Tuesday, November 20, 2007

လူကောင်းကိုမုန်းသောလူများ

မိဘတွေလက်ထက်ကပြောကြတယ်။ ကောက်သော် စားမလောက်၊ ဖြောင့်သော် စားမကုန်တဲ့။ ရိုးသားတဲ့ လူကို လူတိုင်း ချစ်ပြီး လူလိမ်ကို လူတိုင်း မုန်းသတဲ့။ မရိုးသား သူကို မရိုးသား သူချင်း တောင် မကြိုက်ဘူးတဲ့။ လူလိမ် ချင်းတောင် လိမ်တာကို မကြိုက်ဘူးတဲ့။ ကိုယ့်ကို လာလိမ် တာကို လူလိမ်တောင် ကိုယ်ချင်းစာပြီး ကြိုက်တာ မရှိဘူးတဲ့။ အင်း.. တကယ် ဟုတ်ရဲ့လား ....

စဉ်းစားမိသမျှ သည်ဘလော့လာ ဧည့်သည်တော် များကို ဝေမျှ လိုက်ပါတယ်။ ဧည့်သည်တော် များကလည်း ပိုသိတာ လေးတွေကို ပြန်လည် မျှဝေ ပေးပါလို့ တောင်းဆို လိုက်ပါတယ်။

သည်ခေတ် မှာတော့ ပြောင်းပြန် ဆိုတာ တွေ့နေ ရပါတယ်။ လူလိမ် လူကောက်တွေ ဘယ်လို စားသာ နေပြီး လူရိုး လူဖြောင့် တွေဘယ်လို နှိပ်ကွပ် ခံနေ ရတယ် ဆိုတာ လူတိုင်း သိပြီး သားပါ။
အလိမ်ခံ နေကြသူ အမျိုးမျိုး ရှိတာကို တွေ့နေ ရပါတယ်။

(၁) ရိုးသားလွန်းလို့ဖြစ်စေ၊ လိမ်သူလောက် မပါးနပ်လို့ ဖြစ်စေ အလိမ်ခံ နေရမှန်း မသိလို့ အလိမ်ခံ ရသူ
(၂) အလိမ်ခံ နေရမှန်း သိသိကြီးနဲ့ မတတ် သာလို့ မကျေ မချမ်းနဲ့အလိမ် ခံရသူ
(၃) အမှန်တရားကို ရင်မဆိုင် ရဲလို့ ကျေကျေနပ်နပ် အလိမ် ခံရင်း ရောလိမ် ပေးနေသူ
(၄) ဘယ်လောက်တောင် ဆက်လိမ် မလဲလို့ လိမ်နည်း အားလုံးကို သိချင်လို့ မသိချင် ယောင်ဆောင်ပြီး အလိမ်ခံ နေသူ (ထပ်ရှိ သေးရင် ပြောပေး ကြပါ ဦးလို့ ဖိတ်ခေါ် ပါတယ်။ )

အဲလိုလိမ်နေသူတွေ၊ အလိမ်ခံ နေရသူ တွေကြားမှာ တခါတလေ မက အမှန် တရားဟာ မျက်နှာငယ် ရပါတယ်။

ရိုးသားတဲ့လူကို လူတိုင်းချစ်တယ် ဆိုတာ မဟုတ်တာလဲ ကြုံတွေ့ လာရ ပါတယ်။ ရိုးသားသူ ကိုဘာကြောင့် လူတွေ မုန်းသလဲလို့ ဆွေးနွေး ကြည့်ကြ တော့

၁. မရိုးသားသူရဲ့ မရိုးသားတဲ့ အကြောင်း တွေက ရိုးသားသူရဲ့ ရိုးသားတဲ့ အကြောင်း တွေနဲ့တွေ့မှ၊ ယှဉ်ကြည့် မိမှ မကောင်းမှန်း ပိုပေါ်လွင် ထင်ရှား လာလို့
၂. ရိုးသား ချင်ယောင် ဆောင်မှု တွေကလည်း လက်တွေ့မှာ တကယ် ရိုးသားတဲ့ လူရဲ့ လုပ်ရပ် တွေကို ရေရှည် မှာ မယှဉ် နိုင်လို့
၃. သူတို့ မရိုး မသားနဲ့ လုပ်သမျှ၊ ပြောသမျှ ပတ်ဝန်းကျင် ကသိပြီး ခွဲခြား နိုင်နေပြီး ကိုယ့်ကို ဆေးဖော် ကြောဖက် မလုပ် တော့ဘဲ ရိုးသားသူ ကိုပဲ ဆက်ဆံ တာကို မနာလို မရှုစိမ့်လို့ (ထပ်ရှိ သေးရင် ပြောပေး ကြပါဦး လို့ ဖိတ်ခေါ် ပါတယ်။ )

သူတကာကို စေတနာကောင်း အရင်းခံနဲ့ အကျိုးအမြတ် မမျှော်ကိုးပဲ သန့်သန့်လေး ကူညီ နေတဲ့ စေတနာ့ ၀န်ထမ်း တွေကို သူတကာကို ဗိုလ်ကျ နှိပ်စက် နေတဲ့ လူတွေက တအား မုန်းတာ ကိုလည်း တွေ့ကြုံ ဖူးပါတယ်။ ဘာကြောင့် ဖြစ်နိုင် သလဲ ဆိုရင်

၁. သူတို့ ယုတ်မာ တာကို စေတနာ့ ၀န်ထမ်း တွေနဲ့ နှိုင်းယှဉ် မိပြီး လူသိသာလို့
၂. လူတွေက သူတို့ကို လေးစား ကြည်ညို နေတာ သို့မဟုတ် ကြောက်ရွံ့ နေတာကို ခံချင်လို့
၃. ဒါပေမယ့် သူတို့ လိုချင် တာကို လူတွေ ဆီကနေ မရ နိုင်ဘဲ စေတနာ့ ၀န်ထမ်း တွေကို လူတွေက လေးစား ကြည်ညို နေတာကို မရှုစိမ့်လို့၊ မကြည့် နိုင်လို့
၎. အဲလို မုန်းလို့ သူတို့က ဒုက ပေးလေ၊ အဲသည့် စေတနာ့ ၀န်ထမ်း တွေကို တခြား လူတွေက အကာ အကွယ်၊ အကူ အညီတွေ ပေးလေ ဖြစ်နေ တာကို ပိုမခံရပ်နိုင် ဖြစ်လာလို့
၅. သူတို့ ဆိုးတေ ယုတ်မာလို့ သူတို့ကို မလေးစား နိုင်တဲ့ ဆေးဖော် ကြောဖက် မလုပ်တဲ့ သူတွေကို မလုပ်ရ ကောင်းလားလို့ စိတ်ဆိုး လာလို့ (ထပ်ရှိ သေးရင်ပြောပေး ကြပါဦး လို့ ဖိတ်ခေါ် ပါတယ်။ )
သူများ ပေးဖူးတဲ့ မှတ်ချက်။

သိပ်တော့ မသေချာဘူး.... လိမ်တာလေးတခု add ချင်လို့
# 3 နဲ့ တော့ နဲနဲတူတယ်....တူလည်းမတူဘူး ထင်တယ်....

(3 b) အလိမ်ခံနေရမှန်း သိလျှက်နဲ့ ခွင့်လွှတ်စိတ်ဖြင့် ဆက်ပြီး အလိမ်ခံသူ
( အမှန်တရားကို မရင်ဆိုင်ရဲသူ မဟုတ်ပါ )

ကျွန်တော်လည်း လိမ်တာနဲ့ ပက်သက်ပြီး article တခုရေးထားသေးတယ် ကြာပါပြီ

http://www.ainmat.com/index.php?/archives/22-The-world-of-Lies.html

နောက် ပြီး တော့ မကောင်းကွက်လေးတွေ ကောင်းကွက်လေးတွေ အကြောင်း ရေးထားတာ လေးလည်းရှိတယ် ...

http://www.ainmat.com/index.php?/archives/46-May-Their-bad-be-your-good.html

ကျွန်တော် ရေးထားတာတွေက အမ ရေးထားတာတွေလောက်တော့ ...ကြစ်ကြစ်လစ်လစ် မရှိဘူး ...အချိန်ရရင် အမ ဘယ်လို မြင်လည်း ဖတ်ကြည့်ပေးပါဦး ...

ကျေးဇူး ...

-tt-
#3 tt on 2007-05-22 08:14 ( Reply)
ခုလိုမှတ်ချက်ပေးတာကျေးဇူးတင်ပါတယ် ကိုထွန်းထွန်း။ ကျွန်မသာဆိုရင်တော့ လိမ်တာကို ခွင့်လွှတ်တာ ကောင်းပေမယ့် ဆက်ပြီး အလိမ်ခံတာ မလုပ် သင့်ဘူး လို့ ထင်ပါတယ်။ လိမ်တာကို အားပေးရာ ရောက်တယ် ထင်လို့ပါ။ သည်လို ဆိုရင် လိမ်သူဟာ ပိုရဲတင်းစွာ ပိုဆိုးရွားစွာ ဆက်လိမ် တတ်တာ တွေ့ဖူး လို့ပါ။ သေသေ ချာချာ ဆန်းစစ် ကြည့်ရင် အဲလို အလိမ် ခံသူဟာ အဂတိ လေးပါး တစ်ပါးပါးနဲ့ ငြိနေသလို ထင်ရလို့ပါ။ ကိုထွန်းထွန်းရဲ့ ဆောင်းပါးတွေ အတွက် မှတ်ချက်ကို သက်ဆိုင်ရာ ဆောင်းပါး တွေရဲ့ အောက်မှာ ကျွန်မ ရေးထား ပါမယ် ရှင်။

1 comment:

Red's Rose Dream said...

မမြခွန်လှိုင်ရေ
လိမ်တာတွေ ခဏခဏခံရဖူးပေမယ့်
အမလို ထူးခြားတဲ့ အမြင်မရှိခဲ့ဘူး။
စနစ်ကျ ခွဲခြမ်းစိတ်ဖြာမှု မပြုခဲ့ဖူးပါဘူး။
ကျစ်ကျစ်လစ်လစ် စာဖွဲပြီးမပြပြီး
စေတနာထားပြီး တင်ထားတဲ့ ပိုစ့်လေးအတွက်
ကျေးဇူးတင်ပါတယ်ရှင်။