Sunday, August 12, 2007

နှိုင်းယှဉ်ခြင်းသဘောတရား

မနှိုင်းယှဉ် မပြိုင်ဆိုင်လျှင် မနိုင်မှာ ပူပန် ရခြင်း ကင်းကာ ရင်ပူ သက်သာ သည်က သေချာ လှပါသည်။ ပြိုင်လို့ နိုင်သည့် အတွက်ရော အမှန်တကယ် ဂုဏ်ယူ ၀မ်းသာ ပျော်ရွှင် နိုင် မည်လော။ မည်မျှ စိတ်အေး ချမ်းသာ သွားပါ မည်နည်း။ ရှုံးသူကို ကိုယ်ချင်းစာ မိလျှင်ရော စိတ်ကောင်း နိုင်ပါ မည်လား။ မတူသော အခြေအနေတွင် ကိုယ်အသာစီး ရသည်ကို ကျေနပ် နိုင်ပါမည် လား။ သည်လို နိုင်မှုကရော တရားမျှတမှု ရှိပါ မည်လား။

ကျွန်မတို့တွေဟာ သူငယ်ချင်း အချင်းချင်း နောက်ပြောင် ရတာကို အလွန် နှစ်သက် ပါတယ်။ ရင်းနှီး ခင်မင်လွန်း သူများ အချင်းချင်းသာ နောက်ပြောင် ရဲတာလည်း ဖြစ်ပါတယ်။ ထို့ကြောင့် စိတ်တိုင်းကျ စနောက်လို့ ရသော သူငယ်ချင်း များကိုလည်း အထူး တန်ဖိုးထား ပါသည်။ အချင်းချင်း မရိုသေ မလေးစားလို့ စနောက်တာ လို့ထင်ရင် အလွန် မှားပါမည်။ အချင်းချင်း ကြားတွင် ဆံပင်ဆွဲ၊ နားရွက် ဆွဲသည် အထိ စနောက် တာက သပ်သပ်၊ လူရှေ့ သူရှေ့တွင် ခါးညွတ် အရိုအသေ ပေးသည် အထိ အချင်းချင်း လေးလေး စားစား ဆက်ဆံတာက သပ်သပ် ဖြစ်လေသည်။ အထက်တန်း ကျောင်းမှာ ကတည်းက အစအနောက် သန်လှတဲ့ ကျွန်မ တို့ဟာ သူငယ်ချင်း များရဲ့ နောက် ကျောမှာ "ရောင်းရန် ရှိသည်" "အရူး" အစချီကာ စုံနေသော စာများ ရေးကပ်ခြင်း၊ ကျောင်းခန်း ပေါက်ဝမှာ "မောင်၊မ--- အလို ရှိသည်၊ ဆုငွေ ၅ပြား" စသည်ဖြင့် နောက်ပြောင် ခဲ့ကြ သည်မှာ တက္ကသိုလ် ရောက်တော့လည်း သည်အတိုင်းပင်။ သို့သော် တစ်ယောက်ကို တစ်ယောက် နစ်နာ စေသော စနောက်ခြင်း မျိုးတော့ ဘယ်တော့မှ မလုပ် ပါချေ။ ဥပမာ အမေ ဆေးရုံ တက်နေ ရလို့ ချက်ချင်း လိုက်ခဲ့ပါ ဆိုသော စနောက် ခြင်းမျိုး၊ သူတပါး သမီး ရည်းစား ကြားမှာ ၀င်ကျပ် ခြင်းမျိုးကို ယောင်လို့မှ မလုပ်ကြတာ ကျွန်မတို့ သူငယ်ချင်း များရဲ့ တင်းကျပ်တဲ့ စည်းတစ်ချက် ဖြစ်ပါသည်။ သို့သော် လူကြီး ဖြစ်လာ သောကြောင့် အချင်းချင်း နောက်ပြောင်မှု လျော့မည် ထင်က မှားပါမည်။ ပိုးဟပ် မုန်းသူ အတွက် မွေးနေ့ ကိတ်ကို ပိုးဟပ်ပုံ ချောကလက် ကိတ်မုန့်ကို အထူး မှာယူ လက်ဆောင် ပေးခြင်းမှ အစ ပြုကာ ပေါက်ကရ အီးမေးလ် ပို့ခြင်း အဆုံး အကုန် လုပ်ပါဧ။်။ အစခံရ သူမှလည်း စသူကို ပျစ်ပျစ်နှစ်နှစ် ဆဲရေးကာ ခဏ စိတ်ကောက်ခွင့် ရှိပါဧ။် သို့သော် ဘယ်သူ့ ကိုမှ ဘယ်သူ ကမှ ဗွေမယူ ကြပါချေ။ ပြန်တွေး မိတိုင်းလည်း ပြုံးစိစိ ဖြစ်ရ ပါသည်။ အချင်းချင်း ညဏ်စမ်း မေးခွန်းများ မေးခြင်း၊ psycho စမ်းသပ်သော မေးခွန်းများ မေးခြင်းနှင့် မျက်စိ ရှင်မှုကို ပြိုင်ဆိုင် ခြင်းများ ပြုလုပ်ကာ အချင်းချင်း အားမနာတမ်း နှိပ်ကွပ်ကြ ပါသေးသည်။

တစ်ရက် မှာတော့ သူငယ်ချင်း တစ်ယောက် ပို့လိုက်သော အီးမေးလ် တစ်ခုကို ဖွင့်ကြည့်ရာ ချွတ်စွပ် တူသော ရှုခင်းပုံ နှစ်ခုကို ယှဉ်ပြ ထားပြီး မတူ ညီမှုကို တွေ့အောင် ရှာကာ စာပြန်ရန် ရေးထား ပါသည်။ ထို့ကြောင့် ကျွန်မလည်း သေသေချာချာ အာရုံ စူးစိုက်ပြီး စစ်စစ် ပေါက်ပေါက် နှိုင်းယှဉ် ကြည့်ရှု နေစဉ် နှစ်မိနစ်ခန့် အကြာတွင် ရှုခင်းပုံ နှစ်ပုံ ရုတ်တရက် ပျောက်ကွယ် သွားပြီး ဆိုးရွား ကြောက်မက်ဖွယ် ကောင်းသော အော်ဟစ် ရယ်မောသံ ကြီးနှင့် အတူ ရုပ်ဆိုး လှသော သရဲ တစ္ဆေ ပုံကြီး ပေါ်လာရာ ကျွန်မမှာ နှလုံးခုန် ရပ်မတတ် လွန်မင်းစွာ ကြောက်လန့် မိသွား ပါတော့သည်။ တော်တော် ဆိုးသော ကွန်ပြူတာ ကျွမ်းကျင်တဲ့ သူငယ်ချင်း ပါပေ။ နှလုံး ရောဂါ ရှိသူ သာဆို လျှင် ဆေးရုံ ရောက်လောက် ပါသည်။ သူကလည်း ကျွန်မမှာ နှလုံး ရောဂါ မရှိမှန်း သိလို့သာ ပို့ခြင်း ဖြစ်ပါသည်။ သည်ပုံမှာ အာရုံ စူးစိုက်မှု အကောင်းဆုံး အချိန် လောက်ကို မှန်းကာ သည်လို သရဲ တစ္ဆေ ပုံနှင့် အသံ ထွက်အောင် ပရိုဂရမ် ရေးထည့် ဖန်တီး စီစဉ် ထားခြင်း ဖြစ်ပါသည်။ တော်တော် ကြာအောင် နားရင်း သတိနှင့် အသက် မှန်မှန် ပြန်ရှုရင်း ဆို့နေသော ရင်ကို ငြိမ်အောင် အရင် ကြိုးစား ပြီးမှ ကွန်ပြူတာကို ပိတ်လိုက် ရပါသည်။ သို့သော် ခေါင်းထဲ တွင်တော့ အတွေး တစ်ချက် လင်းခနဲ ပြိုးပြက် သွားပါသည်။

လူများသည် အလွန် နှိုင်းယှဉ် ချင်ကြ ပါသည်။ ဈေးဝယ်လျှင် ပစ္စည်း များကို အရင် နှိုင်းယှဉ် ပြီးမှ ရွေးချယ် ၀ယ်ယူ ကြသည်မှာ လူတိုင်း လိုလိုပင်။ တစ်ချို့ မိန်းကလေးများ အိမ်ထောင်ဘက် အရွေးလွန်လို့အပျိုကြီး ဖြစ်ကြသည်။ တချို့ သူငယ်ချင်းများ အချင်းချင်း နှိုင်းယှဉ် ပြိုင်ဆိုင် ကြရင်း တသက်တာ မျက်နှာချင်း ဆိုင်မရ နိုင်လောက် အောင် မုန်းတီးသော ရန်သူများ ဖြစ်သွား ကြသည်။ တကယ်တော့ ကိုယ်နှင့် သူများ ပြိုင်ဆိုင် ခြင်းသည် စဉ်းစား ကြည့်လျှင် သည်အီးမေးလ် ထဲက ပုံလိုသာ ဖြစ်လေသည်။ သူ့ဟာသူ ရှိနေသော အရာ နှစ်ခုကို သွားရောက် နှိုင်းယှဉ်ရင်း ထွက် လာသော အကျိုးအမြတ် ကတော့ ကြောက်မက်ဖွယ် ကောင်းလှ ပါသည်။ သူငယ်ချင်း အချင်းချင်း သူငယ်ချင်းလို ပေါင်းနေလျက် အကောင်းသားကို သွားရောက် နှိုင်းယှဉ် မိတော့ ကိုယ်ကိုယ်တိုင် ကဖန်တီး ယူသော ရန်သူ တိုးပွား ခြင်း အကျိုးသာ ကြောက်မက်ဖွယ် ရလာဒ် အဖြစ် ထွက်လာ ပါတော့သည်။ နှိုင်းယှဉ်လို့ အနိုင်ရ ခြင်းထက် တကယ့်ကို ပိုမို တန်ဖိုး ကြီးကာ အရေးပါသော အချက်မှာ အတွဲ ညီသော သူငယ်ချင်း ကောင်းတစ်ယောက် ဆုံးရှုံး ခြင်းနှင့် လက်ရည်တူ ရန်သူ တစ်ယောက် တိုးပွား လာခြင်း တည်းဟူသော ကြောက်မက်ဖွယ် ရလာဒ် ဖြစ်ပါသည်။ သည်အတွေးကို သည် အစအနောက် သန်သော သူငယ်ချင်းဧ။် အီးမေးလ် ထဲက ရလိုက်ပါသည်။ လူလူချင်း နှိုင်းယှဉ် ရာ တွင် သံသရာကို ယုံကြည် သူများ အတွက် စဉ်းစား ကြည့်လျှင် လူတစ်ဦးနှင့် တစ်ဦး ကျင်လည်ရာ ဘ၀၊ ၀ါသနာ၊ အထုံနှင့် ပတ်သက်ရာ ကုသိုလ်၊ အကုသိုလ် စသည်တို့ ဘယ်လိုမှ မတူ သဖြင့် ဘ၀ အကျိုးပေး ခြင်းလည်း လုံးဝ မတူနိုင် ပါချေ။ ထိုမတူသော သဘာဝ နှစ်ခုကို နှိုင်းယှဉ် ရန်ပင် မလိုပါ။ သံသရာကို မယုံသူ များအတွက် ဥပမာ ပေးရလျှင် မိသား တစ်စု တည်းမှ မောင်နှမ ရင်းများ ပင်လျှင် အိမ်တွင် မိသားစု တစ်စု တည်းမှ လူကြီး မိဘ များဧ။် အတွေး အခေါ် အယူအဆ များကို အတူတူ ရသော်လည်း စာသင်ကျောင်းတွင် သင်ကြား ရသော ဆရာ၊ ဆရာမများ၊ အတန်းဖော် သူငယ်ချင်း များထံမှ ရရှိ နိုင်သော အသိအမြင်၊ ဗဟုသုတနှင့် ပတ်ဝန်းကျင်ပေါ် အမြင်၊ ထိုမှတဆင့် ရရှိ လာသည့် အတွေးအခေါ်တို့ မည်သို့မျှ မတူ နိုင်ဘဲ ရှိလေရာ ထိုအပေါ် မူတည်ပြီး ကြိုးစား အားထုတ်မှု နှင့် ရရှိ လာမည့် အကျိုး ရလာဒ် တို့သည် မည်သို့မျှ နှိုင်းယှဉ် မရနိုင် ပါချေ။ ထိုသို့ မတူသော အရာများ အချင်းချင်း နှိုင်းယှဉ် လို့ကော မည်သည့် အကျိုး ရလာဒ် ရရှိနိုင် ပါမည်နည်း။ ပိုပိုပြီး ကြိုးစား နိုင်ရန် နှိုင်းယှဉ် ရပါသည်ဟု ဆိုလျှင်ကား သူတပါးဧ။် ပါးစပ်တွင် လမ်းဆုံး သူဟု သတ်မှတ် ရပါမည်။ ပြိုင်စရာ၊ နှိုင်းယှဉ် စရာ လူရှိမှ ကြိုးစား မည်လော။ တကယ် ကြိုးစားသူ စစ်စစ်သည် မည် သူက ဘာဖြစ် နေနေ မည်သည့် အရာ ကိုမှ နှိုင်းယှဉ်ရန် မကြိုးစား၊ ကိုယ့်အလုပ် ကိုသာ ကိုယ် လုပ်ပါဧ။်။ ကိုယ့်လိုအပ်ချက် ကိုသာ ဖြည့်ဆည်း ပါဧ။်။ သစ်သားချင်း နှိုင်းယှဉ်လျှင် ကျွန်းကျွန်းချင်း၊ ပိတောက် ပိတောက် ချင်းပင် စိုက်သည့် နှစ်နှင့် ရာသီဥတု၊ ရေမြေပေါ် မူတည်ပြီး အရည်အသွေး ကွဲပြားနိုင် သေးရာ ကျွန်းနှင့် ပိတောက်လို မတူသော သစ်ချင်းကို ပြိုင်လို့ပင် မရပါချေ။ ကျွန်းသည် ဂုဏ်သတ္တိ အရ ခြမကိုက်နိုင်၊ ရေမှာ မဆွေးနိုင် သောကြောင့် လှေသင်္ဘော ဆောက်ရန် ကောင်းသော်လည်း မမာ လှသော ကြောင့် အိမ်ကြမ်းခင်း လုပ်ရန် မကောင်းလှ။ လေးလံ လှသော ဗီရိုကို ကျွန်းကြမ်းခင်း ပေါ်တင်လျှင် အရာ ထင်ပါဧ။်။ ပိတောက်သားသည် ကျွန်းကဲ့သို့လှေမဆောက်နိုင်၊ ခြမနိုင် သော်လည်း မာလှ သောကြောင့် ပရိဘောဂ လုပ်ရန် ကောင်းပါဧ။် အရေးကြီး သည်မှာ ပြိုင်ရန် မဟုတ်၊ သူ့နေရာ နှင့်သူ အဆင်ပြေပြေ အသုံးချကာ ညီညီညွတ်ညွတ် သုံး တတ် ဖို့သာ ဖြစ်ပါသည်။

ထို့အတူ လူတိုင်းတွင် အားနည်းချက် များနှင့် အားသာ ချက်များ ကိုယ်စီ ကိုယ်စီ ရှိကြ လေရာ ကိုယ့် အားနည်းချက် အတွက်လည်း ၀မ်းနည်း စရာ မလို သလို၊ သူတပါး အားနည်းချက် ကိုလည်း ထောက်ပြ နှိမ့်ချရန် မလိုပါ။ သူတပါး အားသာချက် ကိုလည်း အားကျရန် မလိုသလို ကိုယ့်အားသာချက် ကိုလည်း ဘ၀င် မြင့်စရာ မရှိပါချေ။ ကမ္ဘာ ကျော် သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်းဧ။် Relativity Theory သည် ကမ္ဘာကို တော်တော် တုန်လှုပ်အောင် စွမ်းဆောင် နိုင်ခဲ့သည်။ နှိုင်းရ သဘော ကြောင့်သာ ချမ်းသာ ဆင်းရဲ ဖြစ်ရသည်ဟု သူ့သီအိုရီက အကြမ်းဖျင်း ဆိုခဲ့ရာ ထိုသဘော တရားကို လေ့လာ လိုက်စား သူများ အယူလို သောကြောင့် နှိုင်းယှဉ်မှု ကြောင့်သာ ကုသိုလ်၊ အကုသိုလ် ကွဲပြား နေခြင်း ဖြစ်သည်ဟု တချို့က ဆက်လက် စဉ်းစားရင်း ဘာသာမဲ့များ ဖြစ်ကုန် ကြသည်။ ထိုသို့ ဆိုလျှင် သည်သီအိုရီကို တဆင့်တက် စဉ်းစား ကြည့်လျှင် နှိုင်းယှဉ်မှု မရှိ လျှင်ရော၊ နှိုင်းယှဉ်ခြင်း မရှိတော့ ပါမူ ဆင်းရဲ ချမ်းသာ ဆိုသမျှ ဘာဆို ဘာမှ မရှိတော့ဘဲ သန္တိသုခ အငြိမ်းဓာတ်ကို ရရှိပါ လိမ့်မည်။ ဗုဒ္မ္ဓ မြတ်စွာ ဘုရားဧ။် ၀ိပဿနာ ရှုနည်းတွင် အရာ အားလုံးကို သူ့သဘော သူဆောင် နေခြင်း မျှသာဟု နားလည် ပါက နှိုင်းယှဉ် ခံစားမှု ကင်းပြတ်ကာ ပဋိစ္စ သမုပ္ပတ် ပြတ်ပါ သည်။ နှိုင်းယှဉ် ခံစားမှုကြောင့် နှစ်သက်မှု တဏှာ ပေါ်ပါသည်။ နှစ်သက်မှု ကြောင့် ရယူခံစား ပိုင်ဆိုင်လိုမှု ပေါ်သည်။ ထိုစိတ်ကြောင့် ပြုလုပ်သည်။ ပြုလုပ် မှုကြောင့် ဖြစ်သည်။ ဖြစ်မှုကြောင့် ပျက်သည်။ ပျက်မှုကြောင့် အသစ်တဖန် ပြန်စမှု ဖြစ်သည်။ သည်လို ဖြစ်ပျက် နေစဉ် ဖြစ်ပေါ်သော ကုသိုလ်စိတ်၊ အကုသိုလ် စိတ်တို့ကြောင့် ဘ၀ သံသရာသည် သွက်သွက် ခါအောင် လည်ပတ် နေသည်။ အရှိကို အရှိအတိုင်း ရှိကာမတ္တ မျှသဘောထား ပါက နှိုင်းယှဉ်မှု ပျောက်ကာ လိုချင်စိတ်၊ မလိုချင်စိတ် ကင်းပြတ်ကာ နောက်ဆက်တွဲ ဖြစ်ရပ်များ ပေါ်ပေါက်ခွင့် မရတော့ဘဲ ပဋိစ္စသမုပ္ပတ် ပြတ်သဖြင့် သံသရာ ရပ်ပါသည်။ ထို့နောက် ဒုက္ခခပ်သိမ်း ကင်းငြိမ်း ရာမှန် မြတ်နိဗ္ဗာန်ကို ဧကန် မျက်မှောက် ပြုနိုင် ပါသည်ဟု အတိအလင်း မိန့်ဆို ထားပါသည်။ လက်တွေ့ အနည်းငယ် ကျင့်သုံး ကြည့်လျှင်ကား မနှိုင်းယှဉ် မပြိုင်ဆိုင်လျှင် မနိုင်မှာ ပူပန် ရခြင်း ကင်းကာ ရင်ပူ သက်သာ သည်က သေချာ လှပါသည်။ ပြိုင်လို့ နိုင်သည့် အတွက်ရော အမှန်တကယ် ဂုဏ်ယူ ၀မ်းသာ ပျော်ရွှင် နိုင် မည်လော။ မည်မျှ စိတ်အေး ချမ်းသာ သွားပါ မည်နည်း။ ရှုံးသူကို ကိုယ်ချင်းစာ မိလျှင်ရော စိတ်ကောင်း နိုင်ပါ မည်လား။ မတူသော အခြေအနေတွင် ကိုယ်အသာစီး ရသည်ကို ကျေနပ် နိုင်ပါမည် လား။ သည်လို နိုင်မှုကရော တရားမျှတမှု ရှိပါ မည်လား။ တွေးတော ရသည်မှာ စိတ်ရှုပ် စရာသာ ကောင်းလှသည်။ မနှိုင်းယှဉ်ခြင်းနှင့် အရှိကို အရှိအတိုင်း ထားလိုက်ကာ အဆင်ပြေပြေ လိုက်လျော ညီထွေ ဖြစ်အောင် ကြိုးစားခြင်း ကသာ အကောင်းဆုံး ဖြစ်သည်ဟု စဉ်းစား တွေးတော ဆုံးဖြတ်ရင်း အေးငြိမ်းမှု သန္တိသုခ ရသကို ခံစား နိုင်ရန် ဘုရားစင် ရှေ့သို့သာ ထွက်ခဲ့မိ ပါတော့သည်။

No comments: