Wednesday, October 3, 2007

ဘာတွေလဲ .. ဆိုးရွားလှချည့်

စာရေးတာ ၀ါသနာပါရုံသက်သက် စာရေးရုံသက်သက် ဘာအရောင်မှ မပါတဲ့ ဘာသာရေး၊ အမျိုးသားရေး နဲ့ ပေါ့ပါးတဲ့စာတွေ ဘယ်သူနဲ့မှ မပတ်သက်ဘဲ လွတ်လွတ်လပ်လပ် ရေးဖို့ ဒီဘလော့လေးကို khunmyahlaing@gmail.com ကို သုံးပြီး အားရပါးရ အေးအေးချမ်းချမ်း ရေးခဲ့ပါတယ်။ ကိုယ်ရေးချင်တဲ့ စာကို ရေးချင်တဲ့အချိန်ရေးလို့ တက်ထားတဲ့သူတချို့ကိုတောင် ခုထိ ရေးမပေးရသေးပါဘူး။ ဒီလိုပဲ ဖတ် ချင်တဲ့ လက်တည့်ရာ ဘလော့ကို ၀င်ဖတ်လို့ တချို့ ဘလော့တွေဆို မျက်ခြေတောင် ပြတ်လို့။ မှတ်မှတ် ရရ ကိုသူရိန်၊ မအိမ့်၊ မဂျစ်နဲ့ မနိုင်းနိုင်း တို့ကလွဲလို့ ဘယ်သူ့ကိုမှ ကျွန်မက ချတ်ဖို့ ဖိတ်ခေါ်ခြင်း မပြုခဲ့ ပါဘူး။ ကျွန်မကို လာဖိတ်တဲ့ သူများကိုတော့ စာပေကို လေးစားမြတ်နိုးလို့ ဖိတ်သူလို့ ယူဆ လေးစားစွာ လက်ခံ စာပြန်ခြင်းများ ပြုခဲ့ပါတယ်။ ယမမင်းကို ဈေးဆစ်ထားရတဲ့ ကျန်းမာရေးကြောင့် ဆေးရုံတက်လိုက်၊ စာလုပ်လိုက်၊ အိမ်ရှင်မ ပီပီ အိမ်တွင်းမှုလေး နိုင်သလောက်လုပ်လိုက်နဲ့ နေခဲ့တဲ့ ကျွန်မ .. ဒီရက်ပိုင်း ဘလော့ ဗကေးရှင်းတောင် ယူခဲ့ရပါတယ်။

ဒါပေမယ့် ကျွန်မရဲ့ စီဘောက်စ်မှာ ဘာတွေလာအော်မှန်းမသိ အော်ရဲ့၊ ကိစ္စမရှိ ဘာမှ ဖျက်မချပါဘူး။ ဆိုးရွားလွန်းတာက ကျွန်မ ဆေးရုံပေါ် ရောက်နေစဉ် ဦးလေးဆီက ဖုန်းလာပါတယ်။ သမီးနဲ့ တခြား တစ်ယောက် ချတ်တင်း လုပ်နေတဲ့ ကော်လံလေး ဦးရဲ့ ကွန်ပျူတာပေါ် လာပေါ်နေတယ်တဲ့။ မြတ်စွာ ဘုရား.. အဲဒါ သမီးမဟုတ်ဘူး ဆိုပြီး သွေးတောင် တက်ချင်သွားပါတယ်။ ဘာတွေလဲ။ ဆိုးရွားလှချည့်။ ကွန်ပြူတာ ကျွမ်းကျင်သူ သူငယ်ချင်း တစ်ယောက်ကို အားကိုးတကြီး တိုင်ပင်မိတော့ ဒါဟာ နည်းပညာ ကျွမ်းကျင်လွန်းသူ တစ်စုံတစ်ယောက်က password ဖောက်ပြီး ကျွန်မ ဟန်ဆောင်ကာ ကျွန်မရဲ့ Email account ထဲက Contacts ထဲက လူတွေကို လိုက်လံ ဆက်သွယ် နှောင့်ယှက်နေတာ ဖြစ်နိုင်ပါသတဲ့။ ဒါပေမယ့် ကိုယ်ချတ်နေတာကို ရှိသမျှ လူအားလုံး မြင်ရအောင် လုပ်တဲ့ နည်းပညာကိုတော့ သူလဲ မသိသေးကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။

ဘမ်းဆိုဒ်များကို ကျော်ခွရန် လင့်ခ်များကိုလည်း မနိုင်းနိုင်းစနေနဲ့ အခြား
ဘလော့ဂါများရဲ့ ဘလော့တွေမှာ တွေ့လို့ ခွင့်တောင်းပြီး ယူလာပြီး ထပ်ဆင့် ဖော်ပြခြင်းသာ ဖြစ်ကြောင်း ပို့စ်မှာလဲ ဖော်ပြထားပါတယ်။ အိုင်တီမှာ ငအ လုံးလုံး ဖြစ်တဲ့ ကျွန်မ ဒါတွေကို နားမလည်ပါဘူး။ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း စာရေးချင်၊ စာဖတ်သူများရဲ့ မှတ်ချက်ကို ပြန်ရချင်လို့ ဘလော့တဲ့ ကျွန်မကို ဘယ်သူတွေက ဘာလို့ အဲလို လုပ်ချင်ကြတာလဲ မသိပါ။ ဒါကြောင့် ဒီနေ့ကစပြီး ကျွန်မ khunmyahlaing@gmail.com ကို သုံးပြီး မေးလ်ပို့ခြင်း၊ ချတ်ခြင်း လုံးဝ (လုံးဝ) မလုပ်တော့ပါကြောင်း၊ တကယ်လို့ တစ်နေရာရာမှာ တစ်စုံ တစ်ယောက် ထံမှာ ဒီနာမည်နဲ့ မေးလ် ၀င်ခြင်း၊ ချတ်ဖို့ ဖိတ်ခြင်းများ၊ လာချတ်ခြင်းများ ပြုလုပ်ခဲ့ရင် ကျွန်မ မဟုတ်ကြောင်းနဲ့ လက်ခံပြီး ချတ်သူရဲ့ တာဝန်သာ ဖြစ်ပါကြောင်း သတိပေး ကြေညာအပ် ပါတယ်ရှင့်။

ကျွန်မရဲ့ အီးမေးလ် လိပ်စာအသစ်ကို ကျွန်မရဲ့ သူငယ်ချင်းများကို ဖုန်းဆက်ပြီး ဆက်သွယ် ပေးပို့သွားမှာ ဖြစ်ပါကြောင်း သူငယ်ချင်းများကို အကြောင်းကြားအပ်ပါတယ်ရှင့်။ ကျွန်မရဲ့ စာဖတ်သူများ ကျွန်မရဲ့ မေးလ် လိပ်စာအသစ်ကို အချိန်ကာလ အတိုင်းအတာ တစ်ခု အထိ စောင့်ဆိုင်းပေးကြဖို့၊ ပြောချင်တာရှိရင်လဲ စီဘောက်စ်မှာ ပြောခဲ့ပေးကြဖို့ တောင်းပန်လိုက်ပါတယ်။

2 comments:

Anonymous said...

လှိုင်ရေ.. ပြီးခဲ့တဲ့ ၂ရက်က၀င်ပြီး ၊ အမကို သတင်းတွေမေး အီးမေးလ်တွေပို့တာ ၊ လှိုင်မဟုတ်ဘူးပေါ့ ဟုတ်လား ။ အမကတော့ နည်းနည်း အံ့သြနေတာ.. ။

ခွန်မြလှိုင် said...

Ma Gyit

At that day, I was at Siriraj hospital all day... Hospital record was an evidence..