Friday, January 4, 2008

လွတ်လပ်ရေး ဆိုတာ

နှစ် ၆၀ပြည့် လွတ်လပ်ရေးနေ့

ကျွန်မ သိတဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရဆိုတာ မိမိကိုရော သူတပါးကိုပါ မထိခိုက် မနစ်နာစေတဲ့
လွတ်လပ်စွာ ပညာ သင်ယူခွင့်
လွတ်လပ်စွာ ဆည်းပူးလေ့လာခွင့်
လွတ်လပ်စွာ ခံစား၊ တွေးခေါ်ခွင့်
လွတ်လပ်စွာ ပြောဆို ပေါင်းသင်းခွင့်
လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်
လွတ်လပ်စွာ ……
ဒါတွေအတွက် ဘိုးဘေးတွေ အသက်၊ သွေး၊ ချွေး၊ ဘ၀ပေါင်း များစွာ ပေးဆပ် ရင်းနှီး ရယူ ခဲ့ကြ ရတယ်။

ကဲ .. လွတ်လပ်ရေး ရတာ နှစ် ၆၀ ပြည့်တဲ့

လွတ်လပ်စွာ ပညာ သင်ကြားခွင့် … တကသိုလ် ၀င်ခွင့် လမ်းညွှန်က လမ်းပိတ်
လွတ်လပ်စွာ ဆည်းပူး လေ့လာခွင့် … အင်တာနက်က စုတ်ပြတ် နှေးကွေး အပိတ်အတား များစွာနဲ့ ၀င်္ကဘာလို ရှုပ်ထွေး
လွတ်လပ်စွာ ခံစား တွေးခေါ်ခွင့် … ဆင်ဆာနဲ့ စိစစ်ရေး တဲ့.. blogspot လေးကိုတောင် banned လိုက်သေးတယ်
လွတ်လပ်စွာ ပြောဆို ပေါင်းသင်းခွင့် … ဘုရား ဘုရား နံရံမှာ နားပါသတဲ့
လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် … ဘုရားစေတီ ပရ၀ုဏ် အချို့ကို သော့ခတ်၊ ဘုရားစေတီ ပရ၀ုဏ် တစ်ချို့ ၀င်ခွင့်အတွက် မှတ်ပုံတင် ပြရသတဲ့။
လွတ်လပ်စွာ..
လွတ်လပ်ရေး..

နိုင်ငံတကာမှာ အရက်နဲ့ ဆေးလိပ် သောက်သူ အဆိပ်ဖြစ်မှာ စိုးလို့ အခွန်တိုးကောက်တယ်
မြန်မာပြည်မှာ နား၊ မျက်စိတွေ ပွင့်မှာ စိုးလို့ ဂြိုလ်တု စလောင်းနဲ့ အင်တာနက် အဆနဲ့ အခွန်တက်တယ်

ဓာတ်ဆီဈေးတက်တာ သဘာဝကျတယ်..
ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး
တကမ္ဘာလုံး လောင်စာ ရှားလို့ တက်တယ်

ဂြိုလ်တု စလောင်းနဲ့ အင်တာနက်
ကမ္ဘာမှာ နည်းပညာ တိုးတက်လာလေ
ဈေးသက်သာ လာလေ..
မြန်မာပြည်ကျမှ ၁၁၆ဆ ဈေးတက်တယ်

အော် နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့..
ဒီနည်းနဲ့ ကြိုဆို ခံရတယ်… ဘိုးဘေးတို့ရေ..
ရှင်တို့ကို အလေးပြုရမှာ ရှက်နေတယ် ..
ကျွန်မတို့ ရှင်တို့ရဲ့ စွမ်းရည်ကို မမီသေးလို့…



လတ်တလော ဖြစ်ပျက်နေတာ တွေကို မောင်လေး ကိုခ ကာတွန်းနဲ့ သရုပ်ဖော် ထားတာပါ

2 comments:

Pinkgold said...

အမရေ
ဟုတ်ပါ့ လွတ်လပ်ရေးတော့ ရခဲ့ပါရဲ့
ဒါပေမယ့် ထက်တို့ တစ်ကယ် မလွတ်လပ်သေးဘူး အမရေ
ပိတ်ပင် တားဆီးမှုတွေကြားမှာ ဘယ်လောက်ထိကြာအောင် လူလုပ်ရမှာလဲ

ဆောင်းယွန်းလ said...

တကယ့်လက်တွေ့ခံစားချက်တွေနဲ့ရေးထားလို့ဖြစ်မယ်
ဗျာ..ခံစားရတယ်