Monday, November 19, 2007

ကျွန်မ သူငယ်ချင်းနဲ့ ဘောသော၊ ဘောကျော်

ဖြိုးငယ်ကို နောက်ထားတာ ကြာပါပြီ။ ခုမှ သူ စီဘောက်စ်မှာ အော်မှ သူ့ကို နောက်ပြောင် ထားတဲ့ ဘောသော၊ ဘောကျော် ကို ပြန်သတိရပြီး ဟိုးးး တုန်းက သူငယ်ချင်း များနဲ့ နောက်ပြောင် ခဲ့တာတွေ ပြန်သတိ ရလို့ အတိတ်ကို လွမ်းမိပါတယ်။ သြော်.. အလွမ်းရယ် မပြေဘူး သူငယ်ချင်း များရယ်..

ကျောင်းမှာ ပရောဂျက်တွေ၊ group assignment တွေ များတဲ့ အတွက် သူငယ်ချင်းတွေ စာစု လုပ်ကြ ရာမှာ ကျောင်းတော်ကြီးက အခန်းလွတ် များကလဲ ဖဲဝိုင်းနဲ့ ဆူ (အဲလေ ဒါလဲ အားကစားနည်း တစ်ရပ် များလား မသိ)၊ စာသင်ချိန်ပြီး နာရီဝက် ကြာတာနဲ့ ကျောင်းကား မရှိရင် ကျောင်းကနေ အိမ်ကို ပြန် စရာ ကားကို မရှိအောင် သက်ဆိုင်ရာ များက စေတနာ ဗရပွနဲ့ စီမံ ပေးထား တဲ့အပြင် ကိုယ်ပိုင်ကားနဲ့ ပြန်မဟဲ့လို့ အားခဲ ထားသော် ငြားလဲ ကျောင်းက အထွက် တစ်ခု တည်းသော လမ်းထိပ်မှာ သင်္ချိုင်း ကုန်းက ငုတ်တုတ်မို့ ညနေ ၃နာရီ ကျောင်းဆင်း တာနဲ့ ကျောင်းကနေ မပြန်မဖြစ် ပြန်ကြ ရတာမို့ စာ စု လုပ်ချင်ရင် သဘော ကောင်းသော မိဘများ ရှိတဲ့ ကျောင်းသား ရဲ့ အိမ်မှာ စာစု လုပ်ကြ ရပါတယ်။ ကျောင်းမှာ စာစု လုပ်နေကျ သူငယ်ချင်း များထဲမှာ ဇော်က ကျောင်းမှာ နာမည်ကြီး မင်းသား ပေါ့လေ။ ဘိတ်သံ ၀ဲဝဲနဲ့ ရုပ်ပြေတဲ့ အတွက် သူက ကျောင်းမှာ စတားပေါ့။ သူ ရန်ကုန်မှာ ကျောင်းတက်ဖို့ သူ့ မိဘက တိုက်ခန်းနဲ့ ကား ၀ယ်ပေး ထားတယ် ဆိုတဲ့ သတင်း ကြောင့်လဲ စတားတာ ပါမှာပေါ့ .. (အဟဲ နင်သာ ဒီပို့စ်ကို ဖတ်ရင် ငါ့ကို တိတ်တိတ် ကျိန်ဆဲ နေမှာ မြင်ယောင် သေးတယ်ဟယ် … ငါကတော့ ရေးမှာပဲ .. မကျေနပ်ရင် မဖတ်နဲ့ ဟိဟိ .. နင် ကျိန်ဆဲတာ ရီတောင် ရီရသေး) သူ့ကို သူ့အဒေါ်နဲ့ သူ့ညီက လာအဖော် လုပ်နေ ပေးလေ့ ရှိသေး တယ်။ သူတို့ ညီအကို သိပ် အစေး မကပ်ပေမယ့် သူ့ ညီကို သူက သိပ်ချစ်တာ.. သူ့ညီကို နည်းနည်း မှ အပြော အဆို မခံ တာလေ။ ညီအကို နှစ်ယောက် လုံးက နာမည်မှာ ‘ဇော်’ ပါတာမို့ ဇော်ကြီးနဲ့ ဇော်လေး လို့ ခေါ်ပါတယ်။


ကျိန်ဆဲတဲ့ ကိစ လာပါပြီ။ သူတို့ ညီအကို တစ်ရက်ကျ ကွန်ပြူတာ သွားဝယ်ပါတယ်။ အဲဒါကို အထဲက ပစည်း တစ်ခုကို ဆိုင်က မသမာ လိုက်တယ်လို့ ထင်လို့ ပြန်သွား လဲပါတယ်။ အဲဒါကို တပ်တော့လဲ အဆင်မပြေ ပါဘူး။ ဒါနဲ့ ထပ်သွား ပြန်ပြီး လဲပြန်တယ်။ ဆိုင်က သူတို့ ဆိုင်ကဟာ မဟုတ်ဘူးလို့ ငြင်း ပါတယ်။ သူတို့ညီအကို ဒေါကန် သလို ကျွန်မတို့ သူငယ်ချင်း တစ်အုပ် လုံးလဲ ဒေါကန် ပါတယ်။ ဒေါ ကန်ပုံ ချင်းတော့ မတူပါဘူး။ ရန်ကုန်က ဆိုင်တွေက ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရန်ကုန်သူ ရန်ကုန် သား သိကာ ကျတယ် ဆိုပြီး တော့ပါ။ ဒီမှာတင် သူငယ်ချင်းက အရက်သောက် ရဲဆေး တင်ပြီး ဆိုင်ကို သွားလို့ ဆိုင်ရှင်ကို သွား ကျိန်ဆဲ ပါတယ်။ ကျွန်မ တို့ကို မလိုက်ခဲ့ ခိုင်းဘူးလေ။ ၃နာရီလောက် ကြာ တော့ အိမ်ပြန် ရောက်လာ ပါရော.. မျက်နှာကြီး နီရဲပြီး တအားကို စိတ်ဆိုး နေတာပါ။ သူက နဂိုက စကားသံ ၀ဲရတဲ့ အထဲ မူးနေတော့ ပိုဝဲ ပါတယ်။ သူပြော တာကို မနည်းကို နားထောင် နေရပါရော..

စိတ်ပူတာပေါ့ ဒီလောက်ကြီး ဒေါသတွေ ထွက်နေတာ မမြင်ဖူး ဘူးလေ။ ဒါနဲ့ သံပုရာရည် တိုက်ပြီး သူ့ ကို ချော့မေးရ ပါတယ်။ ဆိုင်ရှင်က ဘယ်လို ရိုင်းရိုင်း စိုင်းစိုင်း ပြောလွှတ် လိုက်လို့လဲ ဆိုတော့ သူက သူပြန် ရလာတဲ့ ကွန်ပြူတာ ပစည်း အကောင်း လေးကို ခုံပေါ် တင်ရင်း ဆိုင်ရှင်နဲ့ သူ ပြောခဲ့တဲ့ စကား ပြန်ပြော ပါတယ်။ သူ ပြန်ပေးတဲ့ ဘောက်ချာကို ကြည့်ရင်း သူ တအားမူးပြီး ပြောဆို သမျှ ပြုံးပြုံးလေး နားထောင်ပြီး ပစည်း အသစ် လဲပေးရင်း ခေါင်းလေး တညိတ်ညိတ်နဲ့ လုပ်ရင်းက ဆိုင်က အရောင်း မန်နေဂျာ မလေးက သူ့ကို ပြန်ပြောတဲ့ စကားက..

မောင်လေး နောက်လဲ အမြဲ လာအားပေးနော်တဲ့။

ကျွန်မတို့ သူငယ်ချင်းတွေ တ၀ိုင်းလုံး တအုန်းအုန်း ရီကြ ပါတော့တယ်။ သူပြောတဲ့ ဆဲတဲ့ စကားကို မန်နေဂျာ က နားကို မလည် ခဲ့တာ မို့ပါ။ ကျွန်မ တို့က ရီလေ၊ သူက ဒေါကန်လေ … ဒေါကန်လေ၊ စကား ပြောတာ ပိုဝဲလို့ မပီလေ နဲ့.. နောက်ဆုံး သူမော သွားပြီး စာစု လုပ်တဲ့ ဘုရားခန်းမှာ ဘုရားစင် ရှေ့က စာဖတ်ဝိုင်း မှာ ကုလားထိုင်ပေါ် စိတ်ဆိုးဆိုးနဲ့ ဆောင့်ကြောင့် တက်ထိုင်ရင်း ဒူးပေါ် တံတောင် ဆစ် တင်ရင်း ရှူးရှဲ လိုက်နေ ပါရော.. ဘုရားရှေ့မှာ လုပ်နေပုံလေ… အဲဒါကို ရခိုင် သူငယ်ချင်း မလေး တွေက မေးငေါ့ပြ ပါတယ်။ ဟိုမှာ .. ဇော်ကြီး လုပ်နေပုံ ကြည့်ပါဦး.. ဘုရားစင်အောက် ရင်ငွေ့တော် လှုံနေပြီ တဲ့လေ။

ဒီမှာတင် အထက်မြန်မာပြည် တခေါက် ဘုရားဖူး ပြန်လာတာ မကြာ သေးတဲ့ ကျွန်မ မကွေး မြသလွန် ဘုရားကို ချက်ချင်း သတိရသွားပါတယ်။ မြန်မာ ပြည်က ဘုရားတိုင်းရှေ့မှာ ခြင်္သေ့ ပုံတွေ ထုထားလေ့ ရှိသမျှ မကွေး မြသလွန် ဘုရားရှေ့မှာ တွေ့ရတာ ဘီလူး ညီနောင်ပါ။ မြတ်စွာဘုရား မြန်မာပြည် ဘက် ကို ကြွလာစဉ်က ဘောသော၊ ဘောကျော် ဘီလူး ညီနောင်က မြသလွန် စေတီ တည်ထားတဲ့ တောင် ကို စောင့်ပါသတဲ့။ ဘုရား ကြွလာတဲ့အခါ ဘုရားကို ကြည်ညိုလွန်းလို့ ဆွမ်းတွေ ဆက်ကပ် လှူဒါန်း သတဲ့။ မြတ်စွာဘုရားက အဲဒီ တောင်မှာ တည ကျိန်းစက် ပါသတဲ့။ ဘုရား ကျိန်းဖို့ မြသလွန်ကို လှူပါ သတဲ့။ မြတ်စွာဘုရား မဇျိမ ဒေသကို ပြန်ကြွတဲ့ အခါမှာ မြတ်စွာ ဘုရား ကျိန်းစက်ရာ မြသလွန်ကို ဌာပနာပြီး စေတီ တည်ထား ကိုးကွယ်လို့ မြသလွန် ဘုရားလို့ တွင်ပါသတဲ့။ ကျွန်မ လေ့လာ ဖူးတာ လေးကို မှတ်မိ သမျှ ပြန်ပြော တာပါ။ မတိကျတာ၊ လွဲနေ တာများ ရှိခဲ့ရင် မှတ်ချက်မှာ ၀င်ပြင်ပေး ခဲ့ကြ ပါနော်။ ကျေးဇူးပါ။

အဲဒါနဲ့ ကျွန်မလဲ ဘုရားရှေ့ ငုတ်တုတ် ထိုင် ဒေါသ ထွက်နေတဲ့ သူငယ်ချင်းကို နောက်ပြောင် ချင်လာ ပါတယ်။ ဟဲ့.. ဇော်ကြီး .. နင်ဘုရားရှေ့ ငုတ်တုတ် ထိုင်နေပုံ ကြည့်ရတာ ငါ မကွေး မြသလွန် ဘုရားကို သတိရ တယ်ဟယ် ဆိုတော့ အထာ သိတဲ့ သူက ချက်ချင်း ထရယ် ပါလေရော.. စိတ်ဆိုးလဲ မပြေ.. ရီ ကလဲ ရီချင်နေတဲ့ သူ့မျက်နှာက သိပ်ရီစရာ ကောင်းနေတော့ သူငယ်ချင်းတွေ ဆိုတာ တသောသော ပေါ့။ အဲဒါကို သူ့ညီက သူ့အကိုကို ၀ိုင်းရီ နေကြ တာကို နားစွန် နားဖျားနဲ့ မခံချင် ပါဘူး။ သူ့ညီပါ စူပုတ် လာပါရော… ကျွန်မ တို့ကို ထိန်းတဲ့ ဂိုက်အမက ၀င်ဖျန်ဖြေ ရှာပါတယ် .. ငါ့မောင်လေးကို သိပ်မစ ပါနဲ့ ဟယ် .. သူက ရုပ်မဆိုး ပါဘူး .. ကျောင်းမှာ မင်းသား ပဲဟာ ဆိုပြီး ဖော့ပြော ပေးပါတယ်. အဲဒီ တော့မှ ပိုဆိုး သွားပါရော.. ဟုတ်တယ် ဟုတ်တယ် မကွေး မြသလွန် ဘုရားသမိုင်း ဆိုတဲ့ ဇာတ်ကား ထဲမှာ တွေ့လိုက်တယ် ဆိုပြီးလေ.. ယောက်ျားလေး နည်းတဲ့ သူငယ်ချင်း အုပ်ထဲ သူတို့ကို ၀ိုင်းရီ နေသူ တွေက မိန်းကလေးတွေချည့်.. အဲဒီမှာ နည်းနည်း ရှက်ပြီး မခံချင် ဖြစ်လာတဲ့ သူက အဲဒီ တုန်းက နင်တို့လဲ ဘီလူးမ တွေလို့ အားကျ မခံ ပြန်ပြော ပါတယ်။ ပြောမနာ ဆိုမနာ သူငယ်ချင်း တွေ ပီပီ ဘယ်သူ့ ကိုမှ ဘယ်သူ ကမှ မနာနိုင် ကြဘူးလေ.. ဒါနဲ့ ရီရင်း မောရင်းနဲ့ ဟဲ့.. ဘောသော ဘောကျော် က လူပျိုကြီး ဘီလူး နှစ်ကောင်။ တောင် တစ်လုံးမှာ ညီအကို နှစ်ယောက်ထဲ နေတာဟဲ့ လို့ အတင်း စကားရည် ပြန်လု ကြပါတယ်။ ဒါနဲ့ သူတို့ ညီအစ်ကို နှစ်ယောက် ခမျာမှာ ဘောသော နဲ့ ဘောကျော် ဆိုတဲ့ ဘီလူး ညီနောင် နာမည် တွင်သွား ပါတော့တယ်။ ကွယ်ရာ မှာပေါ့နော.. ရှေ့တင်ကျ သူ့ညီကို မစ ဘူးလေ။ သူ့ကိုတော့ ရှေ့တင်ရော ကွယ်ရာပါ ဘောသောလို့ စပါတယ်။ သူက အဲလို စရင် စိတ်ဆိုးချင်ယောင် ဆောင်တတ်ပေမယ့် သူ ဟန်ဆောင်နေပုံက ပြုံးစိစိကို အတင်း ဆွဲတည် ထားတဲ့ ရုပ်မို့ ပိုရီရပါတယ်။

ခုလဲ ဘန် ကောက် မှာ မြဘုရားကို သွားဖူးတိုင်း ဘုရားဝင်းက ဘီလူးကြီး ၂ကောင်ကို မြင်တိုင်း သူငယ်ချင်းလေး ဘောသော နဲ့ သူ့ရဲ့ ချစ်စွာသော ညီလေး ဘောကျော်ရယ်၊ တူတူ အားဖြည့် နောက်ပြောင် ခဲ့ကြတဲ့ သူငယ်ချင်းများ ရယ်ကို သတိရလို့ ပြုံးရယ် မိဆဲပါ။ ဒါပေမယ့် ကျွန်မတို့ ၀ိုင်းပြော မိတဲ့ စကားက ပါးစပ် စီးပြီး နမိတ် ဖြစ်သွားလား မသိပါဘူး။ ခုတော့ သူတို့ ညီအကို နှစ်ယောက်လုံး မစွံကြဘဲ လူပျိုကြီးများ ဖြစ်နေကြ ရှာပါရော.. (ဟဲ့.. ဟိုနှစ်ယောက်… ငါပြန် ကြော်ငြာ ပေးတယ်နော်.. စိတ်မဆိုး နဲ့တော့နော် ဟိဟိ)

ကဲ.. ဖြိုးငယ်ရေ.. ဘောသော၊ ဘောကျော် က ဇာတ်ညွှန်း အရ မင်းသမီး မပါဘူးကွဲ့.. အမကို ဇာတ်ဆောင် မင်းသမီး နေရာမှာ ထားဖို့ အဆိုပြုပေမယ့် ဇာတ်ညွှန်း ဆရာက ခွင့်မပြုလို့ စိတ်မကောင်း ပါဘူးကွယ် ဟဲဟဲ)

5 comments:

Kyaw said...

Hii!

do you miss me?
i am not baw kyaw.
don't be angry, he heeeeeeeeeee

ခွန်မြလှိုင် said...

Hi Kyaw,

I know that you are not Baw Kyaw.. :P As my best friend's bro, Baw Kyaw and the real ogre Baw Kyaw are gentle and polite, and they both respect to the religion :D ...

Kyaw said...

Hii!
it is very easy job to pretend to be religious, gentle or polite. difficult to be clear in their soul.
I wish you to have a clear soul, rather than pretended performances. Again, wish you to be able to distinguish between real and fake. not decide by looking outer appearance.
Later on you will know who is your friend and who is your enemy.

ခွန်မြလှိုင် said...

Hi Kyaw,

I am surprised that you are so attached to my blog :) with evidence such as quick comments. It is easy for me to discribe who has pure mind and clear soul as Time and Wisdom proof the truth. I also know how to remove the mask of cunning people, OK? DON'T EVER THINK THAT BLOGGERS AND BLOG READERS ARE DUMB ENOUGH TO FOLLOW YOUR MISDIRECTION. Sure, I do know pretended suggestion which can disguise new readers... Why you are so atached to my blog and eager to misdirect others to the bad ways. I think I know you.. I recognize this kind of disguise suggestion the way you do.. Instead of disguising others, I wish you to look your own mind and soul at the mirror of truth, legality and wisdom. I wish you are not blind to the Truth.. Cheers!!!

Anonymous said...

"Kyaw said...
Hii!
it is very easy job to pretend to be religious, gentle or polite. difficult to be clear in their soul." This is what you said... may be pretending is your master skills that it seems to be very easy for you. Only that sentence reveal who you are and what you intend to do... Think before you say and don't be so eager to attack others.. Be Honest!!!