Friday, October 5, 2007

ကပ်ကြီးသုံးပါး ဘေးကလွတ်အောင် ရတန သုတ္တန်ကို အချိန်မီ ရွတ်ဖတ်ကြပါစို့

ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ သာသနာစောင့် နတ်မင်းများ ပေါများတာ၊ သာသနာစောင့် ၀ိဇ္ဇာ၊ ဇော်ဂျီ တပသီများ ပေါများတာ လူတိုင်း အသိပါ။ သာသနာ ညစ်နွမ်းတော့မယ် ဆိုရင်လဲ ညစ်နွမ်းကြောင်း ပြုသူတို့ သိပ်များလာရင်၊ ထိပ်ဆုံး အုပ်ချုပ်သူကစပြီး တိုင်းသူပြည်သားများ အကျင့် သီလဖောက်ပြန်ကာ ကိုယ် ကျင့်တရားများ ယုတ်မာ ပျက်စီးလာရင် ဒီလိုလူတွေကို သုတ်သင်ဖို့နဲ့ ကျန်သူတွေကို သတိပေးဖို့ ကပ်ဆေး လေ့ရှိပါတယ်။ ကပ်ဆေးတယ် ဆိုတာ ကပ်ကြီးသုံးပါး (ရောဂါဘေး၊ စစ်မက်ဘေးနဲ့ အစာရေစာ ငတ်မွတ် ခေါင်းပါးခြင်း ဘေး) ဆိုက်ကပ်ပြီး လူတွေ အတုံးအရုံး သေဆုံးရလေ့ ရှိပါတယ်။ ဂျပန်ခေတ်က စစ်မက်ဘေး၊ အငတ်ဘေးနဲ့ ပလိပ်ရောဂါဘေးတို့ ၃ခုစုံ ကျရောက်ခဲ့တာ လူကြီးသူမများ မှတ်မိကြမှာပါ။ ဂျပန်ခေတ်မှာ အင်္ဂလိပ် အလိုတော်ရိနဲ့ ဂျပန်အလိုတော်ရိများ ခြေချင်းလိမ်ပြီး သံဃာတော်များကိုလည်း ပါးရိုက်နားရိုက် စော်ကားခဲ့ဖူးတယ်ဆိုတာ သမိုင်းသက်သေ ကျန်နေပါတယ်။ အခုရော… ဟိုဗိုလ်ချုပ် အလိုတော်ရိ လိုက်၊ ဒီအဖွဲ့အစည်း အလိုတော်ရိလိုက်နဲ့ ပျက်လိုက်တဲ့ စာရိတ္တတွေ.. ခေါင်ကနေ ကြမ်းပြင်အထိ။

၂၃ရက် စက်တင်ဘာ ၂၀၀၇ မှာ ဆိုးရွားလွန်းလို့ လွတ်လပ်ခွင့်မပေးဘဲ ပိတ်လှောင်ထားရတဲ့ မကောင်းဆိုးရွား ထိန်းသိမ်းရေး စခန်းက ထောင်ပွင့်ပြီး မကောင်းဆိုးရွား ဘီလူး သဘက်များ လွတ်ထွက်သွားခဲ့ပါတယ်တဲ့။ တမင်ဖွင့်ပေးလိုက်တာ လား မတော်တဆ လွတ်ထွက်သွားတာလား ဆိုတာကိုတော့ လက်ရှိအခြေအနေက အဖြေပေးပါလိမ့်မယ်။ ဘုန်းဘုရား ကတော့ မပြောရှာပါဘူး။ အဲဒီမကောင်းဆိုးရွား သတ္တ၀ါများက သီလ သမာဓိ မရှိတဲ့၊ နည်းပါးတဲ့ လူသားများကို ဆိုးဆိုးရွားရွား ဒုက္ခပေးမယ်လို့ ဆရာတော်ကြီး က သတိပေးရှာပါတယ်။ မြန်မာပြည်မှာ ဝေသာလီပြည်လို ကပ်ကြီးဆိုက်တော့မယ်။ နိုင်လောက်တဲ့ ဖြေဆေးက ရတနသုတ် တစ်ပါးပဲ ရှိတယ်လို့ ဘုန်းဘုရားက မိန့်တော်မူပါတယ်။ အဲဒါကြောင့် ပရိတ်ကြီး ဆယ့်တစ်သုတ်ထဲက ရတနသုတ်ကို အတတ်နိုင်ဆုံး သတိမလပ် ဌာန် ကရိုဏ်းကျကျ ရွတ်ဖတ်ကြဖို့ နဲ့ မရွတ်ဖတ်နိုင်ရင်လဲ တရားခွေများကို အတတ်နိုင်ဆုံး မပြတ်မလပ် ဖွင့်ကာ နာကြားကြဖို့ မိန့်ကြားတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားလက်ထက်မှာ ဝေသာလီပြည်မှာ ကပ်ကြီးသုံးပါး ဆိုက်ပါတယ်။ အနာရောဂါဘေးကြောင့် မြို့တော် ကြီးကို စွန့်ခွာထွက်ပြေးရတဲ့ အဆင့်ကြောင့် သေလိုက်တဲ့ အလောင်းတွေ ကောက်မနိုင်လို့ ပစ်ထားရတာကနေ တောထဲတောင်ထဲ ပုန်းအောင်းနေကြတဲ့ ဘီလူး သဘက်တွေ လူမရှိတော့တဲ့ မြို့ပျက်ထဲ ၀င်ရောက် စားသောက် သောင်းကျန်းရာက လူတွေကိုပါ လိုက်လံ သတ်ဖြတ်စားသောက်တဲ့အဆင့် ရောက်လာလို့ ဝေသာလီဘုရင်က မြတ်စွာဘုရားကို ပင့်ဖိတ်ခဲ့ရပါတယ်။ မြတ်စွာဘုရားက ညီတော်အာနန္ဒာကို လက်သုံးတော် သပိတ်ကိုပေးလို့ ရေအပြည့်ထည့်စေပြီး ရတနသုတ်ကို သင်ကြားပေးပြီး ဝေသာလီ မြို့တံတိုင်း ၃ထပ်ကြားမှာ လှည့်လည်ရွတ်ဖတ် စေပါတယ်။
ရတနသုတ်တော် ရွတ်ဖတ်သံကို ကြားရတဲ့ ဘီလူး တစ္ဆေ မကောင်းဆိုးရွား အားလုံးဟာ ထိတ်လန့်တကြား ခြေဦးတည့်ရာ ထွက်ပြေးကြရရုံသာမက ရတနသုတ် ရွတ်ဖတ်ထားတဲ့ သပိတ်တော်ထဲက ရေစင်ကို ပက်ဖျန်း လိုက်တဲ့အခါတိုင်းမှာလဲ မြို့ရိုးအကြိုအကြား၊ အိမ်ကြိုအိမ်ကြား၊ ကျောင်းကြို ကျောင်းကြားမကျန်အောင် ပုန်းအောင်းနေသမျှ မကောင်းဆိုးဝါးများအားလုံးလဲ ဝေ

သာလီမြို့တော်ကြီးကို စွန့်ခွာ ထွက်ပြေးကြရပါတယ်။ အဲဒီအပြင် ပေါက္ခရ ၀ဿမိုးဟာလဲ မြတ်စွာဘုရားရဲ့ တန်ခိုးတော်နဲ့ ရတနသုတ်တော် အစွမ်းကြောင့် ရင်ခေါင်း လောက် ခါးလောက်ထိ ရေကြီးအောင် မိုးရွာပြီး လူသေအလောင်းများနဲ့ မကောင်းဆိုးရွားများ ခိုအောင်းရာ အရာဝတ္ထုများအားလုံးကို တိုက်စားသယ်ဆောင်ပြီး မြစ်ထဲမျှောချ ကာ မြို့ကို သန့်ရှင်းစင်ကြယ်စေခဲ့ပါတယ်။ ရှင်အာနန္ဒာ မြို့ရိုးသုံးထပ်ကို လှည့်လည်ကာ ရတနသုတ် ပရိတ်ရွတ်အပြီး မိုးရွာအပြီးမှာ ဝေသာလီ တပြည်လုံး ကပ်ကြီးသုံးပါးဘေးကနေ ကင်းလွတ်လို့ ဘီလူးသဘက်ဘေးကပါ ကင်းလွတ်လို့ ပြန်လည် သာယာအေးချမ်း ခဲ့ပြီး မြတ်စွာဘုရားက တရားတော်များလဲ ဟောကြားနိုင်ခဲ့ပါတယ်။

ဒီတရားဟာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ ဝေသာလီ ရတနသုတ်လာ တရားတော် အတိုင်းသာ ဖြစ်ပါတယ်။ နီးစပ်ရာ တေးသံသွင်းဆိုင်များမှာ ဒီတရား ခွေကို ၀ယ်ယူပြီး တရားတော်နာရင်း မြန်မာပြည်မှာ ခုလက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ကြီးသုံးပါးကို ရှောင်ရှား နှိမ်နင်း နိုင် ကြပါစေ။
(ခုလို သတိပေးချက်ဟာ တမင်သက်သက် စတန့်ထွင်တာ မဟုတ်ဘဲ ကျွန်မကို ဝေဒကျမ်းများ သင်ကြားပေးတဲ့ ဘုန်းဘုရားရဲ့ ၂၀၀၂ ခုနှစ်ကတည်းက တိုက်ရိုက်မိန့်ဆို မှာကြားချက်သာ ဖြစ်ပါတယ်။ ဗေဒင်ကို မယုံလို့ တကယ် ဟုတ်မဟုတ် စောင့်ကြည့် နေမိတဲ့အတွက် တခုပြီးတခု ဖြစ်ပျက်လာတာကို အချိန်မီ မတားနိုင်၊ သတိ မပေးနိုင်ခဲ့တဲ့ တပည့်တော်မကို ခွင့်မလွှတ်ပါနဲ့ဘုရား။ )

7 comments:

Lin Lin said...

So Funny... heee heee heee :)
Myanmar is still a poor country because of people like you ...
What a funny idea...!
think scientifically pls...
We need Money(Money) to destory our enemy....
Not a Religious Poem....
Stop day-dreaming please...
:P kwi kwi kwi

ခွန်မြလှိုင် said...

လင်းလင်းဆိုသူရေ
တိုင်းပြည်ရဲ့ ဒီလို အခြေအနေမှာ ဒီလိုရယ်နိုင်တာ အံ့သြပါတယ်။ ကျွန်မ ဘာတွေလုပ်နေတယ် ဆိုတာ မသိဘဲ မြန်မာပြည်ဆင်းရဲနေတာ ဆင်းရဲအောင် ပေါ်လစီဆွဲထားတဲ့လူတွေ၊ ခေါင်ကနေ ချုပ်ကိုင် ကိုယ်ကျိုး ရှာနေသူတွေကို ဘာမှ မပြောဘဲ ဒီလို လာရေးတာကိုလဲ ပိုအံ့သြပါတယ်။ သိပ္ပံနည်းကျ တွေးပြရရင် ရန်သူ ကို တိုက်ဖို့ ငွေလိုတယ် ဆိုကတည်းက ရှင်ဟာ ငွေကို အဓိကထား ကိုးကွယ်ပုံ ရပါတယ်။ ရန်သူကို တိုက် ဖို့ စိတ်ဓာတ်လေးပဲ လိုတာပါ။ ရှင်က ဘယ်သူ့ကို ရန်သူလို့ သတ်မှတ်ထားသလဲ မသိပါဘူးနော်။ ငွေနဲ့ တိုက်မှ ရမယ့် ရန်သူကရော ဘယ်သူများပါလိမ့်။ နေ့လယ်အိပ်မက်တွေ မက်နေရင် ဒီလို ဘလော့ တောင် ရေးနိုင်မယ် မထင်ဘူးရှင်.. သူများကို ဘာလုပ်ပါလို့ လိုက်ပြော လိုက်ဟားနေမယ့်အစား ကိုယ့်ဟာကိုယ် ဘလော့ကို ဖြစ်မြောက်အောင် ရေးပါ။ နာမည် တပ်ရရုံလေး တို့လို့တန်းလန်း စ မထားပါနဲ့နော။

Anonymous said...

Please write in English .. I can't read your comment as I have no required Myanmar Font ..please ..

ခွန်မြလှိုင် said...

Without required Myanmar font, how can you read my post? Just click the title and read my comment please.

Lin Lin said...

Are you sure ? Do you mean only will power is needed to win a battle ? So, do you also mean Monks ,who did protesting, were not willing enough?
Yes,Money is my God .. With money, we can buy weapons, we can attack the Government's Economy Structure, we can block all of government's trade routes,we can bribe,we can support..
Yes,I don't know what are you doing..But, you don't know about me as well..
Myanmar is still a third world country because of our traditional culture and religion.
In Bagan Era, Burmese were so proud of their generosity.As you may know, there is a saying " Even a widow can donate a Pogada in Bagan Era " ..At that time,when Burmese are spending their money and time for religion,People in Bratain are spending their resources and time in Exploring , science developing and expanding navy..
When we fight,we lost . This is a history.. Burmeses always say " we lost because of weapons'weakness".. We need to look futher .. There is a question, " Why do we weak than British ? " There is an answer..
Burmeses are bounded or limited by their traditional culture and religion.
When king Mintone was ruling the country , he stopped the weapons research of Prince Ka Naung on account of religion.
Most of the Burma's kings are like King Mintone. They thought Religion is the most important thing for them comparing with other matters of Ruling a Country.
At last, we had got a 100 years salve history...
What can you do without money ? Hittlar lost the war because didn't have enough money to face Both Russia and Allied Army ..
Look at USA... USA is the world's first country because of its Money and Economy.. Not because of its religion..
History has it that a country's fall down comes as soon as religion and politics combine.
We, buddhists,always looking for next life's advantage..
So, what happened ? Our present lives become third class..
U Nu made Myanmar more poorer as he was a good buddhist.. He stopped Alchol and Tabaco's trading.. He stopped Butchering Cows.. So, what happened ..
Like Myanmar kings, U Nu thought Religion is the First thing to do of a Ruler of a Country..
I mean Burmese should think freely.. They shouldn't limit their thinking by traditional culture and religion..
Ma Khon Mya Hlaing , Imagine you were born as a Christian or a non- buddhist, .. There is an answer .. I am sure one thing that your thoughs and ideas will not be limited by Buddhism but by Christianity ..
I hope you would understand what I mean .. People thoughts are mostly limited by their traditions, Culture and Religions.
I am the God of myself. Money is my second God.. I don't want to argue with youa bout Blogging .
But, if you think Blogging can change a Country's government, I would sadly have to say the words I said before "Stop Day Dreaming"
I want you to know that I am a Kachin..My parents are good buddhists..
Imagine you were a billionaire, you can easily change the Myanmar Government. Myanmar's GDP is only about 2 billions $ per year..
You can shake the country..
Trying to be a billionaire is not as easy as writing a blog..
:P :P :P

ခွန်မြလှိုင် said...

ခုလို မှတ်ချက် အရှည်ကြီးကို အချိန်တွေပေးပြီး တကူးတက ရေးပေးသွားတာ ကျေးဇူးပါ လင်းလင်း ဆိုသူ ရေ.. ဘာသာရေးနဲ့ နိုင်ငံရေးကို တလွဲပေါင်းစည်းရင် နိုင်ငံတော်တော်များများ ပျက်စီးခဲ့ဖူးတဲ့ သာဓက ဥပမာတွေ အများကြီးရှိတယ် ဆိုတာ ကျွန်မ လက်ခံပါတယ်။ အဲဒိ ဘာသာရေး ဆိုတဲ့နေရာမှာလဲ ဗုဒ္ဓ ဘာသာမှ မဟုတ်ပါဘူး။ တခြား ဘာသာဝင်တွေလဲ ဘာသာရေးနဲ့ နိုင်ငံရေး တလွဲ ပေါင်းစည်းလို့ ပျက်စီး ခဲ့တာ ရှိပါတယ်။ အဓိက က အစွန်းမရောက်ဖို့ပါ။ အနော်ရထာ မင်းမြတ်အနေနဲ့ တက်ကြွနေတဲ့ ပြည်သူ တွေရဲ့ စိတ်ကို စစ်မှန်တဲ့ ဘာသာရေးဘက်ကို လှည့်ထုတ်ခဲ့တဲ့ အတွက် သူ တိုင်းပြည်ကို အုပ်ချုပ်ရာမှာ လူဆိုးလူသွမ်းတွေကို မနိုင်မနင်း အုပ်ချုပ်စရာ မလိုတော့ဘဲ ဘာသာရေးက ပဲ့ပြင်ထားတဲ့ လူကောင်းတွေ ကို အုပ်ချုပ်ရတော့ တိုင်းပြည်မှာ အစစအရာရာ တည်ငြိမ်ပြီး တိုင်းပြည် စီးပွားတက်လို့ ချမ်းသာလာတဲ့ အတွက် စေတီပုထိုးတွေ တည်ထားနိုင်တာပါ။ အနော်ရထာ နန်းတက်စက တိုင်းပြည် မတည်ငြိမ်ပါဘူး နော်။ လူတွေလဲ ဆင်းရဲပါတယ်။ ဒီလိုပြည်သူတွေ ချမ်းသာလာဖို့၊ တိုင်းပြည်လဲ အာရှမှာ စစ်အင်အား အကောင်းဆုံး ဖြစ်လာဖို့ အနော်ရထာမင်းမြတ်က ဘာသာတရားနဲ့ နိုင်ငံရေးကို နည်းမှန်လမ်းမှန် ပေါင်းစည်း ခဲ့တာပါ။ ဗုဒ္ဓဘာသာက သူတပါး အသက်မသတ်ရ ဆိုလို့ စစ်တပ်ဖျက်တယ်လို့တော့ တလွဲ မလုပ်ခဲ့ပါဘူး။ မြတ်စွာဘုရား လက်ထက်မှာလဲ သောတာပန် တည်ပြီးသား စစ်သူကြီးတွေ အများကြီးပါ။ အပေါ်ယံလေး ဖြန်းပြီး ငါးပါးသီလကို အကျဉ်းချုံး သိရုံနဲ့တော့ ဗုဒ္ဓဘာသာ ဖြစ်တယ်လို့ ပြောလို့ မရပါဘူး .. ကံမြောက်လောက်အောင် ဘယ်လိုစိတ်ရှိရတယ် ဆိုတာလဲ သိဖို့ လိုပါတယ်။ ဒီလိုဆိုတော့ ဘာများ မှတ်ချက် ပေးချင်ပါလိမ့်ရှင်။
မြန်မာပြည် တတိယနိုင်ငံ ဖြစ်နေရတာဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခဲ့သူတွေကြောင့် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ ရိုးရာ ယဉ်ကျေးမှု လေးတွေကြောင့် ပြည်သူလူထု က သည်းခံလွန်းလို့ ပြည်တွင်းစစ်တွေ ပုန်ကန်မှုတွေ နည်းပါးပြီး ဒီလောက်ခံနေတာလို့ပဲ ပြောလိုက်ပါရစေ။
ကျွန်မဘာလုပ်နေလဲ ဆိုရင် ဘလော့ရေးနေတာ တစ်ခုပဲ ရှင်သိနိုင်မှာ ဖြစ်ပေမယ့် ရှင်ဘယ်လိုလူလဲ ဆိုတာ လဲ ရှင့်မှတ်ချက်ကနေ တဆင့် ကျွန်မ သိနိုင်ပါတယ်။ ဒါကြောင့် ပြန်လှန် မေးခွန်းထုတ်နိုင်တာပေါ့ ရှင်။ ရှင်ဟာ စိတ်ဓာတ်ရဲ့ အရေးပါပုံကို အတော်ကြီး လျှော့တွက်ထားပုံ ရပါတယ်။ လူတစ်ယောက်ဟာ သေနတ်နဲ့ပစ်သတ်တိုင်း မသေနိုင်ပေမယ့် စိတ်ဓာတ် ကျလွန်းရင် အသက် သေနိုင်ပါတယ်။ စိတ်ဓာတ် ပျက်စီး သွားရင် ဘ၀ သေနိုင်ပါတယ်။ ဟစ်တလာ ကျရှုံးတာ သူ့လုပ်ရပ်ကို လူတိုင်းရဲ့ စိတ်ဓာတ်တွေက မထောက်ခံတော့လို့ပါ။ လက်နက်နဲ့ချည့် မဆိုင်ပါဘူး။ ဘာကြောင့် သူ့ကို ကျန်သူတွေက ၀ိုင်းတိုက်ရတာ လဲ။ သူ့လုပ်ရပ်ကို သူ့လူတွေကိုယ်တိုင်ရော သူ့တိုင်းပြည်က ပြည်သူတွေကလဲ မထောက်ခံ၊ ပတ်ဝန်း ကျင် နိုင်ငံတွေကလည်း မထောက်ခံ တော့လို့ သူ့ကိုဆေးကုတဲ့ ဆရာဝန် ကိုယ်တိုင်က အဆိပ်နည်းနည်း စီ ကျွေးသတ်ခဲ့တာ မဟုတ်လား။ စိတ်ဓာတ်ဟာ မမြင်ရပေမယ့် အစွမ်းအထက်ဆုံး လက်နက်ပါရှင်။
အမေရိကန် နိုင်ငံဟာ ဘာကြောင့် လက်နက်ရော စီးပွားရေးပါ တအား ခိုင်မာ တောင့်တင်းနေရတာလဲ .. သူ့ပြည်သူက လိုလိုချင်ချင် အခွန်ဆောင်လို့ပါ။ မဆောင်ချင်ဘူး ငြင်းပေမယ့် မှန်မှန်ကန်ကန် အခွန် ဆောင် နေကြပါတယ်။ ကိုယ့်နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူမှု ဆိုတဲ့ စစ်တမ်းကို ပြုလုပ်ခဲ့ရာမှာ အမေရိကန် နိုင်ငံက ကမ္ဘာ့အလယ်မှာ သူ့နိုင်ငံသားက သူ့ရဲ့ နိုင်ငံသားဖြစ်တည်မှုကို ဂုဏ်ယူဆုံး နံပါတ်တစ် ဖြစ်ခဲ့တာ ငြင်းမရပါဘူး။ သုတေသန စစ်တမ်းနဲ့ တကွ ရှိပါတယ်။ နိုင်ငံသားတွေ ကိုယ့်ကိုယ်ကို ကိုယ့်နိုင်ငံကို ဂုဏ်ယူပြီး ဂုဏ်ယူတဲ့စိတ်နဲ့ အလုပ်လုပ်ပြီး ဘ၀ကို မှန်မှန်ကန်ကန် နေထိုင်ရင် အဲဒီနိုင်ငံ ချမ်းသာတာပါပဲ။ အနော်ရထာလက်ထက် မြန်မာပြည်နဲ့ ခုခေတ် အမေရိကန် နှိုင်းယှဉ်လိုက်ရင် သဘောတရား တူတူပါပဲ။ ဒီကိစ္စဟာ ဗုဒ္ဓဘာသာနဲ့ ရိုးရာ ယဉ်ကျေးမှု ဆိုတာထက် ဘာသာရေးနဲ့ နိုင်ငံရေးကို မှန်မှန်ကန်ကန် ပေါင်းစည်းမှုနဲ့ပဲ ဆိုင်ပါတယ်။ အမေရိကန်နိုင်ငံဟာ ဘာသာရေးကို သိပ္ပံနည်းကျ သုတေသန ပြုလုပ် အသုံးချတဲ့နိုင်ငံပါ။ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ် မဇ္ဈိမ ပဋိပဒါ အလယ်အလတ် လမ်းစဉ်ကို sustainable development လို့ ခေါင်းစဉ် တပ်အသုံးချ ခဲ့သေးတာပဲလေ။
နောက် ရယ်စရာ ဟာသ တစ်ခုက ကျွန်မ ဘလော့ရေးတာကို နေ့လယ်အိပ်မက် မက်ခြင်းကို ရပ်လိုက်ပါ လို့ လာပြောနေတာပါပဲ။ ကျွန်မ ဘလော့ရေးတာ စာရေးချင်လို့ ရေးတာလို့ ပြောပြီးသားပါ။ ဘလော့လေး ရေးရုံနဲ့ အစိုးရကို ပြောင်းနိုင်မယ် ထင်နေရင်လို့ ကျွန်မကို ရှင်က ဘာကြောင့် အဲလို ပြောချင်ရတာပါလိမ့်။ ကျွန်မ အစိုးရ ပြောင်းမပြောင်း စိတ်မ၀င်စားဘူး၊ ကျွန်မတို့ ပြည်သူတွေ အေးချမ်းသာယာစွာ ကိုယ် ယုံ ကြည် ရာကို ဥပဒေဘောင်အတွင်းကနေ လုံလုံခြုံခြုံ လုပ်ခွင့်ရနေရင် ဘယ်အစိုးရ တက်တက်၊ တက်ချင်တဲ့ အစိုးရတက် ကျွန်မကတော့ မှန်မှန်ကန်ကန် အခွန်ဆောင် နေမှာပါပဲ။ ရှင်ဘယ်သူလဲ ဆိုတာကို ကျွန်မကို ပြောဖို့ မလိုသလို ကျွန်မကလဲ ယုံချင်မှ ယုံမှာပါ။ ဘာလို့လဲ ဆိုတော့ ကချင်ပါလို့ ပြောရုံနဲ့ ဘက်ပြောင်း ရလောက်အောင် ကျွန်မက လူမျိုးစွဲ၊ ဘာသာစွဲ၊ ယဉ်ကျေးမှု စွဲ အားလုံးကင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု အားလုံးကို လေးစားလို့ပါ။ အားလုံး လွတ်လပ်စွာ ကွဲလွဲခွင့်ရော ယုံကြည်ခွင့်ပါ ရှိတယ်လို့ ယူဆလို့ပါ။
ရှင်က ဘီလျံနာ ဖြစ်ရုံနဲ့ မြန်မာ အစိုးရကို ပြောင်းလို့ရတယ် ထင်နေတာ ဖြစ်မှ ဖြစ်ရလေလို့ ပြောချင်ပါ တယ်။ ပြည်သူတွေ ဘုန်းကြီးတွေ ပြောင်းစေချင်တာ လူချည့် မဟုတ်ပါဘူး။ စနစ် တစ်ခုပါ။ အဲဒီ စနစ်ကို ငွေနဲ့ ပြောင်းလို့ မရပါဘူး။ ဒီစနစ်ကို ချမှတ်သူ၊ အကောင်အထည်ဖော်သူနဲ့ လိုက်ပါ ၀န်ဆောင်သူ အားလုံးတို့ရဲ့ စိတ်ဓာတ်ကို မပြောင်းရင် ဒီစနစ်ဟာ နာမည်ပြောင်းလဲ အနှစ်သာရ ပြောင်းမှာ မဟုတ်ပါဘူး။ မြန်မာ ဂျီဒီပီဟာ တစ်နှစ်ကို ဒေါ်လာ ၂ဘီလျံ ဆိုတာ ရှင့်ကို ဘယ်သူပြောပါသလဲ။ ဘယ်စာရင်းဇယားက ရပါသလဲ။ အဲဒီစာရင်းဇယားက ဘယ်လောက် ယုံကြည်စိတ်ချရပါသလဲ။ ဘယ်လို တွက်နည်းအပေါ် အခြေခံ တွက်ချက်ထားပါသလဲ။ ဒီလို ဘီလျံနာ ဖြစ်ရုံလောက်နဲ့ တိုင်းပြည်ကို ကိုင်လှုပ်နိုင်တယ် ဆိုတာကတော့ တိုင်းပြည်ကို စော်ကားလွန်းတယ် ထင်ပါတယ်။ ဘီလျံနာ တစ်ယောက်စာလောက်တောင် တန်ဖိုးမရှိ မခိုင်မာတဲ့ တိုင်းပြည်လို့ ပြောလိုက်တာနဲ့ တူတူပါပဲ။
နောက်ဆုံး ဘလော့ဂါ တစ်ယောက်အနေနဲ့ ပြောချင်ပါတယ်။ ဘီလျံနာ ဖြစ်ဖို့က ဘလော့ရေးသလောက် မလွယ်ပါဘူး ဆိုတဲ့စကားပါ။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ရှင်ဟာ ဘာကြီးဖြစ်နေဖြစ်နေ ရှင့်ဆက်ဆံရေး ကောင်းကောင်း မကောင်းကောင်း ရှင့်ကုန်စည်က အရည်အသွေးညံ့ညံ့ မစားမဖြစ်ဆိုရင် လူတွေက ရှင့်ဆီ လာဝယ်နေဦးမှာပါပဲ။ ဒါပေမယ့် ဘလော့ဂါတစ်ယောက် အောင်မြင်ဖို့ ဆိုတာ ရေးထားတဲ့ စာမကောင်းရင် စာဖတ်သူကို တနည်းနည်းနဲ့ မဆွဲဆောင်နိုင်ရင် ဘယ်သူမှ အချိန်ကုန် လာမဖတ်သလို ရှင့်လိုလဲ မှတ်ချက်ကို တကူးတက ရေးသွားမှာ မဟုတ်တာ သေချာတယ် ဆိုတဲ့အချက်ပါပဲ။ ဆွေးနွေးရတာ ကျွန်မရဲ့ အတွေးတွေကို ဆန်းသစ်စေပါတယ်။ နောက်လဲ လာဆွေးနွေးပါဦး မှတ်ချက်ရေးပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်နော် လင်းလင်း ဆိုသူရေ..

စိုးထက် - Soe Htet ! said...

ဗုဒ္ဓဘာသာ က အရွတ်ကို အခြေခံတာ မဟုတ်ပါဘူး ... အကျင့် ဖြစ်ပါတယ် မိရိုးဖလာ က ရွတ်ပဲ ရွတ်လာ ကြတော့ အကျင့်တွေ လျော့လာလို့ ဖြစ်ပါတယ် ... တရားတော်ကို သေချာ လိုက်နာ ကျင့်ကြံ ရင် ရမယ့် တရားရဲ့ ဂုဏ်တော် တွေ ကို အမှတ်ရ သင့်ပါတယ် ... ဘယ်လူမျိုး ဘယ်သူပဲ ကျင့်ကျင့် တူညီတဲ့ အကျိုးကို လက်တွေ့ ခံစားရမှာ ဖြစ်ပါတယ် ... ရွတ်နေယုံ သက်သက်လို့ ဆိုမထားပါဘူး .. ရွတ်နေတာကို သေချာ အာရုံပြုပြီး အဓိပ္ပါယ် သိ လိုက်နာ ကျင့်ကြံဖို့ ပါ ...
ရိုးရာ စွဲလာတာနဲ့ ဘာသာရေးကို တော့ ရော မမြင်သင့်ပါဘူး ...

မတိုးတက်တာ က အကျင့် ပိုင်း နည်းနေ ကြလို့ ကျင့်သူ လိုက်နာ သူတွေ နည်းနေကြလို့ ဖြစ်ပြီး ... တိုးတက် နေသူတွေက ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် တရားတော်မှာ ပါတဲ့ အချက်တွေ နဲ့ အများဆုံး ကိုက်ညီအောင် နေနေကြလို့ ဖြစ်ပါတယ် ... ဗုဒ္ဓဘာသာ က ဘယ်လူမျိုးကို မှ ရွေးချယ် စောင့်ရှောက်တယ် လို့ မပါပါဘူး ...
... အတ္တာဟိ အတ္တနော နာထော ပါ ...