Wednesday, September 5, 2007

ဒေသန္တရ ဗဟုသုတ ဝေမျှကြရာဝယ်

ခရီးသွား ဆောင်းပါး လေးတွေကို http://gpittour.blogspot.com/ မှာ တင်ပေး နေတာ ကြာပါပြီ။ အဓိက က မြန်မာတွေ နယ်အသီးသီး ကနေ နိုင်ငံခြားကို ထွက်လာတဲ့ အခါမှာ ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ကိုယ် သွားမယ့် ခရီးစဉ် ကို ကိုယ်တိုင် စီစဉ် နိုင်ဖို့၊ လမ်းတလျှောက်က နေရာတွေရဲ့ အကြောင်းကို ကြိုသိ ထား ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေ စေဖို့၊ အလိမ် မခံရဖို့၊ ဒေသန္တရ ဗဟုသုတ ရစေဖို့ စတဲ့ ရည်ရွယ်ချက် များနဲ့ တင်ပြ ပေးခြင်း ဖြစ်ပါတယ်။ လူမျိုးတူ ချင်းတောင် အထာ မသိရင် ဆက်ဆံရေး အခက်အခဲ ဖြစ်တတ် တာမို့ လူမျိုးခြား တိုင်းတပါး နိုင်ငံ ခြားမှာ သွားလာ နေထိုင်သူများ ဘယ်လောက် သတိထား ရတယ် ဆိုတာ အထူး ပြောစရာ မရှိပါဘူး။ ဒီတော့ ကိုယ်လူမျိုးချင်း ဒေသန္တရ ဗဟုသုတ မျှဝေနိုင်ရင် ဆက်ဆံ ရေးရော လည်ပတ် ရတာ မှာပါ ပိုအဆင်ပြေ လွယ်ကူ မယ်လို့ ယူဆမိ ပါတယ်။

ခုမြန်မာပြည်မှာ သိသမျှ travelling directory တွေ ထုတ်တာက ကြော်ငြာ ချည့်ပဲ.. ဘယ်နေရာမှာ ဘာ ဟိုတယ် ရှိပြိး ဘာစားသောက်ဆိုင် ရှိတယ် ဆိုတာ လောက်ပဲ ပါပြီး တကယ့် အနှစ်သာရ ရှိရှိ ခရီးသွား လမ်းညွှန် စစ်စစ်ကို မဖတ် ဖူးသေး တာကြောင့် ရှိခဲ့ရင် လမ်းညွှန် စေချင် ပါတယ်။ ပြောရရင် ပုဂံ လမ်းညွှန် တောင် ခမ်းခမ်းနားနား မထုတ်ရ သေးဘူး ထင်ပါတယ် မတွေ့ဖူး သေးပါဘူး။ ဒါကြောင့် နယ်ဘလော့ဂါ တွေပါ ကိုယ့်နယ် အကြောင်း ကို သမိုင်းကြောင်းနဲ့ လည်ဖို့ ကောင်းတဲ့ နေရာတွေ စုရေးပြီး မြန်မာ့ ခရီးသွား လမ်းညွှန် ဆိုပြီး ဘလော့ဂါတွေ စုထုတ်တဲ့ စာအုပ်လေး တစ်အုပ်လောက် အဆင် ပြေတဲ့ အချိန် ရောက်ရင် ထုတ်ချင် ပါတယ်။ ဘလော့ဂါ တွေရဲ့ ဓာတ်ပုံ ကောင်းကောင်း တွေလဲ ပွဲထုတ်လို့ ရတာပေါ့။ ဘလော့ဂါ အသင်းရဲ့ business portal ကို အဲဒါနဲ့ စဖွင့်လိုက် ရရင် မိုက်တယ်လို့ တွေးမိပါတယ်။ ဒါက ရည်မှန်းမိတဲ့ ရည်မှန်းချက်ကို ပြောတာပါ။ တကယ် အကောင် အထည် ပေါ်လာဖို့ ကတော့ တော်တော် လုပ်ယူမှ ရမှာမို့ ဖြစ်ကို ဖြစ်ရမယ် လို့တော့ အာမ မခံနိုင် သေးပါဘူး။ မမယ်လိုဒီ မောင်နဲ့ တိုင်ပင် လိုက်တော့ tag game ကနေပဲ စလုပ်မှ ပိုအဆင် ပြေမယ်လို့ သဘောတူ လိုက်ကြတယ်။

လုပ်ချင်မယ် ထင်ပါတယ်။ tag game နဲ့ စထားပြီး နောက်စီးပွားရေး စုလုပ်တဲ့ သဘော မျိုးနဲ့ စာအုပ် စု ထုတ်တဲ့ အခါ ဘလော့ ရေးသူ တို့ရဲ့ စာမူတွေ ဒီစာအုပ်ထဲ ပါလာတယ် ဆိုရင် ပျော်မှာပဲ လို့ အတွေး ရလာ ပါတယ်။ ဘလော့ ပေါ်မှာ တင်ပြီး သားမို့ ခွင့်ပြုချက် မရဘဲ သုံးလို့လဲ မရဘူးပေါ့။ ရတဲ့ အမြတ်ကို ဘလော့ဂါ အသင်း ကနေ လူမှုရေးမှာ လှူမယ် ဆိုတာမျိုးပေါ့။ တာဝန် ပေးတဲ့ ပုံစံ မဟုတ် ပါဘူးပေါ့။ စာအုပ် ထုတ်ဖြစ် ခဲ့ရင် ပါဝင်ချင် သူမှ ၀င်ပါနိုင် ပါတယ် ပေါ့လေ။ မပါဝင် ချင်ဘူး ဆိုရင်လဲ အသုံး ပြုခွင့် မပြု ဆိုတဲ့ သတိ ပေးစာကို ဆောင်းပါး အောက်မှာ ကြော်ငြာ ထားနိုင် တာပါပဲ။ ကိုယ့် စာမူနဲ့ လှူတဲ့ အလှူပေါ့။ နိုင်ငံ တကာမှာ NGOs တချို့လဲ fund raising activities တွေအနေနဲ့ စီးပွားရေး လုပ်ကြတာ ရှိတယ်လေ။ ဒီအတွေးလေးက နောက်တဆင့် ကိုယ်လုပ်ချင်တဲ့ ပုံစံလေးတွေပါ။ တင်ပြ ကြည့်တာပါ။ ဖြစ်နိုင်ခြေ ရှိတယ်လို့လဲ ယူဆမိပါတယ်။ အနယ်နယ် အရပ်ရပ်က ဘလော့ဂါ တွေရဲ့ အရေးစွမ်းရည်နဲ့ ဓာတ်ပုံရိုက် စွမ်းရည်တွေလဲ သိပြီး မြင်ပြီး ဖတ်ဖူး ပြီးသား မို့ပါ။

ဒီတစ်ခါ တက်ဂိမ်း ကိုတော့ ကိုယ်က စ tag မယ်လို့ စိတ်ကူးမိ ပါတယ်။

ခုလက်ရှိ နေရာ ၀န်းကျင်ရဲ့ အကြောင်းလေး၊ ဒါမှမဟုတ် မွေးရပ်မြေ ဖြစ်စေ၊ ကိုယ်ငယ်စဉ်က ဖြတ်သန်း ကြီးပြင်းခဲ့တဲ့ နေရာ ၀န်းကျင်ရဲ့ (တစ်နေရာ ဆို ရပါပြီ။ တစ်နေရာထက်ပိုရင် ပိုကောင်းပါတယ်)
(၁) သမိုင်းကြောင်းလေး
(၂) ထူးခြားချက် လေးတွေ၊ ဒေသ ထွက်ကုန် တွေနဲ့
(၃) လည်ပတ်ဖို့ ကောင်းပုံ၊ လည်စရာ နေရာလေးတွေ ကိုရေးပေးပါလို့ လိုက် tag မလို့။ ဘော်ဘော် အရင်း ကြီးများ ဖြစ်တဲ့ မမယ်လိုဒီမောင်၊ မပန်ဒိုရာ၊ ခရီးသွား ဆောင်းပါး ရေးခြင်းနဲ့ မစိမ်းလှတဲ့ ရေးနေကျ မအိမ့်ချမ်းမြေ့နဲ့ မနိုင်းနိုင်း စနေ (နေရာ အသစ်လေး ရေးပေးနော်) ၊ အလုပ်နဲ့ ပတ်သက်တဲ့ ခရီးကို ခရီးသွား ဆောင်းပါး မရေးချင်တဲ့ နေဘုန်းလတ် အတွက် အမျိုးတွေ ဆီကို အလည် သွားတဲ့ အကြောင်း၊ သံလွင် အိပ်မက် အယ်ဒီတာ ကြီးများ ဖြစ်တဲ့ ဇင်ကိုလတ်နဲ့ ညီညီ၊ မကွေးသားလေး လင်းလင်း၊ တလော ကမှ နေရာ အသစ် ပြောင်းထားတဲ့ ကိုရန်အောင်၊ လန်ဒန်မှာ ဘင်သံနဲ့ ပျော်နေတဲ့ ကိုတေးအေးရိပ်၊ မန္တလေး က မြလွှာနဲ့ လေးမ (နေရာလေးတွေ တူနေလဲ အမြင်နဲ့ ခံစားချက်ချင်း တူချင်မှ တူမှာပါ ဟုတ်တယ် နော်)၊ ဖောင်ကြီးဆင်း ဒေါက်တာ မွန်းသက်ပန်၊ ပြီးတော့ ချတ်မှာ တက်ပြီးသား ကို နေအောင်လင်း၊ နောက်ပြီး ဘယ်သူ့ကိုထပ် tag ရင် ကောင်းမလဲလို့ ဟိုဒီ လိုက်ရှာ စဉ်းစား နေရင်းနဲ့

ကဲ … ဘုတ်တလုတ် တောက်တဲ့ ကစားနည်းနဲ့ မျက်စိမှိတ် လက်လှမ်း မီသလောက် ရမ်းပြီး tag လိုက်မယ်။ ဒီပို့စ်ကို ဖတ်မိ သူတွေ အားလုံးကို tag လိုက်ပါတယ်။

3 comments:

Layma said...
This comment has been removed by the author.
Layma said...

အစ်မလှိုင်ရေ….
သတိတရနဲ့ Tag ထားတာကျေးဇူးတင်ပါတယ်….။ လေးမ မွေးရပ်မြေကို ရေးလက်စတန်းလန်းတစ်ပုဒ်ရှိပါတယ်….။ ဒါပေမယ့် အစ်မဖြစ်စေချင်တဲ့ပုံစံနဲ့ တော့ မကိုက်ဘူးထင်တယ်… လေးမ က ဗဟုသုတလဲ သိပ်မကြွယ်တော့ အများသူငါကို တလွဲတွေလဲ မပေးချင်ဘူး …. အစ်မ Tag တာကို သူများအကျိုးဖြစ်စေဖို့ မဟုတ်ဘဲ ပေါ့၂ပါး၂ လေးမ ရေးချင်သလိုရေးလို့ ရမလား…..ဟီး…ဈေးစစ်ကြည့်တာ….။

ခွန်မြလှိုင် said...

သြစတေးလျ သွားတုန်းက ရပ်ကွက်တစ်ခုချင်းမှာတောင် အဲလို နာမည်ရဲ့ သမိုင်းကြောင်းကို ကမ္ပည်းလေးတွေ စိုက်ထားကြတယ် မြန်မာပြည်မှာ သည်လို ဂရုတစိုက် ထိန်းသိမ်းမှု အားနည်းတော့ နောက်ပိုင်းလူတွေက မသိကြတော့ဘူး

ဘလော့ဂါတွေကို ကိုယ့်ပတ်ဝန်းကျင်ကို ပိုဂရုစိုက်မိလာစေချင်တယ် အဲဒီကနေ အတွေးတွေ ပိုရစေချင်တယ် လုပ်ကွင်းလုပ်ကွက်တွေ ပိုမြင်လာစေချင်တယ် နောက်ဆုံး အဖြစ်စေချင်ဆုံးက လူရည်လူသွေးတွေ အတောက်ပဆုံး ဖြစ်လာစေချင်တာပဲ

ဒါကြောင့် ဒီလို တက်လိုက်တာပါ