ချစ်မိစဉ်ကလို ဆက်ချစ်မယ်
မင်းကို စချစ် မိစဉ်က
မင်းဘယ်သူလဲ၊ ဘယ်လိုလူစားလဲ
အရည်အချင်း ရှိလား မရှိလား
ကိုယ်ကျင့်တရား ကောင်းလား ဆိုးလား
သက်ဆိုင်သူ ရှိလား မရှိလား
..လား ..လား
ကိုယ်ဘာဆို ဘာမှ မသိခဲ့ ရသေးဘူးကွယ်..
ဒီလို အခြေအနေမှာ ချစ်မိခဲ့ … မင်းရဲ့ ရုပ်ကို မဟုတ်ဘူး
မင်းရဲ့ အရည်အချင်းကို မဟုတ်ဘူး … မင်းရဲ့ ဘာကိုမှ မဟုတ်ဘူး
ဆက်ချစ်ပါ့မယ် အချစ်သက်သက်နဲ့ အတူ…
ပိုင်ဆိုင်ခွင့် ရရ၊ မရရ ငါကတော့နေတတ်ပါတယ်
မင်းငါ့လို ပြန်မချစ်လဲ ငါကတော့ ဆက်ချစ်မယ်
မင်းဆက်မချစ်လဲ ငါကတော့ ဆက်ချစ်မယ်
မင်းရှိသေးသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေပေါ့
မင်းကိုချစ်တဲ့အချစ်က ချစ်ရရုံလေး လွမ်းရရုံလေးလဲ
ခါးသီးတယ်လို့ မမြင်ဘဲ
ငါ့အတွက်ကတော့ ချစ်ပျော် လွမ်းပျော်ပါတယ်…
ပြန်ချစ်ပါလို့ မတောင်းဆိုဘူး ချစ်သူ
လိုက်လျောရဖို့ အခက်တွေ့နေမှာစိုးလို့ပါ…
ချစ်တယ်လို့ မပြောနေချင်ဘူး ချစ်သူ
အချစ်စစ်ဆိုတာ ပြောမှသိတာ မဟုတ်လို့ပါ…
ပေးဆပ်ခွင့်ကိုလည်း မတောင်းဆိုချင်ဘူး ချစ်သူ
မင်းငြင်းဆန်ဖို့ အားနာနေရမှာ စိုးလို့ပါ…
အမြဲလိုက်ပြီး ဖြည့်ဆည်းပေးမနေချင်ဘူးချစ်သူ
မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ထုတ်သုံးခွင့်ကို မပိတ်ချင်လို့ပါ…
မင်းရဲ့ ဘေးမှာ အမြဲလိုက်ကပ် မနေဘူးချစ်သူ
မင်း အနေရ ကျဉ်းကြပ်မှာ စိုးလို့ပါ…
ခပ်လှမ်းလှမ်းကနေ အရိပ်တကြည့်ကြည့်
အချစ်သက်သက်နဲ့ သန့်သန့်လေး ချစ်တယ်…
3 comments:
ဒီကဗျာလေးလဲ ကြိုက်တယ် အချစ်သက်သက်နဲ့ ချစ်ခဲ့တဲ့ အခါ ဘာဆို ဘာမှ မသိခဲ့မိပါဘူးလေ
Hi there, please let me get screen shot of ur poem.
Thanks.
ကဗျာလေးက အရမ်းအဓိပ္ပာယ်ရှိတယ်အစ်မရေ။ ကောင်းတယ်။
Post a Comment