Tuesday, November 20, 2007

အချမ်းပြေနည်း

ဆောင်းတွင်းတစ်ခုမှာ သိပ်ချမ်းတဲ့နိုင်ငံမှာ ပညာသင်နေတဲ့ မြန်မာကျောင်းသား ဇနီးမောင်နှံ တစ်စုံဟာ ချမ်းလွန်းလို့ အိပ်မပျော် နိုင်ပါဘူး။ အစစ ချွေတာ နေရချိန်မှာ လျှပ်စစ်မီတာ တက်မှာ စိုးလို့ အပူငွေ့ပေး စက်လဲ မဖွင့် နိုင်ဘဲ အချမ်းခံ နေရင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာ ယူထားတဲ့ ဇနီးက ဖန်လုံအိမ် ဓာတ်ငွေ့ အကြောင်းကို စဉ်းစား မိပြီး ...

ဆောင်းတွင်းတစ်ခုမှာ သိပ်ချမ်းတဲ့နိုင်ငံမှာ ပညာသင်နေတဲ့ မြန်မာကျောင်းသား ဇနီးမောင်နှံ တစ်စုံ ဟာ ချမ်းလွန်းလို့ အိပ်မပျော် နိုင်ပါဘူး။ အစစ ချွေတာ နေရချိန်မှာ လျှပ်စစ် မီတာ တက်မှာ စိုးလို့ အပူ ငွေ့ပေး စက်လဲ မဖွင့် နိုင်ဘဲ အချမ်းခံ နေရင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာ ယူထားတဲ့ ဇနီးက ဖန်လုံအိမ် ဓာတ်ငွေ့ အကြောင်းကို စဉ်းစား မိပြီး နှစ်ယောက်သား အချမ်းပြေ စေဖို့ အပြန်အလှန် ပြောကြ ပါသတဲ့။

ကို.. အချမ်းပြေနည်း တွေ့ပြီ။ သည်မှာရော့.. ပဲကြီးလှော် စားပြီး သည် လေပုတ် ထုတ်ဆေး စားလိုက်.. ပြီးရင် ခေါင်းကို အပြင် ထုတ်ပြီး လည်ပင်းမှာ စောင်ကို အငွေ့ မလစ်အောင် တင်းတင်း ခြုံထား.. သည်တော့ လေလည် ရင် အငွေ့နဲ့ ခင်တို့ နွေးနေ လိမ့်မယ်

4 comments:

MgThaJan said...

စောင်ထဲမှာတော့ ဘယ်လိုဖြစ်နေမှန်းမတွေးရဲတော့ဘူး :P

Red's Rose Dream said...

အချမ်းပြေနည်းက
သဘာဝပတ်ဝန်းကျင်ကို အတော်ထိန်းနိုင်ပြီး၊
ငွေအကုန်သက်သာမယ်နဲ့တူတယ်နော်။

ထွန်း said...
This comment has been removed by the author.
Gu Gu said...

ဟား ဟား ဟား... ရယ်ရတယ်... နော့်လိုလူမျိုးများ ဒါမျိုး ပဲကြီးလှော်လာပေးမိရင် ပေးတဲ့သူ တစ်သက်လုံး နောင်တရသွားလိမ့်မယ်ထင်တယ်...