Wednesday, January 30, 2008

ဒီလို လူမျိုး

မချစ်ပါနဲ့
ရွံ့မုန်းလွန်းလို့ပါ
ချစ်သူလို့ နာမည်ခံ
ရင်ကိုဖွင့်ဖွင့်ပြီး ငိုချင်းတွေ ညည်းပြရင်း
မျက်ရည်တွေနဲ့ သူများဘ၀ကို နစ်သထက်နစ်အောင် မနှစ်ပါနဲ့
အဲလို မာယာအချစ်နဲ့လူစားမျိုးကို ချစ်သူ မတော်ချင်ဘူး
ကြောက်လွန်လွန်းလို့ပါ

မခင်ပါနဲ့
စိတ်ပျက်လွန်းလို့ပါ
သူငယ်ချင်းလို့ နာမည်ခံ
သိပ်ခင်လို့ သိပ်သိတာပဲ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
မာယာတွေကို အမှန်တွေကြားထဲ
အသားညှပ်ပေါင်မုန့်လို ထည့်ရင်း
အပြုံးတွေနဲ့ ဘ၀ဆုံးအောင် အမုန်းမလုပ်လိုက်ပါနဲ့
အဲလို မာယာသူငယ်ချင်းမျိုး မပေါင်းချင်ဘူး။
ကြောက်လွန်လွန်းလို့ပါ

2 comments:

Mintasay said...

ခြောက်ခြားစရာပဲနော်...

Kaung Kin Ko said...

ဘာတွေ ခြောက်ခြားနေတာတုန်း တစေရ။ ဟတ်ဟတ် :D