Monday, May 19, 2008

ကိုယ် မသိသော ဖုန်းနံပါတ်များ ဆက်သွယ်လာရင် ထူးခြားချက်ကို အထူး သတိထားပြီးမှ လက်ခံ နားထောင်ခြင်း ပြုပါရန်

ယနေ့ နေ့လယ် တစ်နာရီ ခန့်တွင် ကြားသိရသော သတင်းတစ်ရပ် အရ ထိုင်းနိုင်ငံမှာ ခုလောလောဆယ် 08666---- အစချီတဲ့ နံပါတ် ၁၃လုံး ပါတဲ့ ဖုန်းတစ်call လူတွေကို လိုက်ဆက်နေပါတယ်တဲ့ နံပါတ်က အနီရောင် စာလုံးနဲ့ ပေါ်တယ်တဲ့.. ခုချိန်ထိ သိရသလောက် နားထောင်သူ လေးယောက် လေးနာရီ အတွင်း သေတယ်တဲ့ high frequency transciver လှိုင်းကြောင့် အာရုံကြော ထိခိုက်ပြီး သေတာတဲ့.. ဒါကြောင့် ကိုယ်မသိသော ဖုန်းများ ကိုယ့်ကို ခေါ်ဆို ဆက်သွယ် လာရင် အထူးသတိထားပြီး ထူးခြားချက် လေးတွေ မရှိမှ လက်ခံ နားထောင်ပါရန်၊ ပိုကောင်းတာက ကိုယ်နဲ့ မသိသေးတဲ့ တစ်စုံတစ်ယောက် ဖုန်းမဆက်ခင် မေးလ် ပို့မိတ်ဆက်ခိုင်းရန် သို့မဟုတ် မိတ်ဆက်ပေးသူထံမှ ဖုန်းနံပါတ် အရင် တောင်းယူထားရန် သတိပေးချင်ပါတယ်ရှင့်.. ဘေးကင်းကြပါစေ... (ဒီနည်းနဲ့ ရက်စက်တတ်သူများကို လူလို့ မသတ်မှတ်လို့ ဘာမှ မပြောချင်တော့ပါ)

1 comment:

Anonymous said...

ချဲနံပတ်ပေးနေတာတော့ မဟုတ်လောက်ဘူး၊ အဲဒီလိုသတ်လို့ရရင် သန်းရွှေကို အရင်ဆုံးသတ်မယ်။ ပြောသာပြောရတယ် အဲဒီလှိုင်းကို ကာကွယ်တဲ့ ပစ္ဏည်းတွေ သန်းရွှေတို့ ၀ယ်ပြီးပြီးလားမသိ ဟဲဟဲ