Sunday, August 12, 2007

Miss Gay Thailand Contest

လာလည်နေကျ သူငယ်ချင်းများ စာလေးလေး ကြီးတွေ ဖတ်ရလို့ ပျင်းရိငြီးငွေ့ သွားမှာ စိုးလို့ ရယ်စရာ၊ မောစရာ (မတော်တဆ ကိုယ်တွေ့ ကြုံလိုက် ရရင် မောစရာ) ဓာတ်ပုံ လေးတွေ တင်လိုက် ပါတယ်။ Miss Gay Thailand Contest က ပုံတွေပါတဲ့။ အသိ မိတ်ဆွေ တွေရဲ့ အီးမေး တွေကနေ ရတာပါ။ တကယ် ဟုတ်မဟုတ်တော့ ကိုယ်တိုင် သွားကြည့်တာ မဟုတ်တော့ မသိရ ပါဘူး။ ဒါပေမယ့် တွေ့ဖူးသမျှ အခြောက် တွေကတော့ ရက်ရက်စက်စက် လှပါတယ်။ (အမှန်အတိုင်း ၀န်ခံရရင် မိန်းမ အစစ် ဖြစ်တဲ့ ကိုယ့်ထက်တောင် သူတို့က မိန်းမ ပီသ နေသေး။ ရှက်တောင် ရှက်သေးတော့)။ ဖြတ်ဖောက်ချုပ်၊ အသံအိုး ခွဲပြီး အသံခင်ကို ပြန်ညှိ၊ ဟော်မုန်းဆေး ထိုးတာ သောက်တာ လုပ်ထားသေးတော့ အသားအရေ ကပါ မိန်းကလေး အသားအရေ ဖြစ်နေသေး၊ ပြီးတော့ မြန်မာပြည်က အခြောက်တွေလို အိနြေ္ဒ မရ မလုပ်ဘဲ သူတို့ကိုယ် သူတို့ တကယ့် မိန်းကလေး အစစ်လို mood သွင်းပြီး ခပ်တည်တည် မိန်းမ အစစ် လိုကို နေတာ ဆိုတော့ တော်တော်ကို ခွဲခြားရ ခက်တာပါ။ ဘယ်လောက် ခွဲရခက်လဲ ဆိုတာ အောက်ပါ ပုံတွေကို နမူနာ ကြည့်ပါနော်။ အပြင်မှာလဲ အဲလောက်ကို ချောကြ လှကြပါတယ်။ အဟဲ… ထိုင်းရောက်နေတဲ့ မြန်မာ ယောက်ျားလေးတွေ ပွေမယ် ထင်ကြတာ မပွေတာ ဘာကြောင့်လဲ ဆိုတော့ အခြောက် ကြောက်တဲ့ ရောဂါကြောင့် ပါတဲ့ရှင်။ သူတို့ မိန်းမ အတုနဲ့ အစစ် မခွဲနိုင် ကြတော့ အခြောက်နဲ့ ချစ်မိမှာ ရှက်ကြောက် ပါသတဲ့ 




6 comments:

Anonymous said...

တကယ့်မိန်းမနဲ့တူတယ်နော်.. ဟားဟား..

နိုင်းနိုင်းစနေ said...

ထိုင်းရောက်တုန်းက သူတို့ရှိုးကြည့်ဖူးတယ်.. ပုံတွဲရိုက်ရင် ဘတ် ၂၀..
ဟိုဒင်း သူတို့ဟာ အတုကြီးကို ထိရင် ဘတ် ၁၀၀ တဲ့.. ဟီး..ထိတော့ မထိခဲ့ဘူး.
ပုံတော့ တွဲရိုက်ခဲ့တယ်.. လှတာက ရက်ရက်စက်စက်ပဲ မိန်းမရှုံးတယ်

pandora said...

အဟင့် အားငယ်လိုက်တာ

ထွန်း said...

ဟုတ်ပါ့ မပန်လိုဘဲ သူတို့ လောက်မလှလို့  မတောင့်လို့  မဖြောင့်လို့ အားငယ်မိတယ် တော့

thamudayanwe said...

thanks u for sharing. i don't know before.
very beautiful.

Anonymous said...

ထိုင်းမနဲ့ ရည်းစားဖြစ်တော့ ၂ လ လောက် စိတ္တဇဖြစ်နေတယ်။ မိန်းမ စစ်လား မစစ်လား မသိလို့။

ဟိုဟာဒီဟာဖြစ်မှ သြော် မိန်းမစစ်တယ်လို့ စိတ်ဒုန်းဒုန်းချရတော့တယ် ... ဘုရားစူး