Tuesday, March 4, 2008

မျက်ရည်ခမ်းတဲ့နေ့

ဟောဒီ နှလုံးသား မီးတောင်မှာ
ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေနဲ့
မီးတောင်ချော်ရည်တွေက
မျက်ရည်မြစ် အဖြစ် စီးဆင်း
ခံစားချက်တွေ ပြင်းလွန်းခဲ့တော့
အပူကြီးလို့ အငွေ့ခြောင်းခြောင်းထ
အဲဒီနေ့က မျက်ရည်ခန်းခဲ့ရတယ်…

မျက်ရည်မဲ့သူ ဘ၀မှာ
ခံစားချက် မဲ့တယ် မထင်နဲ့
ဆို့နင်ကွဲကြေနေတဲ့ နှလုံးသားမှာ
ရင်မဆိုင်ဝံ့တာ မရှိဘူး…
ဘ၀ကို မချစ်နိုင်တော့လောက်အောင်
ဖိနှိပ်ရက်စက် ပြမနေကြနဲ့
ခင်တွယ်စရာ ဘ၀တောင် ငဲ့စရာ မရှိတဲ့သူမှာ
ရင်မဆိုင်နိုင်စရာ လောကမှောင် အကြောက်တရား မရှိတာမို့
ရင်ဆိုင်ကာ တွန်းလှန်ရင် ပွဲကြည့်ကောင်းမှာ မဟုတ်….
ကဲ!!! ခုတော့…
ဟော့ဒီ နှလုံးသား မီးတောင်မှာ
မျက်ရည်တွေ ခမ်းနေခဲ့ပြီ….

1 comment:

Kaung Kin Ko said...

ကဗှာလာဖတ်သွားတယ်ဗျို့ 