယှက် ပေးရုံသာ မက နောက်ပိုင်းတွင် ကျွန်မ အယောင်ဆောင်ကာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တွင် ကျွန်မ နာမည်၊ အီးမေးလ် လိပ်စာ တို့ဖြင့် မန်ဘာ ၀င်ခြင်း၊ သူတပါးကို သတင်းမှား ပေးခြင်း၊ ချတ်လော့များကို ဖြတ်ညှပ်ကပ် လုပ်ကာ လျှောက်ပို့ခြင်း နည်းအားဖြင့် အချင်းချင်း သွေးကွဲစေရန် ရန်တိုက် ခြင်းများ အဆင့်ထိ လုပ်ဆောင် လာခဲ့ သည်ကို ပြန်လည် သိရှိ ရပါသည်။ နည်းပညာ ကျွမ်းကျင် သော ပညာရှင်နဲ့ တိုင်ပင် စစ်ဆေး ရာတွင်မှ ကျွန်မရဲ့ wardii.orchid@gmail.com မေးလ်ကို ၈ အောက်တိုဘာ ၂၀၀၇ တည်းက hack ကာ ပွားယူ စပိုင်ဝဲလ် တပ်ကာ သူ့မေးလ်ထဲသို့ သွယ်ယူ ထားသည်ကို စစ်ဆေး တွေ့ရှိ လိုက်ရလေရာ

ထိုသူကို ဒီနေရာကနေ ကျွန်မ ပြောချင်ပါသည်။ ထိုသူသည် ကျွန်မကို သေချာပေါက် သိသည်ဟု ကျွန်မ သိပါသည်။ ထိုသို့ သိနေလျက် ကျွန်မကို သည်မျှလောက် သဲကြီးမဲကြီး နှောင့်ယှက် လိုလျှင် ယခု ကျွန်မ ပြောသော စကားကို စွဲစွဲမြဲမြဲ မှတ်ထားပါ။

ကျွန်မသည် ၅ပေ ၉လက်မ ထိရှည်သော အရပ်ဖြင့် အကာအကွယ်မဲ့ လှုပ်ရှား သွားလာ နေသော သာမန် အမျိုးသမီး ဖြစ်ပါသည်။ ဒီအရပ်ကြီးကို ဘယ်နေရာက မဆို ထင်ရှားစွာ မြင်နိုင်ပါသည်။ ခုလို အောက်တန်း ကျလွန်းတဲ့ ခိုးကြောင် ခိုးဝှက် ရန်တိုက်ခြင်း၊ နောက်ကျော ကနေ ဓားနဲ့ ထိုးခြင်း စတဲ့ ဂျီပုန်း အလုပ်တွေ လုပ်နေမယ့် အစား မကျေနပ်ရင် ချောင်းရိုက်ဗျာ.. အဝေးကနေ စနိုက်ပါနဲ့ ဆွဲပစ်ဗျာ.. အဲလို လုပ်ရင် ခင်ဗျားကို ကျွန်မက ဂျီပုန်း အဆင့် ကနေ ဂန်ဒူး အဆင့်ကို တဆင့်မြှင့် သတ်မှတ် ပေးမယ်.. မကျေနပ်ရင် လူချင်း တွေ့မယ် ကြိုက်တဲ့ နေရာနဲ့ အချိန်ပြောလို့ စိန်ခေါ်တုန်း ကလဲ ခင်ဗျား ရင်မဆိုင် ရဲဘူး။ ယောက်ျား အဖြစ် သတ်မှတ် ခံချင်ရင် ခင်ဗျားကို တဆင့် အကြော ပေးမယ် .. ယောက်ျား အလုပ် လုပ်ဗျာ.. လူချင်း လာတွေ့လှည့်… ကြိုက်တဲ့ နေရာ၊ အချိန်၊ လက်နက် ရွေးဗျာ.. ဒါပေမယ့် တခုတော့ ရှိသနော့… အဲလို လုပ်ရင် ခင်ဗျား ယောက်ျားတော့ ပြန်ဖြစ်မယ်.. ဒါပေမယ့် ခင်ဗျားရဲ့ သမိုင်း ကြောင်းမှာ တချိန်က ဂျီပုန်း ဖြစ်ခဲ့တယ် ဆိုတာ ကိုတော့ ခင်ဗျား သမိုင်း ဖျောက်လို့ မရတော့ဘူး မှတ်…

သူငယ်ချင်းများသို့ တောင်းပန်ချက်။ ။ အထက်ပါ အီးမေးလ် နှစ်ခုကို ဆက်သွယ်ခြင်း၊ မေးလ် လက်ခံ ဖွင့်ဖတ်ခြင်း များကို လုံးဝ မပြုလုပ် ကြပါရန် တောင်းပန် အပ်ပါသည်။ သူငယ်ချင်း များအတွက် ဆက်သွယ်ရန် မေးလ် လိပ်စာ သစ်ကို မကြာခင် ဖုန်းနံပါတ် အသစ်ဖြင့် ပြန်လည် အကြောင်းကြား ပါမည်။ ထိုသို့ မေးလ် လိပ်စာ အသစ်ကို လက်ခံ ရရှိသော အခါ လက်ခံ ရရှိသူ သူငယ်ချင်းများ အခြား မည်သူ့ကိုမှ မေးလ် လိပ်စာ လက်ဆင့်ကမ်းခြင်း မပြုပါရန် လေးစားစွာ မေတ္တာ ရပ်ခံပါသည်။ အဘယ်ကြောင့် ဆိုသော် နာမည် ကြီးလိုသူ အသက် ၂၅နှစ် အောက် မိန်းကလေး နှစ်ဦးကို မြှောက်ပေး၊ ဂျီအက်စ်အမ် ဖုန်းနဲ့ ငွေကြေး မက်လုံး ပေးကာ ဘလော့ ရေးခိုင်း၊ ဘလော့ဂါ ယောင်ဆောင် ခိုင်းကာ ကျွန်မရဲ့ မေးလ်ကို ရယူ သွားခြင်း ဖြစ်ကြောင်း သက်သေ နဲ့တကွ မိပြီး ဖြစ်သော ကြောင့် ဖြစ်ပါသည်။ ဘလော့ရှိတိုင်း ဘလော့ဂါ မဖြစ်၊ ဘလော့ ရေးတိုင်း စာရေး နိုင်သော အရည်အချင်း ရှိသူ မဟုတ်ဘဲ ရှဲဒိုး ဘလော့ဂါများ ရှိကြောင်း အထူး သတိချပ် သင့်ပါသည် ရှင့်။

12 comments:

တန်ခူး said...

လှိုင်ရေ...ခုတလော ဒီလိုသတင်းတွေတော်တော်ကြားရတယ်...အချိန်တန်တော့လဲအမှန်တရားဆိုတာ ဖုန်းကွယ်မရပါဘူး...အနှောက်အယှက်ကင်းအဆင်ပြေပါစေ...

Khin said...

wow! why is the world of bloggers so complicated?

Anonymous said...

အသိဥာဏ်နည်းပါးလိုက်တာ..အဲလိုအောက်တန်းကျတာကို အခြောက်လို့ ခေါ်တယ်လို့ သိထားတဲ့ စာရေးသူရဲ့အသိဥာဏ်ကို အထင်သေးမိပါတယ်၊ ဒီလိုဆို မိန်းမသည် ယုတ်ညံ့သည်ဆိုတာကိုရော အတည်ယူပါသလား..ကျွန်တော်တော့ မယူဆပါ။ ထို့အတူ အခြောက်သည်လည်း စာရေးသူထင်သလို အအောက်တန်းကျသူများ မဟုတ်ပါ...ဒါကြောင့်..မကျေနပ်သူ၊ အောက်တန်းကျသူကို အောက်တန်းကျသည်လို့ပဲ တခြားစာလုံး စကားသုံးပြီး ဖြေရှင်းပါ..အခြောက်များအား မထိခိုက်၊ မစော်ကားသင့်ပါ။ အသိမြင်ကျယ်ပြီး ကိုယ်ပြောချင်သောစကားကို တပါးသူ(အခြောက်များ)ကို မထိခိုက်အောင် ပြောတတ်စေချင်ပါသည်။

ခွန်မြလှိုင် said...

Anonymous ရေ... ကျွန်မပို့စ်ရဲ့ အစပိုင်းတည်းက အခြောက် ကို နှိမ်တာ မဟုတ်ဘူးလို့ ပြောခဲ့ပါပကော။ ကျွန်မမှာ အခြောက် သူငယ်ချင်း အခြောက် ဆရာ ရှိခဲ့ ဖူးတယ်လို့လဲ ပြောခဲ့ပါတယ်။ ကျွန်မ ရှုံ့ချတာ လူရှေ့မှာ ယောက်ျားယောင်ဆောင်ပြီး လူကွယ်ရာ ခြောက်တဲ့ လူတွေ ရဲ့ မာယာ၊ ကိုယ့်ကိုယ်ကို ဂန်ဒူးဆိုပြီး ယောက်ျားတွေကို လိုက်ဆွဲတဲ့ သူတွေကို ဆိုလိုကြောင်း အဓိပ္ပာယ် ဖွင့်ဆို ပြခဲ့ပြီးပါပြီ။ ဒီ့ပြင် အရေးကြီးဆုံး တချက်က ကျွန်မ မေးလ် ကို ဖောက်တဲ့လူက အခြောက်မုန်းတဲ့ အယူရှိလို့ တမင် သက်သက် သူမုန်းတဲ့အချက်နဲ့ သူ့ပြန်နှက်တဲ့ အချက်ပါပဲ။ လူနဲ့မူ၊ privacy နဲ့ duty ခွဲတတ်တဲ့ သူတွေ ဖြစ်ကြပါစေ။

Unknown said...

အမှန်မှန်တော့စာရေးသူက အခြောက်ကို နှိမ်လိုက်တဲ့သဘောသက်ရောက်နေပါတယ်။
ဒီလိုရေသားသုံးနှုန်းတာဟာ စာရေးသူရဲ့ သူငယ်ချင်း၊ဆရာတွေ၊ဘိုး၊ဘေး၊ဘီ၊ဘင်တွေကိုပါ ထိခိုက်နိုင်ပါတယ်။ စာရေးသူရဲ့ဘိုး၊ဘေး ထဲမှာလည်း အခြောက်မပါဘူးလို့  ပြောနိုင်ပါသလား။ မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေထဲမှာလည် အခြောက်၊မိန်မတွေကို နှိမ့်ချထားတာ မပါပါဘူး။ တစ်စုံတစ်တယောက်ကို တုံ့ ပြန်ချင်တယ်ဆိုရင် သူ့ ကိုသာတုံ့ ပြန်သင့်ပါတယ်။ လူအမျိုးအစားတစ်ခုလုံးနဲ့ မတုံ့ ပြန်သင့်ပါဘူး။ ဒါကြောင် Anonymous ပြောသလိုပါပဲ သတိတရားရှေ့ ထားပြီးရေသားစေချင်ပါတယ်။

Nay Yaung said...

anonymous နဲ့ Soe တို့ကို လုံးဝထောက်ခံပါတယ်။ မကျေနပ်ရင် မကျေနပ်တဲ့ သူကိုပဲ တည့်တည့်ပြောသင့်တယ်။ ၀ါးလုံးရှည်နဲ့ ယမ်းတာမျိုးက လက်မခံနိုင်ပါဘူး။
(ထိုသူများသည် ယောက်ျား ကဲ့သို့ ကျားကျားလျားလျား သတ္တိ ဗျတ္တိ ရှိသည်မဟုတ်။) သတ္တိ ဗျတ္တိ ရှိတယ်ဆိုတာ ယောက်ျားမှ မဟုတ်ပါ။ မိန်းမ၊ အခြောက် ဘယ်သူမဆို လုပ်သင့်လုပ်ထိုက် တာကို မကြောက်မရွံ့ လုပ်ရဲသူကို သတ္တိ လို့ ခေါ်ပါတယ်။
နောက်ပြီး ခုခေတ်မှာ ကျားကျားလျှားလျှား ယောက်ျားပီပီသသ ဖြစ်ပါရက်နဲ့ မိန်မကို မကြိုက်ပဲ ယောကျာ်းလေးချင်းကိုမှ စိတ်ဝင်စားသူတွေ အများကြီးရှိနေပါပြီ။ သူတို့ကို လိင်တူချစ်သူလို့ ခေါ်ပါတယ်။ သူတို့ကိုရော လိင်တူချင်း ဆက်ဆံတာ တစ်ခုကြောင့် သတ္တိ ဗျတ္တိမရှိဘူးလို့ စာရင်းသွင်းမှာလား။
ယောကျာ်း စင်စစ်ဖြစ်ပြီး အရေးအကြောင်းဆို မိန်မ ထမီနောက်မှာ ပုန်းခိုနေတတ်သူတွေ အများကြီး ရှိပါတယ်။

Anonymous said...

ကို့ဖာကိုအဆင်မပြေတာနဲ့အခြောက်တွေကိုနှိမ်ပြီးမပြောပါနဲ့ ခင်ဗျားလိုမိန်းမကပိုအောက်တန်းကျတယ်

Anonymous said...

အမရေ ဟက်ကာတွေအားလုံးကိုတော့ ခြုံမပြောစေချင်ဘူး
နည်းပညာပေါ်အသုံးပြု ပုံခြင်းမှာ ကွာခြားသွားတာပါ
ကောင်းတဲ့နေရာမှာသုံးတဲ့ လူရှိသလို မကောင်းတဲ့ နေရာမှာသုံးတဲ့လူတွေလဲ အများကြီးရှိပါတယ် အမအကောင့်ကို ဟက်တယ်ဆိုတာက ပြောမယ်ဆိုယင် ကျွန်တော် တို့ ဟက်ကင်းအသိုင်းအ၀ိုင်းမှာ ကလေးအဆင့်ရှိတဲ့ လူတွေသာ လုပ်တဲ့ အလုပ်ဖြစ်ပါတယ်
ကျွန်တော်ပြောမယ် hcker ဆိုတာက အကောင့်တစ်ခုကို ဟက်တာလောက်နဲ့ ဟက်ကာ လို့မသတ်မှတ်ဘူး အမ တစ်ကယ်တမ်း seq .. တွေကိုဖေါက်နိုင်ရမယ် HTML တွေကိုနားလည်ရမယ် java နဲ့ (PHP) ကိုလဲ နားလည်တက်ကျွမ်းရုံတင် မကပဲ လက်တွေ အသုံးပြုတက်ရမယ် ကိုယ်တိုင် Tool တွေရေးရမယ် ဒါတောင် Hacker မဖြစ်သေးပါဘူး
ကျွန်တော် ပြောချင်တာ ကအမအကောင့်ပျောက်တဲ့ကိစ္စက recovery လုပ်တဲ့ ကလေးအထာနဲ့ တစ်ယောက်လောက်ပဲ ဖြစ်ပါလိမ့်မယ် ကျွန်တော် တို့ ဟက်ကင်းအသိုင်းအ၀ိုင်းထဲက ညီကိုတွေက အမအကောင့်ကို ဟက်ဖို့နေနေသာသာ အလကားရတဲ့ blogspot ကိုတောင် ဟက်ချင်တာမဟုတ်ဘူး ကျွန်တော်တို့ လေ့လာနေကြတာက အကြီးစားထိုးဖေါက်မှုတွေ ရှဲတွေ Rat တစ်ကောင်ကို ဘယ်လိုထိုးဖေါက်ရမယ်ဆိုတာကို လေ့လာနေတာနဲ့ မအားပါဘူးဗျာ
အဲ့လို အရေမရအဖက်မရတဲ့အလုပ်တွေကိုလဲ Hacker တွေကစိတ်လဲမ၀င်စားဘူး ဘာလို့လဲ ဆိုတော့ Gtalk အကောင့်ဆိုတာက အလကားရတဲ့အကောင့် တွေမိုလို့ပါ
blog spot လဲတူတူပဲ အလကားရတဲ့ ဆိုဒ်တွေပါ အဲ့အတွက် အချိန်ကုန်မခံနိုင်ပါဘူး
တစ်ချို့က ရှိတယ် အကောင့်လေး တစ်ခုလောက် ရီကာဗာ လုပ်တာနဲ့ မိမိ ကိုယ်ကို ဟက်ကာလို့ ထအော်နေတဲ့ လူတွေမြင်ဖူးပါတယ် အထူးသဖြစ် web တွေမှာ တက်ရေးနေတဲ့ လူတွေပေါ့ဗျာ
တစ်ကယ် Hacking အသိုင်းအ၀ိုင်းထဲမှာတော့
ဘယ်တော့မှ နည်းပညာကို အပြင်ကို အထွက်မခံပါဘူး ဘာလို့လဲ ဆိုတော့ underground လောကသားတွေဖြစ်လို့ပဲ ဘလင့်ဟက်ကာ ဂရုမှာ တင်ထားတဲ့စာကို ဖက်မိလားမသိဘူး (အမျိုးဘာသာသာသနာအတွက် ငါတို့ လက်တွေသွေးစွန်းသင့်တယ်)
အစိုးရမကောင်းယင် အစိုးရ ဆိုဒ်တွေကိုတိုက်မယ်
မြန်မာနိုင်ငံကိုပုတ်ခတ်တဲ့ ဆိုဒ်တွေတွေ့ယင် အဲ့ဆိုဒ်တွေကို တိုက်မယ်
ဂုဏ်ယူဖွယ် ကိစ္စပါ
နောက်တစ်ခါ ဟက်ကာတွေကို စော်ကားမှုတွေမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ် ဆက်လက် လုပ်ဆောင်နေမယ်ဆိုယင်
ပြင်းထန်စွာတိုက်ခိုက်သွားပါမယ် (NGH admin)
အမအကောင့်ကိုဟက်သွားတဲ့ လူကိုလဲ စုံစမ်းပေးပါမယ် Hacking အသိုင်းအ၀ိုင်းကိုတော့ မစော်ကားပါနဲ့ လေးစားစွာဖြင့် (NgH admin)

khunmyahlaing said...

NGH admin ရေ။ ကျွန်မရဲ့ပို့စ်ထဲမှာ ဟက်ကာဆိုတဲ့ စကားလုံး တလုံးမှ မပါပါဘူးရှင်။ ကျွန်မရဲ့ အကောင့်တွေ ကို ဟက်တဲ့လူ လို့ပဲ ရည်ညွှန်း ရေးထားပါတယ်။ ဟက်ကာဆိုတဲ့ နာမည်၊ ဂုဏ်ပုဒ်နဲ့မတန်ဘူး ထင်လို့ပါ။ ဒီတော့ ဟက်ကာတွေ အားလုံးကို ခြုံပြောရာရောက်တယ်လို့ ထင်စရာ မရှိဘူး လို့ မြင်မိပါတယ်။ ဟက်ကာတွေ ကို စော်ကားမှုတွေ အရင်ကလဲ မလုပ်သလို ခုလဲ မလုပ် နောင်လဲ လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ကျွန် မရေးထားတဲ့ ကျွန်မရည်ညွှန်းတဲ့လူတယောက်တည်း ကို ဦးတည် ရေးထားတာပါ။ သေချာဖတ်ကြည့် ပါရှင့်။ ကျွန်မကို မရှုမလှကျဆုံးစေချင်တိုင်း သူများနဲ့ လည်ရန်တိုက် စကားတွေ လမ်းကြောင်းလွှဲ misdirection တွေလုပ်ပြီး ရေးထားတဲ့ နာမည်မဖော်တဲ့ လူတွေ ရေးတဲ့ စာတွေကို လိုက်မဖတ်ဘဲ ကျွန်မရေးတဲ့ စာကိုသေချာဖတ်ရင် ဟက်ကာတွေကို ကျွန်မ ဘယ်တုံးကမှ စော်ကား မထားဘူး ဆိုတာ တွေ့ရမှာပါ။ ငြိမ်းချမ်းပါစေရှင်။

Anonymous said...

နင် ဖာခံစားတော့
အလုပ်ဖြုတ်လိုက်ပြီ

လီးကြားကလီးပန်းမ said...

လီးကြာမှာပွင့်တဲ့ကြေးစားမ
နင် ဆိုလိုတဲ့အ ခြောက်တွေကနင့်ကိုသွေးတ
စက်စက်ကျအောင် လိုးသတ်ပေးမယ်
နင့်လင် ကခြောက်နေလို့လာ
ပြည့်တဆာမ

Anonymous said...

ဘယ်လိုဘဲဖြစ်ဖြစ် အမထင်တဲ့လူကယောက်ကျားအစစ်လည်းဖြစ်နိုင်ပါတယ် မိန်းမလျှာ နဲ့ပတ်သက်ပြီးဝေါဟာရတွေပေးသွားလို့လည်းကျေးဇူးတင်ပါတယ် ဝေဖန်ခံရတယ်ဆိုတာ အမရဲ့postကိုစိတ်။ဝင်စားလို့ဘဲ ဆက်ကြိုးစား ဒါပေမယ့် ငါးခုံးမတစ်ကောင်ျကြာင့် တလှေလုံးပုပ်မယ့် အသုံးတော့ရှေင်ပေါ့ဗျာ