Wednesday, October 10, 2007

ပုံရိပ်များ

မနိုင်းနိုင်းစနေရဲ့ ဘလော့ပေါ်က ဓာတ်ပုံများကို ကြည့်ပြီး မြင်ယောင်မိတဲ့ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ကိုယ်တွေ့ ကြုံခဲ့ ကြားခဲ့ ဖူးတဲ့ မြန်မာ ပြည်တွင်းက ပုံရိပ် တချို့ကို ပြန်လည် ဝေငှ လိုက်ပါတယ်။

• ရန်ကုန်-ကျောက်ပန်းတောင်း အဝေးပြေး ကားလမ်းပေါ်မှာ ညဘက် လူခြေတိတ်ချိန် တွေမှာ လုံချည်ရင်လျားလေးတွေနဲ့ လာသမျှ အဝေးပြေးကားတွေကို တားပြီး လူကိုကြိုက်သလို လုပ်ခဲ့ပါ အိမ်က အဖေအို အမေအိုတွေအတွက် ထမင်းတစ်နပ်စာ ပေးခဲ့ပါ ဆိုတဲ့ မိန်းကလေးတွေ

• မြို့တော် ရန်ကုန်မှာ ကိုယ်နေတဲ့လမ်းထိပ်က အမှိုက်ပုံမှာ မနက်စောစော ချမ်းချမ်း စီးစီး သူများ လာ လွှင့်ပစ်သွားတဲ့ ထမင်းသိုးတွေကို တစ်လုံးစီ ကောက်စားနေရရှာတဲ့ ကလေးများ

• ကားတ၀ီဝီ မောင်းနှင်နေတဲ့ မီးပွိုင့်လမ်းဆုံတွေမှာ ကားတိုက်ခံရမှာ မကြောက်မရွံ့ ကားတွေဆီ လိုက်ပြီး ပိုက်ဆံတောင်း၊ မုန့်တောင်းနေရရှာတဲ့၊ ပေါင်မုန့်လေး တစ်ထုပ်ကို ကလေး ဆယ်ယောက် ကျော် တစ်ဖဲ့စီ ဝေစား နေကြ ရရှာတဲ့ ရန်ကုန် အင်းစိန်လမ်းပေါ်က ကလေးများ

• ကျွန်မတို့က လူဟောင်းမို့ တခါလျှော့ ကျပ် ၂၀၀ပဲ ရတာဆိုတော့ တစ်ရက်ကို ဖောက် သည် အယောက် ၄၀လောက်ရမှ ခေါင်းနဲ့ တည်းခိုခန်း ပိုင်ရှင်ကို ပေးရတာ ဖယ်လိုက်တော့ နေ့တွက် ကိုက်တာလို့ ပြောရှာတဲ့ အေအိုင်ဒီအက်စ် ပညာပေး အန်ဂျီအို တစ်ခု ရဲ့ ရုံးခန်းမှာ ဆေးလေးရဖို့ လာရောက် ဖြေဆိုနေတဲ့ လိင် အလုပ်သမ တစ်ဦး

• မြန်မာပြည်မှာ အသက် ၁၈နှစ်ကနေ အသက် ၆၀ ကြား လူဦးရေ စုစုပေါင်းထဲက အနည်းဆုံး စစ်သား သုံးသိန်းနဲ့ ဘုန်းကြီး လေးသိန်း ရှိတာမှာ ကျန်တဲ့လူဦးရေ လေးအတွက် အလုပ်ကို စီမံဖန်တီး မပေးနိုင်ရအောင် ဦးတို့ရဲ့ အလုပ်သမား ၀န်ကြီးဌာနက ဘာတွေလုပ်နေလဲ လို့ ပြန်လှန် မေးခွန်းဆိုတဲ့ ဆယ်တန်းဖြေခါနီး ကျောင်းသူလေး တစ်ဦး

2 comments:

Moe Hlaing Nya said...

ပုံရိပ်များက ကျွန်တော်ရင်တွင်းကိုပြင်းပြင်းထန်ထန် ထိခိုက်မိပါတယ် ဒါပေမယ့် ဆွဲထူမယ့်လက်တွေကလည်းအားနည်းနေတတ်တဲ့အခါ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ်ရှက်ရွံ့မိတဲ့ အခါတွေတောင် ရှိပါတယ် ...ကျွန်တော်ရန်ကုန်မြို့ထဲလျှောက်သွားနေတဲ့အခါ သက်ကြီးရွယ်အို ၊ကလေးငယ်တွေတောင်းစားနေတာတွေ့ရရင် ငါတို့ မြန်မာတွေယဉ်ကျေးပါတယ်ဆိုတာ ဘယ်မှာလဲ လူဦးရေသန်းခြောက်ဆယ်လောက်ပဲရှိတဲ့ တိုင်းပြည်ဟာ လူဦးရေသန်းတစ်ထောင်ကျော်တဲ့နိုင်ငံကြီးတွေနဲ့ အပြိုင်ဆင်းရဲနေတာ...အာဖရိကလို စိန်ကလွဲလို့ ဘာမှစိုက်လို့မရတဲ့နေရာလည်းမဟုတ်ဘူး..တစ်ကမ္ဘာလုံးမှာ အဆင်းရဲဆုံးဖြစ်နေရတာ မလိုချင်ပေမယ့် ကိုယ်ကိုတိုင်တောင်လမ်းတွေကေ၀၀ါးနေတယ် ဖေးကူပေးရင်တောင် ကိုယ့်ဆီမှာလည်းအားနည်းတော့ခရီးမေ၇ာက်ဘူး ကျွန်တော်လည်းဒီထက်ကောင်းမွန်တဲ့အဖြေတစ်ခုလို ချင်တယ် ... ကိုယ်ချင်းစာစိတ်တွေဖြန့်ဝေနိုင်ဖို့ ကျွန်တော်တို့ကြိုးစားရမယ်ထင်တယ် ...မခွန်မြလှိုင်ကျေးဇူးပါနော်

Anonymous said...

So sad for this situation.....
so bad ...... :(
F***...Government..........