Wednesday, May 7, 2008

Just Before and After... But

မေ ၅ရက်နေ့မှာ နာဆာ အမျိုးသား အာကာသ သိပ္ပံ စခန်းက ရိုက်တဲ့ ဓာတ်ပုံကို မုန်တိုင်း မ၀င်ခင်က ဓာတ်ပုံနဲ့ နှိုင်းယှဉ် ပြထားတာပါ.. ဒီလောက် အခြေအနေ ဆိုးဆိုးရွားရွား ရေလွှမ်းခံရခြင်းရဲ့ အဓိက တရားခံ ကတော့ ဒီရေတောက သစ်ပင်တွေကို ခုတ်ပြီး ရောင်းစားခဲ့တဲ့ ၀ိသမ လောဘသား တွေပဲ ဖြစ်ပါတယ်။ ပင်လယ်ကမ်းရိုးတန်းက ဒီရေတော တွေဟာ ကုန်းတွင်းပိုင်းနေ သက်ရှိ သတ္တ၀ါ အားလုံးတို့ကို ဒီရေ ဒဏ်နဲ့ မုန်တိုင်းဒဏ်ကနေ ကာကွယ်ပေးထားတဲ့ အဓိက သဘာဝ ခံကတုတ်တွေပါ။ ဒါကို သစ်တော ထိန်းသိမ်းရေးကို ဆိုးဆိုးရွားရွား ဖျက်ဆီးသူ ၀ိသမ လောဘသား များက တောင်ပေါ်က သစ်တောတင် မက သစ်မြစ်ဆုံ နဲ့ အလှဆင် ပန်းပုထုပြီး အိမ်ထောင် ပရိဘောဂ ထုလုပ်လို့ ကောင်းတဲ့ ဒီရေတောက ခွဆုံပေါတဲ့ သစ်ပင်တွေကို အမြောက်အများ ခုတ်ယူကာ တရုတ်ပြည်ကို တင်ပို့ခြင်း၊ မီးသွေး ဖုတ်ခြင်း စသဖြင့် သဘာဝ သစ်တော ခံကတုတ်ကို အပြုတ်ခုတ်ခဲ့ ကြပါတယ်။ ခုတော့ သဘာဝ တရားက ဒဏ်ခတ်လိုက်တဲ့အခါ မြန်မာပြည် မြေပုံ ဖင်ပြတ်ပြီး ဂွပြဲသွားပါတယ်




link: http://www.nasa.gov/topics/earth/features/nargis_floods.html

1 comment:

Ulmuka said...

ဖင်ပြတ်ပြီး ဂွပြဲသွားတယ်တဲ့...
မှန်လိုက်လေခြင်း အစ်မရေ..
အစ်မ ရေးသမျှကို အားပေးလျက်ပါ..