Sunday, January 6, 2008

Happy Birthday to My Loves

ဒီ ဇန်န၀ါရီလဟာ ကျွန်မအတွက်တော့ ဘ၀မှာ အရေးတကြီး ချစ်ရသူတွေကို မွေးနေ့ ဆုတောင်း အများကြီး ပေးရတဲ့ လပါပဲ။ အနန္တ ကျေးဇူးရှင် မွေးဖေဖေ၊ ခင်ပွန်းကောင်း တစ်ယောက်ကို မွေးထုတ် ပေးတဲ့ သိပ်ချစ်ရတဲ့ ကျေးဇူးရှင် မေမေ၊ အသက်သခင် ကျေးဇူးရှင် ခင်ပွန်းသည်၊ ဘယ်လို မုန်တိုင်း တိုက်ခတ် ပါစေ၊ ကျွန်မနဲ့ အတူ မယိမ်း မယိုင် တည်ရှိ ခဲ့ကြတဲ့ အကိုတော်များ၊ သူငယ်ချင်း များလဲ ဒီလမှာ မွေးကြပါတယ်။ (ကျန်တဲ့ ဆယ့်တစ်လ မှာ မွေးပြီး အရေးတယူ ချစ်ရသူ ခင်ရသူ တွေလဲ ရှိပါတယ် နော်).. သူတို့ အားလုံး အတွက် ကျွန်မ ပေးနိုင်တဲ့ ကျွန်မရဲ့ မွေးနေ့လက်ဆောင်ကတော့… Platonic Adoration ပါပဲ…

P= Personality, Peace and Patience
L= Love and Loyalty
A= Admiration
T= Trust and Toleration
O= Optimism
N= Naivety
I= Intellect and Inspiration
C= Calm, Confide and Compromise

A= Appreciation
D= Dependable but must have freedom
O= Oddity
R= Realism and Respect
A= Artlessness and Ability
T= Tenderness and Teamwork
I= Innocence
O= Obstinacy on truth
N= Nobleness

မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင် Platonic Adoration ကို လက်ခံ ကျင့်သုံး ဖြန့်ဝေ နိုင်ကြပါစေ..

တခါတလေ.. နှလုံးသား ထဲက ထွက်လာတဲ့ တချို့ စကားတွေဟာ လက်ကို ဖြတ်သန်းလို့ စာမျက်နှာပေါ် ရောက်တဲ့ အခါ လမ်းမှာ တော်တော် များများ ထွက်ကျ ကျန်ခဲ့တာတွေ ရှိတတ်လို့ စကားလုံးတွေက ခံစားချက် တွေကို အပြည့်အ၀ ပုံဖော် နိုင်မှု နည်းလွန်း လှပါတယ်။ အခုလဲ ကျွန်မ ပြောချင် တာတွေ စာမျက်နှာ ပေါ်ကို အပြည့် အ၀ မရောက် လာခဲ့ဘူး။ ဖြည့်စွက် ခံစားလို့ နားလည် နိုင်ကြ ပါစေ။

4 comments:

ထွန်း said...

တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ယူသွားပြီး ကျေးဇူး... မွှား

Anonymous said...

စကားလုံးတွေက ခံစားချက် တွေကို အပြည့်အ၀ ပုံဖော် နိုင်မှု နည်းလွန်း လှပါတယ်။ = Artlessness

စကားလုံးတွေက ခံစားချက် တွေကို အပြည့်အ၀ ပုံဖော် နိုင်မှု = Artfullness

Anonymous said...

Artlessness= a kind of innocence
Artfullness= The quality of being adroit in taking unfair advantage

English-English Dictionary ထဲက အတိုင်းပါပဲနော် အမည်မဖော်လိုသူရေ

Mr.Pooh @ မောင်ပွတ် said...

ကျွန်တော်တို့မှာ ညီအစ်ကို သုံးယောက်ရှိတယ်။ သုံးယောက်လုံး ဇန်နဝါရီမှာ မွေးတာလေ။ အစ်မရဲ့ Jan Born စာရင်းမှာ သုံးယောက်တိုးလိုက်နော်။ ကျေးဇူးအစ်မ။