Wednesday, January 2, 2008

တကယ် ချစ်တဲ့သူ ဆိုတာ

တကယ်ချစ်တဲ့ သူဆိုတာ
ပတ်ဝန်းကျင်က စကားလုံး မုန်တိုင်းတွေ ဘယ်လောက် ရိုင်းစိုင်းနေပါစေ
ပတ်ဝန်းကျင်က ပုံဖော်မှုတွေ ဘယ်လောက် ရုပ်ဆိုးနေပါစေ
လူများစုရဲ့ စံနှုံးတွေနဲ့
မက်မောစရာတွေ သုညအောက် ထိုးဆင်း နေပါစေ
အသုံးဝင်မှုတွေ အနှုတ် လကဏာ ဆောင်နေ ပါစေ
ကိုယ့်အတ္တအတွက် ကျေနပ်စရာ တစ်စက်မရှိ ကင်းမဲ့နေပါစေ

တစုံတယောက်ကို တစုံတယောက်က
ဆက်လက် ချစ်ခင် အတွယ်အတာ ၀င်လို့
သက်ရှိထင်ရှား ရှိသေးသည် ဖြစ်စေ မရှိတော့သည် ဖြစ်စေ
အဲဒီ တစုံတယောက်ရဲ့ မာယာကင်းစင်တဲ့ ဖြစ်တည်မှုက
တစုံတယောက်ရဲ့ ရင်ထဲ
ဘယ်လိုမှ အပြစ် မမြင်နိုင်ဘဲ
ထာဝစဉ် အမြစ်တွယ်ဆဲဆိုရင်
ဒါဟာ
စစ်မှန်တဲ့ အချစ်ပဲ….

2 comments:

MYO HAN HTUN said...

စာသားတွေက မိုက်တယ် ..

ကိုတိုး

Anonymous said...

I like it...
especially in 2nd paragraph, "continue"

but,1st paragraph made me still thinking....