Tuesday, October 23, 2007

ယောက်ျားလေးပဲကွာ.. ဘာမှ နစ်နာစရာ မရှိပါဘူးတဲ့လား

ယောက်ျားလေးနဲ့ မိန်းကလေး လက်မထပ် အတူနေ ကြတဲ့ အခါတွေ မှာပဲ ဖြစ်ဖြစ်၊ လွန်လွန်ကျူးကျူး ဖြစ်ကြတဲ့ အခါတွေ မှာပဲ ဖြစ်ဖြစ် စကတည်းက အပျော် ကြံချင် ကြတဲ့ ယောက်ျား လေးတွေ ပြောလေ့ ရှိတဲ့ စကားပါ။ ကိုယ်က ရင်ဘတ်နဲ့ ခံစားတာမှ မဟုတ်တာ.. မိန်းမ ဗိုက်ကြီးတာ ဆန်းလား၊ စားရလို့ ကိုယ့်ဗိုက် ၀ရင် ပြီးတာပဲ.. ယောက်ျား လေးမို့ အကာအကွယ် ပစည်း သုံးထားရင် နစ်နာစရာ မရှိဘူး ဆိုတဲ့ စကားမျိုး အရင်လက စပြီး စီဘောက် ဆဲပွဲတွေ ကနေ မကြည့်ချင် ငုတ်တုတ် မြင်လိုက်ရ ပါတယ်။ ရေးသူက အိုင်ပီ အတု ပါလို့ ပြန်စွပ်စွဲမှာ စိုးလို့ မဖော်တော့ပါဘူး။ ဒီလို တိရစ္ဆာန်စိတ် ပေါက်နေသူက တိုင်းပြည် တာဝန် ထမ်းဆောင်မယ့် အရာရှိ တကယ် မဟုတ် ပါစေနဲ့ လို့ပဲ ဆုတောင်း လိုက်ပါတယ်။ မဟုတ်ရင် အုပ်ချုပ်ခံ သူတွေ အတွက် ရင်လေး လွန်းလို့… အစ ကတော့ မောင်နဲ့ အစ်မ ပြောလို့တောင် မကောင်းလို့ မရေးဘဲ နေဦး မလို့ပါ။ ဒါပေမယ့် တချို့ မအူမလည် မောင်ငယ်တွေ တလွဲ စဉ်းစား မိပြီး စိတ်အလိုကို လိုက်မှားရင်း အဟုတ်ထင် အတုခိုးမှားပြီး လူလို မကျင့်ဘဲ တိရစ္ဆာန်စိတ် ၀င်သွားမှာ စိုးတာ နဲ့ ဖြစ်ရပ်မှန် မှုခင်း ဇာတ်လမ်းလေးလဲ ဖတ်ထားမိတာနဲ့ တော်သလို အကြမ်းဖျင်း ဘာသာပြန်ရင်း ဒီ ဆောင်းပါးကို ရေးလိုက်တာပါ။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ရပ်ကွက် တစ်ခုမှာ သူတို့နိုင်ငံက လူမှု ဓလေ့ အတိုင်း နိုက်ကလပ်မှာ က ရင်း ယောက်ျားလေးရဲ့ အခန်းကို မိန်းကလေးကို ခေါ်အိပ် ပါသတဲ့။ သောင်းကျန်းရင်း သောက်ရင်း စားရင်းနဲ့ အိပ်ပျော်သွားတာ မနက် အိပ်ရာက နိုးတော့ ယောက်ျားလေးက သူ့ကိုယ်သူ ရေချိုးဇလုံထဲမှာ ရေခဲရိုက် ခံထား ရတဲ့ အနေအထားနဲ့ ဖြစ်နေပါသတဲ့။ သူ့တကိုယ်လုံးကလဲ လှုပ်ရ ခက်ခဲ နေသလို ဘေးကို ကြည့်တော့ ရေချိုး ဇလုံရဲ့ ဘေးမှာ စားပွဲငယ် တလုံး ချထားပြီး စားပွဲ ပေါ်မှာ တယ်လီဖုန်းနဲ့ ကတ်ပြား တစ်ချပ် ထောင်ထား ပါသတဲ့။ ကတ်ပြား ပေါ်မှာ ရေးထားတာ ကတော့ မသေချင်ရင် ရေးထား တဲ့ ဖုန်း နံပါတ် ကို နှိပ်ပြီး လူနာတင် ယာဉ်ကို အမြန်ဆုံး ခေါ်ပါတဲ့။ ကိုယ့်လက်ရှိ အခြေအနေ ကလဲ အဲလိုမှ မလုပ်ရင် မဖြစ်တော့ တာမို့ လူနာတင် ယာဉ်ကို ချက်ချင်း ဖုန်းဆက် ခေါ်ခဲ့ရ ပါသတဲ့။ လူနာတင် ယာဉ် ရောက် တဲ့ အခါ တာဝန်ကျ ဆရာဝန်က သူ့နောက်ကျောမှာ ဓားနဲ့ ခွဲထားတဲ့ ဒဏ်ရာ ၂ချက်ကို တွေ့ရတဲ့ အတွက် ရေခဲ ရိုက်လျက် အနေအထားနဲ့ ဆေးရုံ ရောက်တော့ စစ်ဆေး လိုက်တဲ့ အခါ ကျောက်ကပ် ၂လုံး စလုံးကို ဖြုတ်ခိုးခံ ထားရတာ တွေ့လိုက် ရပါတော့ သတဲ့။

လူနာဟာ သူတစ်ယောက်ထဲ ဒီအဖြစ်မျိုး ကြုံရတာ မဟုတ်ဘဲ ဆေးရုံပေါ်မှာ သူ့လိုလူနာတွေ တော်တော် များများကိုလဲ တွေ့လိုက် ရသတဲ့။ မှုခင်း ဆရာဝန် များရဲ့ လေ့လာ တွေ့ရှိချက် အရ ဒီလို မှုခင်းများ ဒီ ၂၀၀၆-၂၀၀၇ ခုနှစ်များ အတွင်းမှာ ဖြစ်ပွားမှု နှုံး တက်လာ တာကို တွေ့ရပြီး ခုလို ဖြုတ်ခိုး ခံလိုက်ရတဲ့ ကျောက်ကပ်များနဲ့ ကိုယ်တွင်း ကလီစာ များဟာ မှောင်ခို ဈေးကွက် ကို ရောက်ရှိ သွားတယ်လို့ ယူဆ ကြ ပါတယ်။ သက်ဆိုင်ရာ ကိုယ်တွင်း ကလီစာ များနဲ့ ပတ်သက်တဲ့ ရောဂါရှင်များဟာ ဒီ ကိုယ်တွင်း ကလီစာ များကို အစားထိုး ကုသတဲ့ နေရာမှာ အသုံးပြုတယ် လို့ ယူဆ ကြပါ သတဲ့။ ဒီသတင်းကို ဖတ် ရင်း ခုမှ တွေ့၊ ခုမှသိတဲ့ မိန်းမ တစ်ယောက်ကို လွယ်လွယ် တွဲရင်း တဏှာ စိတ် စေစား ရာ အတိုင်း ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ အခန်းခေါ် လာတာ ဒါမျိုး ခံရတာ နည်းတောင် နည်းသေးတယ် လို့ ရေရွတ်ရင်း စီဘောက်စ် ပေါ်က ဆဲပွဲကို သတိရ လိုက် ပါတယ်။

နောက်တစ်ခါ မြို့ပြ ကျားကြီးများ အဖြစ် လူလည်ကျပြီး မိန်းကလေး အပျိုလေး သန့်သန့် ကလေးများ ကိုမှ ဂုဏ်၊ စည်းစိမ်၊ ငွေတို့နဲ့ ဖြားယောင်း မြှုဆွယ်ပြီး ခိုးစားတတ်တဲ့ လူများ ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ အဲလို မိန်းမတွေ ခြံရံ ထားမှတော့ ကိုယ့် မိသားစုဝင် တွေလည်း ဒီပတ်ဝန်းကျင် ထဲက လူတွေ အကျင့် ကူးပြီး သားချည့် မွေး ထား တာမို့ ငါတို့က ၀ဋ်လည် စရာ မရှိဘူး လို့ တွက်ထား သမျှ မြေးအစစ် မချီရ တဲ့ ဘ၀ကို ရောက် တတ် ပါသေးတယ်။ ၀ဋ် ဆိုတာ မလည်ဘူး ဆိုတာ မရှိပါဘူး။ အချိန်သာ ကွာချင် ကွာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုလဲ မလေးစား၊ ကိုယ့် ရဲ့ လူ့သိကာ ကိုလည်း မထိန်းသိမ်း မငဲ့ကွက်၊ အိပ်၊ စား၊ ကာမ သည် သုံးဝ ကိုသာ သိလို့ တိ= ၃မျိုး၊ ဣစ္ဆာ= လိုအင်ဆန္ဒ ဆိုပြီး ပေါင်းစပ်ရင်း တိရစ္ဆာန် ဖြစ်လာတဲ့ သတ္တ၀ါရဲ့ အလေ့အတိုင်း အသိစိတ်က အဲလောက်ပဲ ရှိရင်တော့ လူလို့ ခေါ်ဆိုလို့ မရနိုင် တာကို ခက်ဆစ် အဓိပ္ပာယ် အရကို သိနိုင်ပါ လိမ့်မယ်။ ဒါကြောင့် ယောက်ျားလေးပဲကွာ.. ဘာမှ နစ်နာစရာ မရှိပါဘူး ဆိုတဲ့ စကားကို ကိုယ် မနစ်နာ ရင်ပြီးရော သူများ ဘာ ဖြစ်ဖြစ် ဆိုတဲ့ အတွေးနဲ့ လွယ်လွယ် ပြောတတ်သူများ စောစောက ဇာတ်လမ်းထဲက မိန်းမ မျိုးက သင်ခန်းစာ ပေးတာကို ခံရတာ တရား မျှတမှု ရှိကြောင်းနဲ့ အဲလို လူစား များဟာ လူဆိုတဲ့ ခက်ဆစ်နဲ့ မညီဘဲ တိရစ္ဆာန် ဆိုတဲ့ စကားလုံးရဲ့ ခက်ဆစ် အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့သာ ညီမှာမို့ ကိုယ့်ကိုယ်ကို ဘယ် အတန်းအစား ဖြစ်ချင်လဲ ဆိုတာ မောင်ငယ်များ ကိုယ်တိုင် သတ်မှတ် ကြရမှာ ဖြစ်သလို အများ ပြည်သူ များကလဲ အဲလိုသာ သတ်မှတ် ကြမှာ ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ပါတယ်ရှင်။

5 comments:

Anonymous said...

ယောကျာ်းလေးတွေဘ၀က အရမ်းနစ်နာပါတယ်... :(

ဘဲဥပေါ် ကျောက်ပျဉ် ကျ ၊ ဘဲဥကွဲ
ကျောက်ပျဉ်ပေါ် ဘဲဥကျ ၊ ဘဲဥပဲ ကွဲ တဲ့ ဘ၀မျိုးပါ :(

MELODYMAUNG said...

အဲတော့ ကြောက်စရာကြီး အဲဒါမှ မှတ်ကရောပဲ ဒီပို့စ်လေးက မောင်ငယ်လေးတွေလဲ သင်ခန်းစာယူစရာပေါ့

ပီကေ said...

ဒီပို့စ်လေးဖတ်ရတော့ အတော်ကျေးဇူးတင်မိသွားပါတယ်။
အရာရာမှာ အတုံ့အလှည့်ဆိုတာ ရှိတယ်လို့ သက်သေပြရာရောက်တာပေါ့ဗျာ။ ညီငယ်တွေရော ကြီးမိုက်တွေရော အားလုံးအတွက် ဒီလိုဖြစ်တတ်တယ်လို့ သိသွားရတာပေါ့။
ဒီစာဖတ်ရင်း တော်ပါသေးရဲ့ဆိုပြီး အကောင်းဘက်ကတွေးမိတာ တစ်ခုရှိတယ်။
အဲဒီ အသည်းထုတ်ခံရတယ်ဆိုတဲ့ ကောင်လေးတွေ ကံကောင်းတာပါ။
ဓါးနဲ့ခွဲပြီး ထုတ်နေရမှာ ရှုတ်တယ်။ လွယ်လွယ်ကူကူ တွေ့တာပဲ ဖြတ်ယူသွားမယ်ဆိုပြီး ဖြတ်သွားရင်တော့ အင်း ...
အသင် ပုရိသ ဒုက္ခတွေ့ရချည့်ရဲ့။

Anonymous said...

u know what the value of a testes is 5 lakhs kyats....

Anonymous said...

sis.........
So afraid.......... :(
Thz for ur Post........
i Got So many knowledge ...........