Wednesday, November 21, 2007

တန်ဆောင်မုန်း လပြည့် သာမည ဖလ အခါတော်နေ့

တန်ဆောင်မုန်း လလို့ ခေါ်ဆိုရခြင်းရဲ့ အကြောင်းက မိုးလေကင်းလွတ် သီတင်းကျွတ် ပြီးပေမယ့် ကောင်းကင်မှာ ရေခိုးရေငွေ့ ကျန်သေးသလို အေးမြတဲ့ မြောက်လေ တိုက်ခတ်စ ပြုတဲ့ ဒီလဟာ မနက် ခင်း ဝေလီဝေလင်း အချိန် ရောက်တိုင်း မြေခိုး မြေငွေနဲ့ မြူငွေ့တို့ များပြား မှောင်မဲ နေလေ့ရှိလို့ မိုးတွင်း မဟုတ်တဲ့ ခါတိုင်းလများရဲ့ မနက် စော များ လို သဘာဝ အလင်းရောင်နဲ့ သွားလာလို့ မရဘဲ တန်ဆောင် ဆီမီးများ ထွန်းညှိပြီး သွားလာ ရတဲ့ အတွက် တန်ဆောင်တိုင်ခေါ် မီးတိုင်၊ မီးပုံးများကို ကိုင်စွဲ သွားလာ ရလေ့ ရှိပါတယ်။ ဒီလို ကိုင်စွဲ သွားလာ ရတာ မုန်းလာ လောက်အောင် ရိုးအီ လာအောင် ကိုင်ဆောင်ရလို့ တန်ဆောင်မုန်းလို့ ခေါ်တယ်လို့ မှတ်သားဖူးပါတယ်။

တန်ဆောင်မုန်း လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ဘုရားက သာမည ဖလ သုတ်တော်ကို ဟောကြားခဲ့လို့ နေ့ထူးနေ့မြတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တန်ဆောင်မုန်း လပြည့်နေ့ဟာ ကောင်းကျိုး အဖြာဖြာ ပေးတဲ့ နက္ခတ်၊ ကြယ်စုံတဲ့၊ အတွက်ရော ဆေးဖက်ဝင် နက္ခတ် တွေရဲ့ ရောင်ခြည်တွေက မယ်ဇလီပင်မှာ သွားစုတယ်လို့ ယုံကြည် ကြတဲ့ အတွက် ပါ ဆေးလက်သုတ် လို့ခေါ်တဲ့ မယ်ဇလီ ဖူးသုပ်ကို တန်ဆောင်မုန်း လပြည့်နေ့ ညတိုင်း လမွန်းတည့် ကြယ်မွန်းတည့်တဲ့ ညသန်းခေါင် ချိန်မှာ တကူးတက အလေးထား သုပ်စားကြတာ ရိုးရာကို အလေးအမြတ် ထားတဲ့ မြန်မာ တမျိုးသား လုံးရဲ့ ဓလေ့ပါ။ ဒါ့အပြင် မဉ္ဇူသက နတ်ပန်းပင်လို့ ခေါ်တဲ့ သစ်ပင်ဟာ တန်ဆောင်မုန်း လပြည့် ည တစ်ညပဲ လရောင်ကို ခံပြီး ပွင့်လေ့ရှိပြီး အာရုဏ် မတက်ခင် ကြွေလေ့ ရှိလို့ ညနေ ကတည်းက အပင်အောက် မှာ ပိတ်ဖြူ ခင်းပြီး အသင့်စောင့် ရလေ့ ရှိပါတယ်။ အဲဒီ ပန်း နှစ်မျိုးလုံးက အင်မတန် ဆေးဖက်ဝင်လို့ ပရဆေး ဖော်စပ်တဲ့ မြန်မာ့ ရိုးရာ သမားတော်များက တန်ဖိုးထား ကြပါတယ်။

ဒါ့အပြင် နက္ခတ်ကောင်း ပေါင်းစုံတဲ့ တန်ဆောင်မုန်း လပြည့်ညမှာ နက္ခတ် ဗေဒင် ပညာရှင်များက ဓန သိဒ္ဓိ နက္ခတ် နဲ့ စန်းယှဉ်ချိန်ကို စောင့်ပြီး ပထ၀ီ ဇယ မန္တာန်ကို ရွတ်ရင် ရတနာ ရွှေမိုးငွေမိုး ရွာသလို ကောင်းကျိုး ရတယ်လို့ ယုံကြည် စောင့်ဆိုင်း ကြသလို လောကီ အစီအရင်တွေ၊ အထက်လမ်း ဂိုဏ်းတွေ စိတ်ဝင်စား လေ့လာ လိုက်စား သူ များ ကလဲ နက္ခတ်စုံချိန်ကို စောင့်ပြီး အစီအရင်တွေ ပြုလုပ်လေ့ ရှိကြပါတယ်။ အောက်လမ်းဂိုဏ်းသား စုန်းကဝေ များ ကလဲ ပညာ တက်လေ့ ရှိကြပါတယ်။ ပိုပြီး ထူးဆန်း အံ့သြဖွယ် ကောင်းတာက တန်ဆောင်မုန်း လပြည့်ည တွေ မှာ သိဒ္ဓိဝင် ကျောက်သံ ပတ္တမြား တွေဟာ သဘာဝ အလျောက် မိုးပေါ် ပျံတက်ပြီး နက္ခတ်များရဲ့ အငွေ့ အသက် ကို ခံယူပြီး အရည်အသွေး ပိုတက် တတ်ကြတယ်လို့ ပြောသံ ကြားဖူးသလို မိုးကုတ်ဒေသမှာ အဲဒီ မြင်ကွင်း ကို ကိုယ်တိုင် မြင်ဖူး သူများတောင် ရှိကြတယ်လို့ ကြားသိရပါတယ်။ ဒီလို အံ့ဖွယ် အဖြာဖြာ ပြည့်စုံနေတဲ့ တန်ဆောင် မုန်း လပြည့်ည၊ ၂၀၀၇ ခုနှစ်မှာ ဘယ်လို ထူးခြားမှု တွေ ဆောင်ကြဉ်း လာမလဲ လို့ ကြည့်ကြ ရအောင် ပါနော်။




ခုလို ကောင်းမြတ်တဲ့ နက္ခတ် အခါသမယမှာ သစ္စာ အဓိဌာန် ပြုလုပ်ပါလျှင် ပြည့်မြောက် အောင်မြင် တတ်သည့် အားလျော်စွာ ကျွန်တော် ကျွန်မတို့သည် သစ္စာ ဓိဌာန် တစ်ရပ်ကို ပြုလုပ်ကြမည်ဟု တိုင်ပင် ထားကြပါသည်။

တန်ဆောင်မုန်း လပြည့်နေ့ သစ္စာ

ရှင် အာနန္ဒာ အလောင်းအလျာသည် တစ်ဘ၀တွင် ကာမေသု မိစ္ဆာစာရ ကံကို ကျူးလွန်ခဲ့သောကြောင့် ငရဲ ကျပြီး ၀ဋ်ခံရင်း နောက်ဆုံးဘ၀တွင် ကံကောင်း ထောက်မသဖြင့် ရုစာဒေ၀ီ အမည်ဖြင့် ဘုရင့် သမီးတော် ဖြစ်လေသည်။ သို့သော် ဖခင်မင်းကြီးက အယူမှားသော ဆရာ ပုရောဟိတ်နဲ့ ရသေ့ကြောင် တို့ကြောင့် အယူမှားကို ယူပြီး သာသနာ တော်ကို စွန့်ပယ်လေရာ မင်းမိန့်ကြောင့် တတိုင်းပြည်လုံး သာသနာ ကွယ် လျှင် သတ္တ၀ါအများ အပါယ် လေးဘုံ တွင် ကျင်လည် ရမည်ကို စိုးရိမ် သောကြောင့် ဗုဒ္ဓ မြတ်စွာ ဘုရားဧ။် သာသနာ တော်သည် စစ်မှန်ကြောင်း သစ္စာဆိုပြီး တန်ခိုး ပြာဋိဟာ ပြတော်မူပါရန် တောင်းပန်ရာ ပစ္စေက ဗုဒ္ဓါ ကိုယ်တော်မြတ်များ ကောင်းကင် ခရီးမှ ကြွရောက်လာပြီး တရားတော်များ ဟောကြား မှုကြောင့် ဖခင် မင်းကြီးလဲ တရားရ၊ တိုင်းပြည် ပြည်သား အပေါင်းလဲ ချမ်းသာရာ ရခဲ့ကြသည်ဟု ငါးရာ ငါးဆယ် နိပါတ်တော် များတွင် ပါရှိလေသည်။

ထိုမှတပါး မြန်မာနိုင်ငံတွင်း သာသနာသက္ကရာဇ် ၁၃၃၇ ခုနှစ် ၁၂ ရာစု မြန်မာခေတ် ပထမ အင်းဝခေတ် မွန်ခေတ်အရ ဟံသာဝတီခေတ် တွင် တလိုင်း ရှမ်းတို့ အုပ်စိုးပြီး သာသနာ တော်ကို ဖျက်ဆီး၊ သံဃာတော် များကို သတ်ဖြတ် ဘုရား ရုပ်ပွား တော်တွေ အကုန် မြစ်ထဲ မျှောချ နေချိန် တွင် မိတလထော် ဟု အမည်ရသော မွန်မင်းသမီး ငယ်သည် မြစ်တွင်းမှ ရုပ်ပွားတော်ကို ဆယ်ယူကာ တိတ်တိတ် ခိုးပြီး ကိုးကွယ် မှုကြောင့် မင်းက သတ်မည် ပြုရာ နှောင်းလူတို့ အကြောက် တရားကြောင့် မကိုးကွယ်လျှင် သာသနာ ကွယ်မည်ကို စိုးရိမ် သောကြောင့် သာသနာ တော်ကို စောင့်ရှောက်ရန် သစ္စာ ဆိုလေရာ သက်မဲ့ ရုပ်ပွား တော်များ၊ ဆင်းတု တော်များ စင်စစ် ဖြစ်လျက် သစ္စာတန်ခိုး ကြောင့် ကောင်းကင် တွင် ပျံတက် လျက် တန်ခိုး ပြာဋိဟာများ ပြတော်မူရာ မင်းလုပ်သူလဲ အသိတရား ရပြီး သာသနာ တော်ကို ပြန်လည် ချီးမြှောက် တော် မူခဲ့ ဖူးကြောင်း သမိုင်း မှတ်တမ်း ရာဇ၀င်များ ရှိပါသည်။

ထိုမင်းသမီး နှစ်ပါးသည် တစ်ဦးချင်း စီဧ။် သစ္စာ အစွမ်းဖြင့်ပင် သာသနာတော်ကို တတ်အားသမျှ စောင့် ရှောက် သော အာဂ သာသနာ့ ဒါယိကာမများ အဖြစ် သမိုင်းမှတ်တမ်း ၀င်ခဲ့ကြပါသည်။ ထိုထိုသော ဥပမာ များကို ပုံဆောင်ပြီး ယနေ့ မျက်မှောက်ခေတ် သာသနာကို စောင့်ရှောက် နိုင်ကြရန် ကျွန်တော် ကျွန်မတို့ သည်လည်း တတ်အားသမျှ သစ္စာ ပြုကြပါစို့လို့ တိုက်တွန်း လိုက်ရပါသည်။

သစ္စာပြု ဆုတောင်း

အမိ မြန်မာနိုင်ငံတော်သည် ထေရ၀ါဒ ဗုဒ္ဓ သာသနာတော် စတင် ထွန်းကားရာ လွန်ခဲ့သော နှစ်တစ်ထောင် ခန့်မှ စတင်ပြီး သာသနာတော် စည်ပင် ပြန့်ပွားအောင်၊ မဆိတ်သုဉ်းအောင် မြန်မာ နိုင်ငံသား ရဟန်း ရှင်လူ များမှ ခေတ် အဆက်ဆက် စောင့်ရှောက် လာခဲ့ကြပါသည်။ ထို့အပြင် သာသနာတော် သန့်ရှင်း စင်ကြယ်ရေး အတွက်လဲ သင်္ဂါယနာ နှစ်ကြိမ်တိတိ တင်ကာ ပူဇော် ခဲ့ဖူး ပါသည်။ ထိုသို့ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာတော် အရှည် တည်တံ့ သန့်ရှင်း စင်ကြယ် စည်ပင် တိုးတက် ပါစေခြင်းငှာ မြန်မာ နိုင်ငံသား များမှ ကြိုးပမ်း ဆောင်ရွက် ခဲ့ကြ၊ ကြိုးပမ်း ဆောင်ရွက် နေကြဆဲ ဖြစ်သော်လည်း သာသနာ တော် ညစ်နွမ်းအောင် အားထုတ် သူများ ရှိသလို၊ သာသနာ့ ၀န်ထမ်း သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန် သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့ကို နှိပ်စက် ညှင်းပန်း သူများလဲ ရှိခဲ့ကြ၊ ရှိနေ ကြဆဲ ဖြစ်ပါသည်။ ကျွန်တော်၊ ကျွန်မတို့သည် စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကို ယုံကြည် အားထား ကိုးကွယ်ပြီး ဘေး တကာ ဘေးတွင် ဆိုးဝါး ကြောက်မက်ဖွယ် အကောင်းဆုံး သံသရာဘေးမှ ကင်းဝေး ရာမှန် မြတ်နိဗ္ဗာန် ကို ဧကန် ထုတ်ချောက် ပို့ဆောင် ပေးနိုင်ရာ နည်းကောင်း လမ်းမှန်ကို ညွှန်ပြသည့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ ကို အရှည် တည်တံ့ သန့်ရှင်း စေလိုသော စိတ်ဆန္ဒ ဧကန် ရှိကြပါသည်။ ဤမှန်သော သစ္စာ စကား ကြောင့် ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ ထေရ၀ါဒ သာသနာ သန့်ရှင်း တည်တံ့ပါစေသော်… သာသနာဖျက် များရဲ့ ဘေးရန်မှ ကင်းလွတ် ပါစေသော်… ဗုဒ္ဓ သာသနာ တော်ရဲ့ စစ်မှန်မှု၊ နှောင်းလူများ သာသနာ အပေါ်မှာ မှားမှား ယွင်းယွင်း မပြုစိမ့် သောငှာ သာသနာဖျက် တို့ရဲ့ သွားရာလမ်းကို သိသာ ထင်ရှားစွာ မျက်မြင် ဒိဌ ပြပါစေ သော်ဝ်..

အကြင်လောကတွင် သာသနာ တော်ကို စောင့်ရှောက်သော နတ်ဗြဟ္မာ အပေါင်း တို့သည် မြောက်များစွာ ရှိကုန်ဧ။်။ ထိုမှ တပါး အရိယာ အနွယ်သို့ ရောက်ပြီး ဖြစ်ကုန်သော နတ်ဗြဟ္မာ အပေါင်းသည် လည်း ကောင်း၊ ပုထုဇဉ် သီလ ၀န္တ နတ်ဗြဟ္မာ အပေါင်းတို့ သည်လည်းကောင်း ရှိကုန်ဧ။်။ ထိုထိုသော နတ်ဗြဟ္မာ အပေါင်းသည် မြတ်စွာဘုရား ဟောကြား တော် မူခဲ့သော တရားတော် များကို နာကြား ကျင့်သုံးရင်း နတ်၊ ဗြဟ္မာ ဘ၀ကို ရရှိသူများ ရှိသလို နတ် ဗြဟ္မာ ဘ၀ကို ရရှိပြီးမှ မြတ်စွာဘုရားဧ။် တရားတော်ကို နာကြား ရသူ နတ်ဗြဟ္မာ အပေါင်းတို့သည် ရှိဧ။်။ ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ ဤမှန်သော သစ္စာ စကား ကြောင့် အသင် သာဝက နတ်ဗြဟ္မာ များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာကွယ် ရင်း သာသနာ တော်ကို စောင့်ရှောက်ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော နတ်မြတ် နတ်ကောင်း နတ် ဘီလူး အပေါင်း တို့ သည်လည်း ရှိကုန်ဧ။်။ ဟေမာဝတ နတ်ဘီလူး မင်းသည် လည်းကောင်း၊ အာဠာဝက နတ်ဘီလူး မင်း သည် လည်းကောင်း ထိုမှတပါး များစွာသော သာသနာတော်ကို လေးမြတ် ရိုသေသော မြတ်စွာဘုရားဧ။် တပည့် သာဝက နတ်ဘီလူး အပေါင်း တို့သည် ရှိကုန်ဧ။်။ ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက နတ်ဘီလူး မင်း များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော နဂါးမင်း အပေါင်းတို့ သည် ရှိကုန်ဧ။်။ ကာလ နဂါးမင်း သည် လည်းကောင်း၊ နန္ဒောပ နန္ဒ နဂါး မင်းသည် လည်းကောင်း၊ ထိုမှတပါး မြတ်စွာဘုရားဧ။် အံတော် တစ်ဆူကို နဂါးပြည်တွင် စေတီ တည်ထား ကိုးကွယ်သော နဂါးမင်း တို့သည် လည်းကောင်း၊ ဗုဒ္ဓ မြတ်စွာဘုရားဧ။် တပည့် သာဝကများ ဖြစ်ကြ ပေသည်။ ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက နဂါးမင်း များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော စကြာဝတေးမင်း လူမင်း အပေါင်းတို့ သည် ရှိခဲ့ကုန်ဧ။်။ ထို့အတူ သာသနာ တော်ကို စောင့်ရှောက် ကုန်သော ၀ိဇ္ဇာ၊ ဇော်ဂျီ တပသီ အပေါင်း တို့သည် လည်း ရှိကြကုန်ဧ။်။ ထို့အပြင် သာသနာတော်ကို မျက်မြင် ဒိဌ ကိုယ်ထိလက်ရောက် စောင့်ရှောက်နေကြ ကုန်သော မြင့်မြတ်သော အရိယာ လူပုဂ္ဂိုလ်များ၊ ပုထုဇဉ် သီလ၀န္တ ပုဂ္ဂိုလ်များ ရှိကြကုန်ဧ။် ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက နဂါးမင်း များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော စကြာဝတေးမင်း လူမင်း အပေါင်းတို့ သည် ရှိခဲ့ကုန်ဧ။်။ ထို့အတူ သာသနာ တော်ကို စောင့်ရှောက် ကုန်သော ၀ိဇ္ဇာ၊ ဇော်ဂျီ တပသီ အပေါင်း တို့သည် လည်း ရှိကြကုန်ဧ။်။ ထို့အပြင် သာသနာတော်ကို မျက်မြင် ဒိဌ ကိုယ်ထိလက်ရောက် စောင့်ရှောက်နေကြ ကုန်သော မြင့်မြတ်သော အရိယာ လူပုဂ္ဂိုလ်များ၊ ပုထုဇဉ် သီလ၀န္တ ပုဂ္ဂိုလ်များ ရှိကြကုန်ဧ။် ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

(မကွေးက ရွာသားလေး လင်းလင်း ရေ .. tag ထားတာ ရေးပေးလိုက်ပါပြီ။ အကြံပေးတဲ့ မသမုဒယ နဲ့ မွန်သမိုင်း ရာဇ၀င်ကို ခုနှစ်သကရာဇ်နဲ့ မွန်မင်းသမီးရဲ့ နာမည်ကိုပါ တိတိကျကျ ရှာဖွေပေးတဲ့ ကိုချစ်ဦး နဲ့ သူငယ်ချင်း မယဉ်တို့ ကို ကျေးဇူးပါ… ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော် )

3 comments:

thamudayanwe said...

သစ္စာပြုဆုတောင်းမသွားပြီးဘလော့မှာတင်လိုက်မယ်နော်

Chit Lay Pyay said...

ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်တို့ မြန်မာပြည်တွင် ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တန့် ပါစေသော်၊ ဘုရားသားတော်များ နှိပ်စက်ညှင်းပန်းခံရခြင်းမှ အမြန်ဆုံး ကင်းလွတ်၍ သာသနာတော်ကို အသက်ထက်ဆုံး စောင့်ရှောက် နိုင်ကြပါစေ အရှင်ဘုရား၊

Unknown said...

အရမ်းကောင်းတဲ့ ပိုစ့်လေး တစ်ခုပါပဲဟာ။ အခုမှပဲ တန်ဆောင်မုန်းအကြောင်း ပြည့်ပြည့်စုံစုံသိရတော့တယ်။