Tuesday, August 28, 2007

စည်းခြားချစ်သူ

ကိုယ်ကျင့်တရားနဲ့ ချစ်ခြင်းကြားမှာ
စည်းခြားနေစရာ မလိုပါဘူး
စကတည်းက သပ်သပ်စီပဲမို့။

လူ့ကျင့်ဝတ်ကို မဖောက်ဖျက်
စည်းဝိုင်းများကို မကျော်ဖြတ်ဘဲ
ချစ်သူကိုချစ်ခွင့်
သန့်သန့်လေးရှိသင့်ပါတယ်။


ပတ်သက်လိုမှု စိတ်ရိုင်းကို
အသိတရား ချွန်းနဲ့အုပ်
သတိကို နာနာကိုင်စွဲပေါ့။

ဒီလိုပါပဲ ချစ်သူရယ်
နှလုံးသားနဲ့ ဦးဏှောက်
သူ့အလုပ်ကို သူလုပ်ကြတဲ့ပွဲမှာ
၂ဖက်လုံးက တာဝန်ကျေခွင့် ရှိပါတယ်။

2 comments:

MELODYMAUNG said...

ကဗျာလေးက ကောင်းတယ် ဒါပေသိ သိတတ်တဲ့ ဦးဏှောက်နဲ့ ရစ်ပတ်နေတဲ့ သံယောဇဉ်နှောင်ကြိုးနဲ့ ကြားမှာ အဖြူရောင်စည်းလေးခြားထားတယ်လေ ချစ်ခွင့်သန့်သန့်လေးရှိသင့် တယ်ဆိုပေသိ စည်းမကျော်ဖို့ အဝေးကနေပဲ ခပ်စိမ်းစိမ်းနေရင်ကောင်းမလားလို့ အဟီး စဉ်းစားကြည့်တာပါ

ခွန်မြလှိုင် said...

သံယောဇဉ်နှောင်ကြိုးကို ဘယ်မှာမှ မချည်ဘဲ သူ့အတိုင်း အခွေလိုက်လေး ထားရင်ရော အဟီး တွေးကြည့်မိတာပါ