Tuesday, January 1, 2008

မျက်နှာဖုံး

အချိန်ဆိုတဲ့ လူကြီးက
၂၀၀၇ ဆိုတဲ့ မျက်နှာဖုံးကြီးကို ခွာချလို့
၂၀၀၈ ဆိုတဲ့ မျက်နှာဖုံးကြီးကို တပ်လိုက်ချိန်

လူတချို့က လူတချို့ရဲ့ မျက်နှာဖုံးကို ခွာချ
လူတချို့က လူတချို့ရဲ့ မျက်နှာဖုံးကို ခိုးတပ်
လူတချို့က လူတချို့ရဲ့ မျက်နှာဖုံးကို ဆေးခြယ်
လူတချို့က လူတချို့ကို မျက်နှာဖုံးတွေ အတင်းတပ်ပေး
လူတချို့က ကိုယ်ပိုင် မျက်နှာဖုံးကို ယက်လုပ်
လူတချို့က ကိုယ့်မျက်နှာဖုံးကို ဆေးခြယ်
လူတချို့က မျက်နှာဖုံး အသစ်လဲတပ်
လူတချို့က မျက်နှာ အစစ်နဲ့ နေဖို့ ကြိုးစားတုန်း
လူတချို့က မျက်နှာ အတုနဲ့ အစစ်ကို မှင်သက်

ဒီလိုပါပဲ..
ဇာတ်ခုံဆိုတာ စင်ပေါ်က လောက
ကန့်လန့်ကာ နောက်မှာက တကယ့်လောက
ရှိသမျှ လောကထဲ
မျက်နှာ တွေ ဖောင်းပွနေလေရဲ့ …

(ကိုရန်အောင် တက်တဲ့ အတွက် ရေးပေးလိုက်ပါတယ်)

1 comment:

Chaos said...

ဒီလိုပါပဲ..
ဇာတ်ခုံဆိုတာ စင်ပေါ်က လောက
ကန့်လန့်ကာ နောက်မှာက တကယ့်လောက
ရှိသမျှ လောကထဲ
မျက်နှာ တွေ ဖောင်းပွနေလေရဲ့ …

တကယ်လဲ မျက်နှာဖုံးတွေ ဖောင်းပွနေတယ်နော်
လူတွေလူတွေ
တစ်ခါတစ်ရံ ဘာလို့ ဟန်ဆောင်မှုကို တပ်မက်နေကြလဲ
မသိဘူးနော်.........