Thursday, October 4, 2007

Happy Birthday To Me !!!

ဒီကနေ့မှာ

ငါ့ဘ၀ရဲ့ ၂၈ခုမြောက် မှတ်တိုင်ကို စိုက်ထူရင်း
ကျန်ခဲ့သော မှတ်တိုင်များကို ပြန်ဆန်းစစ်
အမယ်မင်းလို့ မျက်စိကိုအတင်းမှိတ်
ခေါင်းကိုခါလို့လွှဲခဲ့ဖူးတယ်။

သူများစိတ်နဲ့ကိုယ့်ကို
ဒါကိုလူလို့ ခေါ်ဆိုသလား…
တွေ့ကရာစည်းဘောင်တွေနဲ့ လိုရာဆွဲ အဆိုအမိန့်
ချစ်လွန်းလို့ ဆိုပြီး ချော့သိပ်ခံခဲ့ရဖူးတယ်…
ယဉ်ချင်ယောင်ဆောင်ရင်း ရိုင်း
ဒီလိုအသိုင်းအ၀ိုင်းကို စွန့်ခွာထွက်
လူရိုင်းနာမည် အခေါ်သွက်ခဲ့ပေါ့…

အနာဂတ်ကို ရင်ဆိုင်ရမှာ ကြောက်တဲ့လူထဲ ငါမပါခဲ့ဘူး
ကျေနပ်လောက်စရာ အတိတ်ကို ဟိုအရင်က မရခဲ့ဖူးလို့။
တစ်သက်မှာ တခါသာ နောင်တရဖူးရဲ့
နောက်တော့ အရင်ချည့် တ ခဲ့လို့ နောင်တ မရတော့ဘူး။
ဒီလိုနဲ့ ပစုပ္ပန်ကို အသုံးချရင်း
ကိုယ့်လုပ်ရပ်ကို ကျေနပ်လောက်တဲ့
၃နှစ်စာအတိတ်တွေကို ဖန်ဆင်းကြဲချ
ကိုယ့် ဒသန နဲ့ကိုယ်ပေါ့။

မနေ့က ငါနဲ့ ဒီနေ့ငါကို နှိုင်းယှဉ် ချိန်ထိုး
အိုး… ပိုတော်မနေရင် စိတ်ညစ်ခဲ့ဖူးတယ်
ခုတော့ မနေ့ကငါထက် ဒီနေ့ငါက ပိုကောင်းအောင်ကြိုးစား
စိတ်ချမ်းသာစရာ တရားနဲ့ ငါနေတတ်ခဲ့ပြီ။

အရိယာတစ်ပါး မဟုတ်ခင်တော့
ကိလေသာတရားက ၀င်ဦးမှာပါ
ကိလေသာမီး ဆယ့်တစ်ပါး ဘယ်လိုလောင်လောင်
သတိဆိုတဲ့ ရေနဲ့ အလျင်မီအောင် ငြိမ်းသတ်
တဏှာ ၃ပါး လောင်စာကို အပြတ်ဖြတ်ရင်း …

ကျေနပ်ပါတယ် လောကဓံရယ်
မင်းရဲ့ လေ့ကျင့်သင်ကြားမှုအောက်မှာ
ကံကြမာနဲ့ စီးချင်းထိုးတဲ့ပွဲ
စိတ်ဓာတ်ရေးရာနဲ့ ငါအနိုင်ရ
ငြိမ်းချမ်းအောင် သတိနဲ့နေတဲ့ ငါ့စိတ်ကို ဖျက်ဖို့
မင်းဘာတတ်နိုင်သေးလဲ ကံကြမာ..

8 comments:

Nay Nay Naing said...

Happy belated birthday to you! :)

pandora said...

ရေခဲပြင်ကပန်းကလေးရဲ့မွေးနေ့မှာ
ကျန်းမာပျော်ရွှင်စွာနဲ့
ရည်မှန်းချက်ကို အရောက်လှမ်းနိုင်သူ
လိုရာဆန္ဒတွေပြည့်ဝနိုင်သူဖြစ်ပါစေလို့
ဆုတောင်းလိုက်ပါတယ်

ThuHninSee said...

Happy Birthdayနော်..ဒီနေ့ မှတ်မှတ်ရရ အဖေရဲ့မွေးနေ့လဲဖြစ်ပါတယ်

Anonymous said...

Happy Belated Birthday to you.. =)
မမ ပျော်ရွှင် ချမ်းမြေ့ပါစေ.. သတိရနေတယ်..

ခွန်မြလှိုင် said...

Dear All,

Thanks a million for your Birthday wishes.

မျှားပြာ said...

မွေးနေ့ မှသည် နောင်နှစ်များစွာတိုင် အေးချမ်း ပျော်
ရွှင်နိုင်ပါစေဗျာ

ခင်မင်းဇော် said...

မွေးနေ့ကို မသိလိုက်ဘူး ..
ခုရက်ဘလော့လဲ မလည်ဖြစ်ဖူးလေ..
ဒီနေ့မှ ရောက်လို့ ....
မွေးနေ့မှသည် .... ချစ်သောသူနှင့် ...
ယနေ့မှစ နှစ် တရာတိုင်ကွယ်......

tayzar said...

Happy Birthday!! ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေဗျာ။ အင်တာနက်မရတာ ကြောင့်နဲနဲနောက်ကျသွားပါတယ်။ မင်္ဂလာပါ။ နောင်နှစ်ပေါင်းများစွာ ဘလောခ့်ရေးသားနိုင်ပါစေ။