Friday, January 4, 2008

ကြော်ငြာပါရစေ.. ကြော်ငြာ ပါရစေရှင့်



ရွေှ့ပြောင်း မြန်မာ ကလေးငယ်များရဲ့ ပညာရေးရန်ပုံငွေပွဲအဖြစ် ပထမ ပွဲစဉ်ကို ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့၊ ညနေ(၅)နာရီမှ ည (၈)နာရီအထိ ဖြစ်ပါသည်။ ကျင်းပမည့်နေရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Student Christian Center 238/1, Phyathai Road Rachathewi, Bankok (Rachathewi မိုးပျံရထားဘူတာရုံအနီး) မှာကျင်းပမှာဖြစ်ပါသည်။

ဒုတိယပွဲစဉ်ကိုတော့ ၁၃ - ၁ - ၂၀၀၈ တနင်္ဂနွေနေ့မှာ ဘန်ကောက်မြို့ တောင်ဘက်ရှိ ဘန်မော အရပ်မှာ ကျင်းပမှာဖြစ်ပါတယ်။ အချိန်ကတော့ ညနေ ၆ နာရီမှ ည ၉ နာရီအထိဖြစ်ပြီး ၀င်ကြေး ၂၀၀ ဘတ် သတ်မှတ်ထားပါတယ်။

ရွှေ့ပြောင်းမြန်မာကလေးငယ်တို့၏ ပညာရေးရန်ပုံငွေ ဖျော်ဖြေတင်ဆက်ပွဲဖြစ်ပါသည်။သီးလေးသီး အငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ)တို့ ပါဝင်ကပြဖျော်ဖြေပါမည်။ ပြည်သူ့အတွက် အနုပညာရှင်အစစ်ဖြစ်သော သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်အဖွဲ့ကို ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဝင်ကြေး တစ်ဦးလျှင်(၂၅၀)ဘတ်ဖြင်ြ့ပီး လက်မှတ်များကိုအောက်ပါ အရောင်းကိုယ်စားလှယ်များ တွင် ၀ယ်ယူနိုင်ပါသည်။
ကိုအောင်အောင်- ဖုန်းနံပါတ် 083 8295 767
ကိုခိုင်ကြီး - ဖုန်းနံပါတ် 087 7007 023
ကိုဇော်ဇော် - ဖုန်းနံပါတ် 087 3416 978

The Spirit Media Production ရဲ့ ပထမခြေလှမ်းအဖြစ် သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့် အဖွဲ့ရဲ့ နိုင်ငံရပ်ခြား ဖျော်ဖြေတင်ဆက်မှုပွဲစဉ်မှ ထိုင်းနိုင်ငံ ပွဲစဉ်များကို စီစဉ် တင်ဆက် တယ်လို့ ဆိုပါတယ်

ညာလက်က ခဲတံ မကိုင်နိုင်ရုံမက ခု ကီးဘုတ်ပါ ကောင်းကောင်း မရိုက်နိုင်လို့ ဘလော့ဂါ ပြည့်စုံရဲ့ ဘလော့က စာသားများ ကူးယူ ကြော်ငြာ လိုက်ပါကြောင်း…

2 comments:

ဂျေဂျေ said...

ဆီတွေဈေးတက်တော့ လေယာဉ်ခလဲ ဈေးတက်တာနဲ့  မလာနိုင်တော့ဘူးထင်ပါရဲ့ ညီမရေ.. အဲဒီမှာ ဗီဒီယိုလေး ရိုက်ပြီး ကုသိုလ်ဝေပေးနိုင်ရင် အရပ်ရပ်က (ဇာဂနာ့အငြိမ့် ဟာသ) ငတ်နေကြတဲ့ တို့ လူလေးများ က ကျေးဇူးတင်ကြမှာပါ။ ဖြစ်နိုင်ရင်ပေါ့...

Winkabar said...

သီးလေးသီးအငြိမ့်က တော်တော်လေးကောင်းပါတယ်။ သူ့ပြက်လုံးတွေက အဓိပ္ပာယ်တော်တော်ရှိတယ်။

ညာလက်ကဘာတွေဖြစ်တာလဲအစ်မရဲ့။ နေမကောင်းသေးဘူးလား။ ကျန်းမာရေးဂရုစိုက်နော်။ မြန်မြန်နေပြန်ကောင်းပါစေ။