Thursday, October 11, 2007

လွမ်းတယ်

ဆွေးဆွေးနင့်နင့် သိပ်သိပ်သည်းသည်း လွမ်းတယ်
နောက်ရင်းပြောင်ရင်း နေ့လည်စာ
တူတူစားခဲ့ ဖူးချိန်လေးကို…

မွတ်မွတ်သိပ်သိပ် နက်နက်ရှိုင်းရှိုင်း လွမ်းတယ်
တူတူဖြတ်သန်းဖူးတဲ့ စာလုပ်ချိန်လေးတွေကို…

ရှိုက်ရှိုက်မက်မက် တမ်းတမ်းတတ လွမ်းတယ်
တူတူလျှောက်ခဲ့ဖူးတဲ့ လမ်းလေးနဲ့ အချိန်တွေကို…

အလွမ်းပန်းတွေ လှိုင်လှိုင်ဝေတဲ့ ဥယျာဉ်ထဲမှာ
အချစ်သစ်ပင်လေးကို ပေါင်းသင်ရေလောင်းရင်း
သတိရခြင်း ရနံ့တွေကို ထွေးပွေ့လို့
ဘာမျှော်လင့်ချက်မှ မထားလဲ
ကျေကျေနပ်နပ်ပါပဲ … လွမ်းတယ်…

1 comment:

Anonymous said...

ဘယ်သူ့ကိုလွမ်းမှန်းတော့ မသိဘူး ဒါပေမယ့် စွတ်ရွတ်ပြီး ၀င်လွမ်းလိုက်ဦးမယ်။ ဒန့်တန့်တန့်
ချစ်တဲ့
မွန်းသက်ပန် (ဆေး-၁)