Sunday, January 13, 2008

ထိုင်းကိုလာမယ့် မြန်မာ ယောက်ျားလေးများ သတိ*

မိန်းကလေးများ ထိုင်းကို လာရင် ဘယ်လို ၀တ်ရမယ် နေရမယ် ဆိုတာကျ ပြောပြီး ကျွန်တော်တို့ အတွက် လဲ ပြောဦးလေ ဆိုတဲ့ ဘလော့ဂါ မောင်လေးများ သတိထားစဖွယ် လေးများကို တင်ပြ လိုက်ပါတယ်။

အ၀တ်အစား။
ယောက်ျားလေးပဲ ဘယ်လို ၀တ်ဝတ် စပို့ရှပ်၊ တီရှပ်၊ ရှပ်အင်္ကျီနဲ့ စွပ်ကျယ်ပဲ ၀တ်စရာ ရှိတယ်လို့ ထင်စရာပါ။ အဲ.. အဲဒါလေးများဆိုပြီး
body fit ခေါ် ကိုယ်ကျပ်လေးများ ၀တ်လိုက်မယ် ဆိုရင် ဒန်တန့်တန်..
နောက်ပြီး အရောင်အသွေးလေးများကလဲ နုဖပ် နေမယ် ဆိုရင် ဒန်တန့်တန်..
နောက်တစ်မျိုး အပွင့် အခက် အဆင်လေးများကလဲ မိန်းမ၀တ် ဆန်နေမယ် ဆိုရင် ဒန်တန့်တန်
မောင်ငယ်လေးများကို အခြောက် သို့မဟုတ် နွဲ့နေသူ girlish လို့ သမုတ် လိုက်မှာ ဖြစ်ပါတယ်။ တိန်**

ဘောင်းဘီ ကတော့ အထူး မပြောတော့ပါဘူးနော်.. ဒါပေမယ့် ယောက်ျားဝတ်နဲ့ မိန်းမ၀တ် ဘောင်းဘီ များ ကိုတော့ ခွဲခြား တတ်ပြီး သားလို့ ယူဆပါတယ်။ ဖိနပ် ကိုလဲ ဒီဇိုင်းကို ကြည့်စီး ပေါ့နော့.. ထူးပေ သည် ဆန်းပေသည် ဆိုတိုင်း သွားဝယ် မစီးနဲ့လေ.. ယောက်ျားလျာ မိန်းကလေး တွေအတွက် ထုတ် ထားတဲ့ ဖိနပ် ဖြစ်နေ တတ်တယ် နော့။

အနေအထိုင်။
မြန်မာပြည်က လာတဲ့ ယောက်ျားလေးများ အထင်လွဲ ခံရဆုံး အပြုအမူက ယောက်ျားလေး သူငယ်ချင်းချင်း ပုခုံးဖက် သွားတာ၊ ပုခုံး ဖက်ရင်း ဓာတ်ပုံ တွဲရိုက်တာ၊ ပြီးတော့ လမ်းသွားရင်း အတူတွဲ ထိုင်ရင်း ခေါင်းပုတ် လက်ပုတ်၊ ဆံပင်ဖွ၊ အစရှိတဲ့ ခင်မင် ရင်းနှီးမှု ပုံပြ အမူအရာ များဟာ နိုင်ငံခြား မှာတော့ ယောက်ျားချင်း ဒီလို အလေ့ မရှိဘဲ ယောက်ျားချင်း အတူနေ gay များသာ ပြုမူလေ့ ရှိကြတဲ့ အမူအရာ ပါတဲ့။ တခါက မြန်မာ ကျောင်းသား နှစ်ယောက် ပျော်ပွဲစား ထွက်ရာမှာ အဲလို အတူ ဓာတ်ပုံ သွေးရိုး သားရိုး ရိုက်မိ ပေမယ့် သူ သဘောကျတဲ့ ထိုင်းမလေးကို သွားရောက် ပိုးပန်း ရာမှာ နှစ်ဖက် ချွန်လို့ အထင် ခံလိုက် ရတဲ့ အတွက် အတော် ကြီးကို ခံစား သွားရ တယ်လို့ ဆိုပါ တယ်နော့။

နောက်တခါ ကွင်းထိုး ဖိနပ် လှလှ လေး စီး၊ ကိုယ်ကျပ် အင်္ကျီလေးကို ဗလ ကြွားဖို့ ၀တ်ရင်း နှင်းဆီ ပန်းလေးကို ကိုင်ကာ အသည်း လေးဆီ သွားဖို့ ကားစောင့် နေတုန်း လိုက်မလား အခေါ် ခံရ တတ်တာ လဲ သတိ ထားပါ။ ဘာကြောင့်လဲ ဆိုတော့ gay များ အဖော် ရှာဖို့ သင်္ကေတ ဖြစ်လို့ပါတဲ့ ခွိခွိ။

နိုင်ငံခြားသူကို ပိုးပန်း ရာမှာ သူငယ်ချင်း အုပ်လိုက် ထမင်းစား မုန့်စား နေစဉ် တည့်တည့် သွားပြီး ညစာ စားဖို့ ဖိတ်တာဟာ ပိုးပန်းနည်း တစ်ရပ်ပါ။ ပေါ်တင် ပြောလို့ မရိုင်းပါဘူး။ အဲ.. မြန်မာပြည်မှာ ပိုးပန်းနည်း ဖြစ်နေတဲ့ သွားလေရာနောက် တကောက်ကောက် လိုက်ခြင်း၊ စာသင်ခန်းရှေ့ အိမ်ရှေ့ သွားစောင့်ခြင်း ပြုမိ တဲ့ အတွက် ပြန်ပေးဆွဲဖို့ လိုက်ချောင်း နေပါတယ် လို့ ရဲကို အတိုင်ခံ လိုက်ရတဲ့ မြန်မာ ကျောင်း သား ရှိဖူးတယ်နော့။ သူတို့ ခမျာ တကယ် ကြောက်ရှာ တာပါ :P မကြုံ ဖူးဘူး မဟုတ်လား။ ကြိုက်လို့ လိုက်ကြည့် မိတာ ပါလို့ ၀န်ခံတော့ ဘာလို့ အဲလို ဗြောင် မပြော သလဲ တဲ့လေ။ အင်းလေ ဟုတ်ပါ့။ ဗြောင် ဖွင့်ပြော လိုက်ရင် ပြီးနေ တာကို နော်။

ကဲ.. ဒီလောက်ဆို အိုကေတယ်ဟုတ်။ ကျန်တာတော့ မီးစင်ကြည့်ကပေါ့.. တော်ကြာ ကိုယ်ပိုင် အစွမ်း အစ ထုတ်ခွင့် ပိတ်ပင်လို့ လူ့အခွင့်အရေး ဖောက်ဖျက် သူကြီး ဖြစ်နေပါ့မယ်။ တော်သေးပြီနော်။

6 comments:

Kaung Kin Ko said...

ကိုယ်ကြပ် အင်္ကျီတော့ ဝတ်စရာ အကြောင်းမရှိဘူးဗျို့ ။ ကြွားစရာ ဗလ မရှိလို့ ။ အရိုးပဲရှိတယ်။ အဟီး

Myo Thaw said...

ထိုင်းမလေးတွေက သူတို့ကြိုက်ရင် အိမ်ခန်းကိုလိုက်လည်းဖို့ဖိတ်ခေါ်လေ့ရှိတတ်ပါတယ် ... ဟဲ ဟဲ .... ဗြောင်လည်းပြောတတ်တယ် ... နော်တို့လို မြန်မာနိုင်ငံသားတွေအတွက် အထူးဆန်းမို့ ကြောင်နေတတ်ပါတယ် ...

ကလူသစ် said...

ကလူသစ်လို အာနိုးကိုယ်လုံးမျိုးနဲ့ နွဲ့ပြလိုက်ရင်ကောဟင်

နှင်းပွင့်ဖြူ said...

မှတ်သားရပါဧ။် မှတ်သားရပါဧ။်. မှတ်သားရပါဧ။် ခွိခွိခွိ

Khin said...

သဘောကျတယ် ပညာပေးတာ

ယပလက်ကောင်လေးတွေဟာ အချောက်နဲ့ သိပ်တူတာဘဲ
ယပလက်မလေးတွေစကားပြောတာ နွဲ့ လွန်လွန်းလို့ 
ဗမာမတွေလိုက်မမီဘူး
အထီးတွေတောင် တော်တော်နွဲ့ တာ

အမေရိကားမှာ အချောက်ဆိုရင်သိပ် နှိမ်ချင်ကြတာ

နွဲ့ တာဆို လက်မခံလို ကြဘူး

ကျားကျားယားယား ဝက်ဝံကြီးတွေလို လမ်းလျောက်ကြတယ်။

အားကစားလုပ် စတီးရိုက်တွေ သောက်နဲ့ လွန်ကုန်ပြန်ရော

pandora said...

ဒီပို့စ်လေးကို အရမ်းသဘောကျတယ် လှိုင်
ပညာလည်းပေး ရယ်လည်းရယ်ရတယ်
ဘယ်သူက အခြောက်လဲလို့ ကိုယ်တို့တွေလည်း သိရတာပေါ့

တော်ကြာ ကိုယ့်ကို ကြည့်လှတယ် မှတ်လို့ တယ်ဟုတ်ပါလားဆိုပြီး ပဲပေးနေမိရင် နောက်တော့ ကိုယ့်ဘေးက ကိုယ့်လူကို လာကြွိုင်နေတာ ဖြစ်နေဦးမယ်