Friday, January 4, 2008

လွတ်လပ်ရေး အောင်ပွဲ အလံ

ဒီအလံတော်ရဲ့ ဦးဆောင်မှု အောက်မှာ လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ခဲ့တယ်။ ဒီအလံတော်ကို လွတ်လပ်ရေး နေ့မှာ အင်္ဂလိပ်တို့ရဲ့ ယူနီယံဂျက် အလံနဲ့ ပြောင်းလဲ လွှင့်ထူ နိုင်ခဲ့တယ်။ လွတ်လပ်ရေး ကျောက်တိုင်ကို ဒီအလံတော်မှာ ပါတဲ့ ကြယ်တွေ ပုံအတိုင်း အပေါ် တည့်တည့်က ကြည့်ရင် မြင်ရအောင် တည်ဆောက် ခဲ့တယ်။ ခု ဒီလို ကျေးဇူး များခဲ့တဲ့ အလံတော်ဟာ ကျောင်းကသင်တဲ့ သမိုင်း သင်ရိုးမှာ မပါခဲ့ တော့ဘူး…. ဒါပေမယ့် ကျေးဇူး တရားကို သိတတ်တဲ့ မြန်မာ ပြည်… ဒီအလံတော်ကို သတိရ နေကြ ပါသေး တယ်။ သမိုင်းဆိုတာ စာရွက် ပေါ်မှာ ရှိတာ မဟုတ်ပါဘူး။ လူတိုင်းရဲ့ နှလုံးသား စာမျက်နှာ ပေါ်မှာ သမိုင်း စစ်စစ်တွေ ရှိနေပါတယ်။ သမိုင်းဆိုတာ ပြုပြင်လို့ မရ၊ ဖျောက်ဖျက်လို့ မရ၊ အသစ် ပြင်ရေးလို့ မရ… တစကန့်တိုင်း၊ လုပ်ရပ်တိုင်းမှာ အကောင်းဆုံး လုပ်သွားမှ သမိုင်းကောင်း ကျန်ပါမယ်…





---


ENGLISH TRANSLATION

Till the end of the world, Myanmar!,
Since she is the true inheritance from our forefathers, we love and value her.
We will fight and give our lives for the union
This is the country and land of our own
For her prosperity, we will responsibly shoulder the task,
Standing as one in duty to our precious land.



Source: http://david.national-anthems.net/mm.htm

No comments: