Thursday, May 15, 2008

ကျေးဇူးပြု၍ နားလည်(ပေး) ပါရှင်...

မကြည့်ချင်တော့ဘူး ပြောတိုင်း..
အသည်းနှလုံးမရှိလို့ မထင်လိုက်ပါနဲ့..
ဘယ်လိုမှ မကြည့်ရက်တော့လို့ပါ..

မကြားချင်တော့ဘူး ပြောတိုင်း..
ပြောရက်လိုက်တာလို့ မထင်လိုက်ပါနဲ့..
ဘယ်လိုမှ နားမထောင်ရက်တော့လို့ပါ..

မပြောချင်တော့ဘူးလို့ ပြောတိုင်း..
မပြောတတ်လို့လို့ မထင်လိုက်ပါနဲ့..
ပြောစရာ ရင်မှာ စကားလုံး ရှာမရတော့လို့ပါ..

ဘာလုပ်ပါ ညာလုပ်ပါလို့ မပြောခင်...
မြင်အောင်ကြည့်ပေးပါ..
“ညာ” သံမပေး၊ မကြွေးမကြော် ဂုဏ်မဖော်အား...
ဆို့နစ်ကြေကွဲ မျက်ရည်ဝဲရင်း ...
လုပ်ရကိုင်ရ၊ မနားရနှင့် ...
နာဖျား အားပြတ် အိပ်ရာထက်မှောက် ...
နာချိန်ရောက်မှ 'net' ပေါ်တက်အား ...
စာရေးအားသည် ...
မြန်ပြည်သားတို့ အေးပါစီ(စေ)

No comments: